poem '' ခေါင်းလောင်းသံတမ်းချင်း''
ခေါင်းလောင်သံ တမ်းချင်း
ဟိုရက်ကတွေ့လိုက်တဲ့ကျောင်းလွယ်အိပ်လေး
ခုများတော့ အရောင်ပြောင်း
အဟောင်းတန်းရောက်ခဲ့
ဟိုတစ်ခါက ပြောခဲ့တဲ့စကားလေး
ခုများတော့ ပုံပြင်ဖြစ် သစ္စာပျယ်
ဟိုတစ်ချိန်က ပြောဖူးတဲ့ စာနာမှု
အတ္တပါးပါးထုပ်လို့ စစ်ဆိုတာ
ထာဝရရှင်သန်ခြင်းလား
ခြံစည်းရိုးတဲ့
ဘာနဲ့ကာကြမလဲ
ငြိမ်းချမ်းရေး တရားတွေကြားတိုင်း
ရောင်နီအိုကို သတိရခဲ့
သူ့ စာနာမှု ကိုယ့်စာနာမှု
ခွဲမရသေးခင်
ငြိမ်းချမ်းရေးပိုက်ထားတဲ့ သွေးမြေခ စကားလည်းကြောက်ရ
သေနတ်သမားလည်း ကြောက်ကြရ
ဒိုင်း ဆိုတဲ့ အသံအောက်မှာ
တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ
ကျသွားတဲ့သွေးစက်ရှိခဲ့
ပြိုပျက်တဲ့ မိသားစုရှိခဲ့
အဖြူအမဲမခွဲခြားချင်ပါဘူး အရှင်
ကျွန်တော့ဖေဖေပြန်ပေးပါ
ကျွန်တော် ကျောင်းတက်ချင်သေးတယ်။ ။
ဖြိုး(ကျုံပျော်)
မင်္ဂလာပါရှင် မီးချစ်က cartoonist မဖြစ်ခင်က ဖြိုး(ကျုံပျော် ) အမည်နဲ့ ဆောင်းပါး ကဗျာ တွေရေးသားခဲ့ပါတယ် ။ ခုလည်း သြဘာခင်ကလောင်နဲ့ ဝတ္တုတို ရေးပါတယ် ။ အရေးနည်းတယ်ပေါ့ ။ စာမူမပို့  ဖြစ်တာလေးတွေ တင်ပေးပါ့မယ် ။ အားပေးကြပါဦးရှင့်။
မမီးချစ်ရေ ကျနော်လဲအကောင်တွေသာများတာ မသုံးတပ်လို့ပြစ်ထားလိုက်
ပြက်လိုက် ဖုန်ူခိုခံထဲပါသွားလိုက်နဲ့ ဘာမှလဲ Steemit ကိကျွမ်းကျင်ကျင်မကိုင်တပ် အရင်တခါ ကို့်ယ့် မြန်မာ အဖော်မရှိမသုံးဖြစ်ပြစ်ထားလိုက်နဲ့ ဒါလဲshine shine ပါ အက်ပေးပါအူး
အရေးအသားလေးတွေကကောင်းပါတယ် အားပေးပါတယ်နော် ကြိုးစားပါ
yes ကြိုးစားလျှက်ပါရှင့် အားပေးမှုအတွက် အထူးကျေးဇူးပါ
ကြိုးစားပါသယ်ရင်း
ဟုတ် ကျေးဇူးပါ
မီးချစ်က Myanmar Steemit Community မှာ မတွေ့မိသေးပါဘူး ဘူမှလဲ ခေါ်ပေးကြဘူးလားမသိဘူး
အဖွဲ့လိုက် ပူးပေါင်းဆောင်ရွှက်ခြင်းက ပိုမိုလွယ်ကူအောင်မြင်နိုင်ပါတယ် ကျွှန်တော့ကို https://www.facebook.com/profile.php?id=100012803764405 ကနေ ဆက်သွယ်ပေးပါခင်ဗျာ chat box ကနေ ဘယ်သူမန်းသိရအောင် စာလေးပို့ထားပေးပါခင်ဗျာ
ဟုတ် add လိုက်ပါ့မယ်ရှင့် ကျေးဇူးအထူးပါ
tag ကငါးခုထိ ထည့်လို့ရပါတယ် ကဗျာဆိုတော့ ဥပမာ -
myanmar poet poetry family life
အစရှိသဖြင့် သင့်တော်ရာပေါ့ဗျာ steemit.com/tags မှာ tag အမျိုးအစားတွေ ကြည့်နိုင်ပါတယ်
ကျေးဇူးအထူးပါ သင်ယူပါဦးမယ် chit chit fb acc မလား add ထားပါတယ် Ei Kyawl fb နဲ့ပါ
မ မီးချစ် ကျနော် shineshine ပါ ကဗျာတွေဝါသနာပါတယ် ဂရုထဲထည့်ပေးပါအုံး
steemit လဲသိပ်မကြွမ်းကျင်သေးလို့ပါ