ဂျင်း

in #writing7 years ago

ချင်း(ဂျင်း)၏ ရုက္ခဗေဒအမည်မှာ Zingiberofficinale Rose ဖြစ်ပြီး အင်္ဂလိပ်လို Ginger ဟုခေါ်ပါတယ်။ မြန်မာပြည်အနှံ့ ပေါက်ရောက်နိုင်သကဲ့သို့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံ တို့တွင်လည်း ဖြစ်ထွန်းအောင်မြင်ကြပါတယ်။တပို့တွဲ၊တပေါင်းလောက်တွင် အပင်များဟာ ဥများဥပြီး၍ သဘာဝအလျောက် အပင်ကျချိန်တွင် ချင်းတက်ကို တူးဖော်ယူရပါတယ်။ ကမ္ဘာပေါ်တွင် ငရုတ်သီးစားသော နိုင်ငံထက် ချင်းကိုစားသော နိုင်ငံကပိုများပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှေးယခင်ကစ၍ ချင်းကိုဟင်းခတ် အမွှေးအကြိုင်တစ်ခုအဖြစ်သာမက ကျန်းမာရေးအတွက်ပါ အသုံးပြုလာခဲ့ကြပါတယ်။

ထို့ပြင် ကမ္ဘာ့နိုင်ငံအချို့တွင် ရှေးခေတ်ကတည်းက အရက်များ အရသာရှိစေရန် အတွက်သာမက အအေးဒဏ်ခံနိုင်ရန်နှင့် နှလုံးကိုအားရှိစေရန်တို့ အတွက် ချင်းကို ဂျင်ဂျာဘီယာ ချက်လုပ်ခဲ့ကြပါတယ်။
ချင်းတွင် Phenolic ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေကာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။

ချင်းဟာအစာကြေညက်လွယ်ခြင်း၊ ဆီးနှင့်ဝမ်းကို ရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊ အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကို နိုင်ခြင်းစတဲ့ ကျန်းမာရေး အာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။

ချင်းက အမျိုးမျိုးသောကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး ကင်ဆာရောဂါ ပိုးများကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။

ဝမ်းဗိုက်ထဲ သန်ကောင်ထခြင်းအတွက် နံနက်ပိုင်းမှာချင်းအစိမ်းစားပါ။ သို့မဟုတ် ချင်းကိုပါးပါးလှီးပြီး အသီးအရွက်သုပ် တစ်ခုခုနဲ့ ရောနှော၍စားနိုင်ပါတယ်။

ချင်းပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် ကြွက်သားများ တောင့်တင်း၍ ညောင်းညာသော ဝေဒနာများ၊ အရိုးပွရောဂါနှင့် ဒူးနာခါးနာရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

မှတ်ဥာဏ်အားနည်းခြင်းအတွက် ချင်းပြုတ်ရည်ကို တစ်နေ့ တစ်ခွက်သောက်ပေးသင့်ပါတယ်။

ကွမ်းရွက်ကို ထန်းလျက်၊ ချင်း၊ ဆားတို့ထည့်ပြုတ်ပြီး သောက်ပေးပါကအပူလွန်၍ ဖျားသောရောဂါကို ပျောက်စေပါတယ်။

ချင်းကိုအရည်ညှစ်ပြီး ရလာသော ချင်းစိမ်းရည်ကို ပျားရည်နှင့် ရောစပ်၍ လျက်ပေးပါက နှာစေးချောင်းဆိုး၊ ပန်းနာရင်ကျပ် ပျောက်စေပါတယ်။

အော့အန်ခြင်းနှင့် ကြို့ထိုးခြင်းအတွက် ချင်းစိမ်းရည်နဲ့ ကြက်သွန်နီဥမှ ညှစ်၍ ရသောအရည်တို့ကို ရောသောက်ပါ။

ချင်းစိမ်းရည်ကို နှမ်းဆီနဲ့ကျို၍ ရလာသောအဆီကို အဆစ်အမျက်ရောင်ရမ်းသော နေရာသို့  လိမ်းပေးပါက အဆစ်အမျက်ကိုက်ခြင်း၊ ရောင်ရမ်းခြင်းတို့ ပျောက်ကင်းစေပါတယ်။

ချင်းစိမ်းနှင့် ပင်စိမ်းရွက်မှ ညှစ်၍ရသော အရည်တို့ကို ဆတူရောစပ်၍ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကာလဝမ်းရောဂါ ပျောက်ကင်းစေပါတယ်။

ဇက်ကြောတက်ခြင်းအတွက် ချင်းကိုပါးပါးလှီးပြီး မီးအနည်းငယ်ပြပါ။ ပြီးလျှင် ဇက်ကြောတက်သည့်နေရာပေါ် ကပ်ပေး ခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

နားကိုက်ရောဂါ ပျောက်ကင်းစေရန် အတွက် ချင်းကို အရည်ညှစ်ပြီး ရလာသော ချင်းစိမ်းရည်ကို မီးတွင်နွှေးရုံနွှေး၍ နားထဲသို့ ထည့်ပေးပါ။

သွားကိုက်ခြင်းအတွက် ချင်းစိမ်းကိုဝါး၍ သွားကိုက်သော နေရာတွင် ငုံထားပေးခြင်းဖြင့် သွားကိုက်၊ သွားနာသက်သာစေပါတယ်။

ချောင်းခြောက်ဆိုးခြင်းအတွက် ချင်းပြုတ်ရည်ထဲသို့ ပျားရည်ထည့်သောက်ပါ။ တဟွတ်ဟွတ် ချောင်းဆိုးခြင်းအတွက်ကိုလည်း ချင်းပြုတ်ရည်ထဲသို့ ပျားရည်ထည့်သောက်ပါ သို့မဟုတ် ချင်းစားပါ။ တရွှီရွှီမြည်သံဖြင့် ချောင်းဆိုးခြင်းအတွက် ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်ပေးပါ သို့မဟုတ် ချင်းစားပါ။မန်မာပြည်ထွက် ချင်းစိုနှင့် ချင်းခြောက်များကို အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတို့မှ အများဆုံး ဝယ်ယူလေ့ရှိကြပြီး ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်း မတိုင်မီကစ၍ မြန်မာ့ချင်းများကို အာရပ်စော်ဘွားနိုင်ငံများနှင့် ဂျာမနီနိုင်ငံဈေးကွက်အထိ တင်ပို့ရောင်းချရပါတယ်။

ချင်း(ဂျင်း) နှင့် မြန်မာ့ဆေးကျမ်း

''အကြင်သူသည် အိမ်ခြံဝင်းမြေအတွင်း၌ ချင်းပင်ကို စိုက်ထားသည်ဖြစ်အံ့။ ထိုသူသည် အစဉ်သဖြင့် မှီခိုအားထားရသော သမားတော် တစ်ယောက်ကို ကိုးကွယ်ဆည်းကပ်ထားသည်ဖြစ်၏''ဟူ၍ တိုင်းရင်းသမားတော်ကြီးများက ချင်းပင်၏ အာဟာရတန်ဖိုး ကြီးမားပုံကို ပြောစမှတ်ပြုကြပါတယ်။

မြန်မာ့ဆေးကျမ်းများ အလိုအရ ချင်းစိမ်းသည် ချိုခါးသော အရသာရှိ၏။ အေးသောသတ္တိရှိ၏။ နှုတ်ကိုမြိန်စေ၏။ အစာကိုကြေညက်လွယ်၏။ ကြေညက်ပြီးသောအခါ အေးသောသတ္တိသို့ပြောင်းသွားစေ၏။ ဝမ်းမီးကို တောက်စေ၏။ သလိပ်၊ သည်းခြေဒေါသကို နိုင်၏။ ဆီးဝမ်းကိုရွှင်စေ၏။ အဆိပ်ကိုနိုင်၏။ အသံနာ၊ ရင်နာ၊ လေနာတို့ကိုနိုင်၏။ ပြင်းထန်သော အနာပေါက်ခြင်းနှင့် ထိခိုက်မှုတို့ကြောင့်ဖြစ်သော ရောင်တင်းသောရောဂါတို့ကို ပျောက်ကင်းစေ၏။ ချင်းစိမ်း၊ ထန်းလျက် နှင့် ကွမ်းရွက်တို့ကို ပြုတ်သောက်သော် တုပ်ကွေးဖျား ပျောက်၏။ သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေ၏ဟု ဖော်ပြထားပါတယ်။

ဓာတုရသလေးစောင်တွဲဓာတ်ကျမ်းတွင် ချင်းမှာ ဒဏ်ထိနာနှင့် သံသာအင့်ခိုး၊ လေကြို့ထိုးအင့်၊ ဝမ်းနှင့်သင့်၏ဟုဆိုထားပါတယ်။မြန်မာ့ဓလေ့ မြန်မာ့ဟန်အရ ကလေးမီးဖွားပြီးစ အမျိုးသမီးကို''မီးနေသည်'' လို့ခေါ်လေ့ရှိပါတယ်။မီးနေမိခင်များအဖို့ မီးတွင်းကာလမှာ သွေးသားသန့်ရှင်း စင်ကြယ်အောင်ပြုလုပ်ဖို့  အလွန်အရေးကြီးပါတယ်။ သွေးသားသန့်စင်နေမှသာ အမျိုးသမီးများမှာဖြစ်တတ်တဲ့ ရောဂါဘယ ကင်းဝေးစေမှာပါ။ သို့မဟုတ်ပါက မီးယပ်ကျိုး၊ မီးယပ်နာပိန်ချုံး၍ ချည့်နဲ့ခြင်း၊ အသားအရေမစိုပြည်ဘဲ ခြောက်သွေ့ခြင်း၊ အသားအရေပူခြင်း၊ မျက်နှာပေါ် တင်းတိပ်စွဲခြင်း၊ မျက်နှာနှင့် လည်ပင်းတွေမှာ အနီကွက်၊ အညိုကွက်များပေါ်လာခြင်း၊ စကားပြောလိုက်တိုင်း အသက်ရှူထုတ်လိုက်တိုင်း အာခံတွင်းမှ အပုပ်နံ့ထွက်ခြင်းစတဲ့ ဆိုးကျိုးများ ခံစားရနိုင်ပါတယ်။

ဒီ့အတွက် စိတ်မပူပါနဲ့။ ရိုးရှင်းလွယ်ကူပြီး မိခင်ရော ရင်သွေးငယ်လေးပါ ကျန်းမာစေတဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်လက်ရှိပါတယ်။ ဆေးဖော်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင် ဖြစ်သော ချင်းစိမ်းနှင့် သဘာဝ ထန်းလျက်ခဲစစ်စစ်(အမည်းရောင် ထန်းလျက်ခဲကြီး)တို့သာ လိုအပ်ပါတယ်။ ဦးစွာ အလေးချိန် ၅-ကျပ်သားရှိတဲ့ ချင်းကို အခွံနွှာ၍ နုပ်နုပ်စဉ်းပါ။ ထို့နောက် နုပ်နုပ်စဉ်းထားသော ချင်းများကို ထန်းလျက်ခဲ ၅ ကျပ်သားနဲ့အတူ ရေသင့်ရုံရောကာ ရနံ့မွှေးဆူပွက်ပြီး အတန်ငယ်ပျစ်လာတဲ့အထိ မီးအေးအေးဖြင့် ကျိုပေးရမှာပါ။ ဆေးရည်ကို အအေးခံ၍ ဟင်းစားဇွန်းတစ်ဇွန်းစီဖြင့် တစ်နေ့သုံးကြိမ် သောက်ပါ။

သဘာဝအတိုင်း မီးဖွားသူများသာမက ဗိုက်ခွဲမွေးဖွားသူတွေရော၊ ကိုယ်ဝန်ပျက်ကျသူများပါ အညစ်အကြေးကင်းစင်ဖို့ ထိုဆေးရည်ကို မီးထွက်သည့် ခုနစ်ရက်တိတိ သောက်ပေးခြင်းဖြင့် တစ်သားမွေး တစ်သွေးလှစေတော့မှာ ဖြစ်ပါတယ်။

လှပမှုရေးရာများအတွက် ချင်း

ချင်း၏ အလှအပအတွက် အသုံးဝင်ပုံကို သိရှိသူနည်းပါလိမ့်မယ်။ ချင်းကိုလှီးဖြတ်၍ ရေနွေးဆူဆူထဲမှာ စိမ်ထားပြီး အေးသွားတဲ့အခါ ဂွမ်းလုံးလေးတွေကို ၎င်းချင်းစိမ်ရည်ထဲသို့ နှစ်စိမ်ပြီးနောက် မျက်နှာပေါ်ရှိဝက်ခြံများကို သုတ်လိမ်းပေးပါ။ မိနစ် ၂ဝ လောက်ထားပြီးနောက်မျက်နှာသစ်ပါ။ဤနည်းအတိုင်း တစ်နေ့တစ်ကြိမ် လုပ်ပေးခြင်းဖြင့် ဝက်ခြံများ ပျောက်ကင်းစေပါတယ်။

ချင်းပြုတ်ရည် သို့မဟုတ် ချင်းကို လတ်လတ်ဆတ်ဆတ် ကြိတ်ခြေပြီး ပျားရည်၊သံပရာရည် အနည်းငယ်တို့ ရောစပ်၍ သောက်ပေးခြင်းဖြင့် မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာပျောက်ကင်း စေပါတယ်။

အသားအရေပေါ်က အမာရွတ်တွေ ပျောက်စေရန်အတွက် ချင်းကို နုပ်နုပ်စဉ်းပြီး ရလာသော အရည်အဖတ်များဖြင့် ပွတ်လိမ်းပေးနိုင်ပါတယ်။

ဆံပင်ကောင်းစေရန်အတွက်ကိုလည်း ခေါင်းမလျှော်ခင် နာရီဝက်ခန့်အလိုမှာ ချင်းပြုတ်ရည်ကို ဆံသားနဲ့ ဦးရေပြား အနှံ့သုတ်လိမ်းပါ။ ပြီးမှ ခေါင်းလျှော်ပါ။

သတိပြုရန်

ချင်းဟာ သည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေရောဂါ ရှိသူများက ချင်းအခြောက်ကိုဖြစ်စေ၊ ချင်းမှုန့်ကိုဖြစ်စေ ဆေးအဖြစ်မှီဝဲလိုပါလျှင် ကျွမ်းကျင်သူ ဆရာဝန်တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။Screenshot_20181209-094851.jpgScreenshot_20181209-094847.jpg

Sort:  

Congratulations @maymaylaryin! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 50 upvotes. Your next target is to reach 100 upvotes.
You got a First Vote
You received more than 10 upvotes. Your next target is to reach 50 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Saint Nicholas challenge for good boys and girls

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61711.04
ETH 1599.17
USDT 1.00
SBD 0.47