A Brother Like That သူလိုအစ်ကိုsteemCreated with Sketch.

in #life7 years ago

FB_IMG_1484498227222-picsay.jpg

A Brother Like That သူလိုအစ်ကို
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

1524630593_fcb7381cb0_z.jpg

"I wish," the boy went on,"that I could be a brother like that."

Read more on original source: http://www.chickensoup.com/book-story/36169/a-brother-like-that

Photos are collected from google.
Translated by @mgmgkse

20170807_10_13_09.jpg

two-brothers-laughing.jpg

ကျွန်တော့်သူငယ်ချင်း ပေါလ် ဟာ သူ့အစ်ကိုဆီက မော်တော်ကားတစ်စီးကို ခရစ္စမတ်လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ သူ့ရဲ့ရုံးခန်းအပြင်ကို ထွက်လာစဉ်မှာ ပေါလ် ဟာ သူ့ကားကို တအံ့တသြကြည့်ပြီး ရစ်သီရစ်သီကြည့်နေတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်တယ်။
လူငယ်လေးက သူ့ကို မေးလိုက်တယ်။ "ဒီကားက ဦးရဲ့ကားပါလားခင်ဗျာ"
ပေါလ်က ခေါင်းညိတ်ရင်း ပြောလိုက်တယ်။ "အေးကွ..ငါ့အစ်ကိုက ငါ့ကို ခရစ္စမတ်လက်ဆောင် ပေးထားတာလေ"
လူငယ်လေးက အရမ်းအံ့သြသွားပြီး ခုလိုပြန်ပြောပါတယ်။ "ဒါဆို ဦးရဲ့အစ်ကိုက လက်ဆောင်ပေးထားတာဆိုတော့ ဒီကားအတွက် ပိုက်ဆံကုန်စရာမလိုဘူးပေါ့နော်"
လူငယ်လေးက အဲဒီလိုပြောရင်း စကားကို ရပ်ထားလိုက်တယ်။ လူငယ်လေးဘာပြောချင်နေတယ်ဆိုတာ ပေါလ် သိပါတယ်။ သူ့မှာလည်း အဲဒီလို အစ်ကိုမျိုးရှိရင်ကောင်းမှာပဲလို့ ပြောချင်နေတာဖြစ်မှာပေါ့။ ဒါပေမဲ့ လူငယ်လေး ဆက်ပြောတဲ့ စကားကြောင့် ပေါလ် တစ်ကိုယ်လုံး ထူးထူးခြားခြား ခံစားလိုက်ရတယ်။
လူငယ်လေးက "ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာ" လို့ ပြောလိုက်တာပါ။
ပေါလ် က လူငယ်လေးကို လွှတ်ခနဲ ပြောမိလိုက်တယ်။ "မင်း ငါ့ကားကို စီးကြည့်ချင်လား"
"အိုး..ကျေးဇူးပါ၊ ကျွန်တော် တကယ်ကို စီးကြည့်ချင်နေတာပါ" လို့ လူငယ်လေးက ပြန်ပြောတယ်။
တော်တော်လေးကြာအောင် စီးပြီးတဲ့အခါကျတော့ လူငယ်လေးက အရောင်တောက်နေတဲ့ မျက်လုံးများနဲ့ ပေါလ်ကို လှည့်ကြည့်ပြီး "ဦးခင်ဗျာ..ကျွန်တော့်ကို ကျွန်တော်အိမ်ရှေ့ရောက်အောင် မောင်းပို့ပေးလို့ရမလားခင်ဗျ" လို့ ပြောလာပါတယ်။
ပေါလ်က ပြုံးလိုက်မိပါတယ်။ သူ့အနေနဲ့ လူငယ်လေး ဘာဖြစ်ချင်နေတာကို သိတယ်လို့ ထင်နေပါတယ်။ တကယ်တော့ လူငယ်လေးဟာ အိမ်နီးနားချင်းတွေကို ပေါလ်ရဲ့ မော်တော်ကားကြီး စီးရကြောင်းကို ကြွားချင်နေတာ ဖြစ်ရမယ်ပေါ့။
ဒါပေမဲ့ ဒီတစ်ခါလည်း ပေါလ်ထင်တာ လွဲသွားပြန်ပါတယ်။ လူငယ်လေးက ထပ်မံတောင်းဆိုလိုက်ပြန်တယ်။ "ဦး..ကျွန်တော့်ကို ဟိုနားက လှေကားနှစ်ထစ်ရှိတဲ့ နေရာလေးမှာ ရပ်ပေးပါလား"
ကားရပ်ပေးလိုက်တော့ လူငယ်လေးက ပေါလ်ကို ခဏစောင့်ခိုင်းပြီး လှေကားပေါ် လူငယ်လေးပြေးတက်သွားတယ်။
ခဏအကြာမှာ လူငယ်လေးပြန်ဆင်းလာတယ်။ ဒါပေမဲ့ သူက သူရဲ့ ခြေထောက်မသန်တဲ့ သူ့ရဲ့ ညီလေးကို ပွေ့ချီပြီးဆင်းလာတာပါ။ လှေကားခြေရင်းမှာ သူ့ညီလေးကို ချလိုက်ပြီး ပေါလ်ရဲ့ ကားကို လက်ညှိုးထိုးပြတယ်။
"ညီလေး..မြင်လား၊ ကိုကြီး အပေါ်မှာတုန်းက ပြောခဲ့သလို ကားကြီးတွေ့လား၊ အဲဒီ ဦးရဲ့အစ်ကိုက ခရစ္စမတ်လက်ဆောင်အနေနဲ့ ပေးခဲ့တာလေ၊ ပိုက်ဆံတပြားမှ မကုန်ဘူးကွ၊ တစ်နေ့မှာတော့ ကိုကြီးလည်း ညီလေးကို ဒီလို ကားကြီးမျိုး ပေးနိုင်မှာပါ၊ အဲဒီအခါကျ ခရစ္စမတ်အချိန်မှာ ကားမှန်ပြတင်းပေါက်ကနေ သာယာလှပတဲ့ ရှု့ခင်းတွေကို ညီလေးလည်း ကြည့်နိုင်မယ်၊ ကိုကြီးလည်း ညီလေးကို ပြောပြလို့ရမယ်" လို့ လူငယ်လေးက ပြောနေပါတယ်။
ပေါလ် မနေနိုင်တော့ပါ။ ကားထဲကထွက်ပြီး ခြေထောက်မသန်တဲ့ ကလေးငယ်လေးကို ပွေ့ချီပြီး ကားရဲ့ရှေ့ခန်းမှာ နေရာပေးလိုက်ပါတယ်။ တောက်ပတဲ့ မျက်လုံးပိုင်ရှင် အစ်ကိုဖြစ်တဲ့သူကတော့ သူ့ညီလေးရဲ့ဘေးမှာပေါ့။ ပေါလ်တို့သုံးယောက် အဲဒီနေ့က အမှတ်တရအနေနဲ့ ကားစီးထွက်ဖြစ်ခဲ့ကြပါတယ်။

👉ပေးကမ်းလှူဒါန်းခြင်း(စွန့်ကြဲခြင်း)သည် မင်္ဂလာမည်ပါသည်။👈

ဆီလျော်အောင် ဘာသာပြန်ဆိုသူ: @mgmgkse

Sort:  

အကို ဘာသာပြန်တဲ့ ဟာတွေအရန်းကောင်းတယ် ဗျာ ရွှေးချယ်တာရော ဘာသာပြန်တာရော ကောင်းတယ် အားကျတယ်ဗျာ

ရွေးတာက စာအုပ်တွေထဲက လိုက်ရှာတာပါ Eng လိုပေါ့ မူရင်း Eng လိုတွေက ဖတ်ရတာ အရသာပိုရှိပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။

Broရဲ့ post​လေး​တွေက အမြဲတမ်း ရသ တစ်​ခုကို​ပေးစွမ်းပါတယ်​​ဗျာ

ကျေးဇူး

ကောင်းတယ် ဆရာ ။

ကျေးဇူးပါ

ပြီးပြည့်စုံမှု ဆိုတာက
ပေးကမ်းတတ်သူတွေရဲ့ နေရပ်မှာပဲ ရှိတယ်

Congratulations @mgmgkse! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

စာ​ရေးဆရာ ​ဖေမြင့်​​ရေးသားထားတဲ့ နှလုံးသား အာဟာရ ရသစာ​ပေများဆိုတဲ့ စာအုပ်​ထဲကပါ

Yes,but the original post was not written by Saya Pe Myint. Like him, I also translate it myself. If you think I copied this post from there, please just compare in Myanmar language, word by word. Thanks for your information. @johnnight

ကျေးဇူးတင်ပါတယ် ဆရာ

You're welcome..

Nice post, thanks

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51