Open Space Lovers(Part-1 of 3)

in #life7 years ago

image

Open Space Lovers(Part-1)
မြေကွက်လပ် မက်တတ်သူများ
🌻🌻🌻🌻🌻🌻🌻🌻🌻

image

image

People who love open space are called open space loverd. British people love open space. It may be because they have small island to share among three nationalities. Their population density is quite high, yet they manage to create large open space in each town, usually near or in front of mayor's office. The open space in the downtown is meant for open air public functions. They are convenient for fun fares, trade fares, political meetings and speeches during election campaigns, and also for demonstration by disgruntled section of the population.
မြေကွက်လပ် မက်တတ်သူများဆိုတာ မြေလွတ်၊ မြေလပ်၊ မြေကွက်ကို ခင်တွယ်မြတ်နိုး တန်ဖိုးထားသူများကို ခေါ်တာဖြစ်ပါတယ်။ ဗြိတိသျှတို့ဟာ မြေလွတ် မြေကွက်လပ်ကို မက်မောစုံမက်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့က ကျွန်းပေါက်စကလေးကို လူမျိုးသုံးမျိုး မျှတနေထိုင်ကြရတာကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ လူဦးရေကလည်း တော်တော်ထူထပ်တယ်လေ။ ဒါပေမဲ့ သူတို့မြို့တွေရဲ့ လူစည်ကားရာ မြို့တော်ဝန်ရုံးရှေ့မှာဖြစ်ဖြစ်၊ အနီးအနားမှာဖြစ်ဖြစ်၊ မြေလွတ်ကွက်လပ်ကျယ်ကြီးတွေ ကြံဆဖော်ဆောင်ထားတတ်ကြပါတယ်။ မြို့လယ်၊ လူစည်ကားရာ အဲဒီလို ကွက်လပ်တွေထားတဲ့ ရည်ရွယ်ချက်က အများပြည်သူတွေရဲ့ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေ ကျင်းပဖို့နဲ့၊ ပျော်ပွဲရွှင်ပွဲ၊ ကုန်စည်ပြပွဲ၊ နိုင်ငံရေး၊ တရားပွဲ၊ ရွေးကောက်ပွဲ၊ မဲဆွယ်ဟောပြောပွဲတွေ၊ မကျေနပ်စရာရှိတဲ့ လူတွေအဖွဲ့အစည်းတွေက ဆန္ဒပြဖော်ထုတ်ပွဲတွေ ကျင်းပဖို့လည်း အဆင်ပြေလှပါတယ်။

image

image

image

When the British occupied our country, they organized the country into seven Division; each division was divided into four to eight districts. Each district was subdivided into townships. At the head of the township was Township Officer (TO) assisted by branch clerk (BC), Upper division clerks (UDC), Lower division clerks (LDC), peons, potdars, cashiers, excise police etc.
ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်တဲ့ (၁၈၈၅) ခုနှစ် အချိန်ကစပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးကို တိုင်းကြီးခုနှစ်တိုင်းဖွဲ့လိုက်ပါတယ်။ တိုင်းတစ်တိုင်းကို ခရိုင် (၄)ခုက (၈)ခု အထိ စီရင်စုအလိုက် ပိုင်းခြားလိုက်ပါတယ်။ တစ်ခါ ခရိုင်တွေကိုလည်း အုပ်ချုပ်ရေးလွယ်ကူအောင် မြို့နယ်တွေ ဖွဲ့လိုက်ပါတယ်။ မြို့နယ်တစ်ခုကို အုပ်ချုပ်ဖို့ မြို့ပိုင်တွေနဲ့ မြို့ပိုင်ကို ပံ့ပိုးကူညီဖို့ ဌာနခွဲစာရေးကြီး၊ အထက်တန်းစာရေး၊ အောက်တန်းစာရေး၊ ရုံးလုလင်၊ ငွေကိုင်၊ ငွေရေသူ၊ ငွေစက္ကူချုပ်သူ၊ ယစ်မျိုးပုလိပ်၊ ရှေ့ပတ်စာရေး စတဲ့ ဝန်ထမ်းတွေ ခန့်ထားပေးပါတယ်။

To be continued...
ဆက်ရန်...

(Special thanks to U Than Pe - Tour Guide)
(Photo copied from google)

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65248.25
ETH 3471.40
USDT 1.00
SBD 2.51