အုန်းရည်ချိုချိုလေးsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

အုန်းရည်ချိုချိုလေး
❇❇❇❇❇❇❇❇

8183044_f520.jpg
Credit to google image

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က လူငယ်ကျောင်းသားလေးတစ်ယောက် ရန်ကုန်မြို့တော်ကြီးဆီကို အလည်အပတ် ရောက်ရှိလာခဲ့ပါသည်။ နယ်မြို့ငယ်လေးတစ်ခုက လူငယ်လေးဟာ ရန်ကုန်ဆိုတဲ့ မြို့တော်ကြီးကို ယခုမှ ပထမဆုံး ရောက်ဖူးတာဖြစ်ပါသည်။ ထိုအချိန်က ရန်ကုန်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ပါသည်။ ဦးလေးဖြစ်သူနှင့် အတူရောက်ရှိလာခဲ့တာ ဖြစ်ပါသည်။ အမျိုးတွေအိမ်မှာ တည်းခိုရင်း လူငယ်လေးကို နေရာအနှံ့ ဦးလေးဖြစ်သူက လိုက်လံပို့ဆောင်ပေးပါသည်။

Magnificent-Shwedagon-Pagoda.jpg
Credit to google image

ရွှေတိဂုံဘုရား အပါအဝင် ဘုရားစေတီတွေ ဖူးမျှော်ကြပြီး ကုသိုလ်ယူကြသည်။ ပြတိုက်တွေ၊ တိရစ္ဆာန်ဥယျာဉ်တွေသွားပြီး ဗဟုသုတတွေ ရှာဖွေကြသည်။ ပန်းခြံတွေ၊ ကစားကွင်းတွေသွားပြီး စိတ်အပန်းဖြေ အနားယူကြသည်။ စားသောက်ဆိုင်တွေသွားပြီး အရသာမျိုးစုံ မြည်းစမ်းကြည့်ကြသည်။ စာအုပ်ဆိုင်တွေ၊ စာအုပ်တိုက်တွေသွားပြီး လိုအပ်သည့်စာအုပ်များ ဝယ်ယူကြသည်။ ဈေးမျိုးစုံသွားပြီး လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။ လူငယ်လေးကတော့ မရောက်ဘူးတဲ့ အရပ်ဒေသကိုရောက်ပြီး၊ မမြင်ဘူးတဲ့ အရာတွေ၊ မစားဘူးတဲ့ အစားအစာတွေ၊ အရာအားလုံးဟာ သူ့အတွက်တော့ အသစ်အဆန်းတွေ ဖြစ်နေခဲ့ပါသည်။

ဒီလိုနဲ့ပဲ ကိုယ့်အရပ်ဒေသကို ပြန်မည့်ရက်ကို ရောက်ရှိလာပါသည်။ တူဝရီးနှစ်ယောက် ရထားနှင့် ပြန်ကြမှာပါ။ ရထားလက်မှတ်ဖြတ်ပြီး ပြန်ဖို့အတွက် ပြင်ဆင်ကြပါသည်။ ဆွေမျိုးတွေကို နှုတ်ဆက်ကြ၊ အပြန်သယ်သွားရမည့် ပစ္စည်းတွေကို ပြင်ဆင်ကြ အလုပ်များနေကြပါသည်။ လူငယ်လေးအတွက်လည်း ကိုယ့်ဒေသကို ပြန်ရတော့မည်ဆိုတော့ ပျော်ရွှင်နေပါသည်။ ဆွေမျိုးတွေကို နှုတ်ဆက်ကန်တော့ပြီး ဦးလေးနှင့်အတူ ဘူတာကြီးဆီသို့ နှစ်ယောက်သား ထွက်ခွာသွားပါတော့သည်။

ဘူတာကြီးကိုရောက်ပါပြီ။ ရထားတွဲနံပါတ်ရှာပြီး ကိုယ်စီးနင်းလိုက်ပါရမည့်တွဲပေါ် တက်၍ ပါလာသည့် ပစ္စည်းများ နေရာချထားကြသည်။ အပြန်လက်ဆောင်ပစ္စည်းများကလည်း အတန်ငယ်များသဖြင့် အပေါ်တန်းပေါ် တင်သင့်တာတင်၊ ထိုင်ခုံအောက် ထိုးသင့်တာထိုး စသည်ဖြင့် နေရာချထားကြသည်။ ထူးခြားမှုတစ်ခုအနေဖြင့် လူငယ်လေးတို့နှင့် မျက်နှာချင်းဆိုင်ခုံမှ ကုန်သည်တစ်ဦးမှာ လက်ဆောင်ပစ္စည်းအနေဖြင့် ပါလာသော အုန်းသီးဆယ်လုံးလောက် ထည့်ထားသော ဂုန်နီအိတ်ကြီးတစ်လုံးကို ထိုင်ခုံတန်းနှစ်ခုကြား ချထားခြင်းဖြစ်သည်။ အခွံချွတ်များဟုလည်း ပြောသံကြားရသည်။ လက်ဆောင်ပစ္စည်းမို့ သယ်လာရသည်၊ မသယ်ချင်ဟုလည်း ပြောဆိုနေသည်။ ၎င်းနှင့် ကပ်လျက်ခုံတွင် ဦးဇင်းတစ်ပါး လိုက်ပါစီးနင်းလာပါသည်။ မန္တလေးကျောင်းတိုက်တစ်ခုမှ ကိုယ်တော်တစ်ပါးဟု သိရသည်။

train railway yangon bogyoke_0.jpg
Credit to google image

လူငယ်လေးတို့တူဝရီး စီးနင်းလိုက်ပါလာသည့် ရထားမှာ ညရထားဖြစ်ပါသည်။ ရထားထွက်လာချိန် အစပိုင်းတွင် လူငယ်လေးမှာ ပတ်ဝန်းကျင်ညရှု့ခင်းများကို ငေးမောလိုက်ပါလာခဲ့သော်လည်း တဖြည်းဖြည်းနှင့် မျက်လုံးများစင်းကာ အိပ်ပျော်သွားခဲ့သည်။ ဦးလေးဖြစ်သူမှာမူ မျက်နှာချင်းဆိုင် ခုံတန်းမှ ဦးဇင်း၊ ကုန်သည်တို့ဖြင့် စကားလက်ဆုံကျနေကြသည်။ လူငယ်လေးမှာတော့ စကားသံတွေ ကြားတစ်ချက်၊ မကြားတစ်ချက်ဖြင့် နောက်ဆုံးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။ ရထားပေါ်တွင်လည်း အခြားခရီးသည်များ၏ စကားသံများသည်လည်း တဖြည်းဖြည်း နည်းပါးလာပြီး နောက်ဆုံးတွင် ဦးလေးဖြစ်သူတို့ စကားဝိုင်းသာလျှင် စကားကောင်းနေကြသည်။

အချိန်မှာ ခန့်မှန်းချိန် ည နှစ်နာရီလောက် ရှိမည်ထင်ပါသည်။ အခြားခရီးသည်များ အိပ်မောကျနေသော်လည်း ဦးလေးတို့ စကားဝိုင်းမှာ အရှိန်ကောင်းနေဆဲပင် ဖြစ်သည်။ သုံးဦးစလုံးမှာ စကားပြောကောင်းသူများ ဖြစ်ကြသဖြင့် မည်သူမျှ မအိပ်ကြသေး။ အတွေ့အကြုံများ၊ ဗဟုသုတများ ပြောမဆုံးအောင် ဖြစ်နေကြသည်။ တစ်ယောက်တစ်လှည့် ပြောဆိုနေသည့်ပုံစံမျိုးဖြစ်သည်။ ယနေ့ညအတွက် မည်သူမျှ အိပ်မည့်ပုံမပေါ်။ ဦးလေး၏ဘေးတွင် လူငယ်လေးမှာတော့ ထိုစကားသံများကို လုံးဝမကြားဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။ တစ်ခါတစ်ရံ လူငယ်လေးဆီမှ ဟောက်သံအချို့နှင့် သွားကြိတ်သံအချို့ ထွက်ပေါ်လာသည်။ သူ ပင်ပန်းလွန်း၍ နေရှာလိမ့်မည်။

ထိုအချိန်တွင် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုဖြစ်စဉ်ကို စတင်သတိထားမိသူမှာ ကုန်သည်လူကြီး ဖြစ်သည်။ ရထားတွဲပေါ်မှ မီးရောင်မှိန်မှိန်တွင်ပင် ထိုထူးခြားမှု အနေအထားကို အရင်ဆုံး စ,တင် သတိထားမိလိုက်သည်။ ကုန်သည်ဆိုတော့ မျက်စိအကြည့်လည်း လျင်ပေသည်။ သို့ဖြင့် ပြောလက်စ စကားဖြတ်၍ ဦးလေးတို့နှစ်ယောက်ကို ထိုအကြောင်း အသိပေးလိုက်သည်။ ထိုအခါမှ ဦးလေးဖြစ်သူနှင့် ဦးဇင်းတို့မှာ ထိုထူးခြားမှုကို သတိထားမိကြသည်။

ဘာထူးခြားမှု ဖြစ်လာပါသလဲ။

ဆက်လက်ရေးသားပါဦးမည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

ထိုစဉ် မိီးပြတ်သွားသည်

ဖျောင်းတိုင်ချိတယ်

ထူခြားတာကိုပို၍စိတ်ဝင်စားနေလျက်

ဖတ်​လို့​ကောင်း​နေတုန်း.....
ဘာထူးခြားလဲဆိုတာသိချင်​​နေပါသည်​။

ဟုတ်ကဲ့ လာပါ့မယ်ခင်ဗျ

စုံထောက်ဝတ္ထု ဖတ်ရသလိုပါ့။

ဟုတ် ဆာ

Thanks for sharing :-) @mgmgkse I am following. Best of Luck !

Thanks for your work as well! Followed @mgmgkse

အုန်းရေ ဘယ်နေရာပေါ်လာမလဲ ကြည့်တုန်းဗြုန်းဆို ၊အိပ်မက်ကလန့်နိုးသွာသည်

ဆက်အိပ်ပြီးစောင့် ဆာ

အုန်းရေက ရွှေသိမ်တော်အထွက်ကျမှလားဆရာ စိတ်ဝင်စားနေပီ ဆက်ဖတ်မယ် စောင့်မျှော်နေတယ်နော် ဆရာမောင်

ငှယ် ရွေင်္ှသိမ်တော်မထည့်နဲ့ ဟာသရေးထားတာ

နေရာကိုပြောတာပါဆာရယ် အဲနေရာမှာ အုန်းစိမ်းရေ ဈေးချိုတာ အဲ့နေရာပဲရှိတယ်လေဆရာမောင်ရယ်

စောင့်ဖက်ပါ့မယ် ဆရာ

ဟုတ်ကဲ့ ကျေးဇူး

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58269.58
ETH 3138.31
USDT 1.00
SBD 2.43