တနင်္ဂနွေ
ဒီရက်အတွင်း စိတ်ထဲပေါ်လာတာတွေ ချက်ချင်းလုပ်သင့်ပါတယ်။ ခရီးကိစ္စတွေအောင်မြင်ပါလိမ့်မယ်။ မြေကိစ္စ၊ အမွေကိစ္စ စိတ်ပူရတတ်တယ်။ အလုပ်ကို ငြီးငွေ့ပြီး အိမ်မကပ်ချင်ပဲ ဖြစ်နေတတ်တယ်။ အလုပ်တွေ လွဲချော်ပြီး စိတ်ရှုပ်ထွေးစရာ၊ စိတ်ညစ်စရာတွေ ဖြစ်ပေါ်တတ်ပါတယ်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ်တွေ လုံးဝမလုပ်သင့်ပါ။ အိမ်တွင်းရေး ပြဿနာကြောင့် စိတ်ညစ်ရတတ်တယ်။

ခရီးကောင်းတွေလည်း သွားရတတ်တယ်။ အချစ်ရေးမှာတော့ အချိန်ကုန်လူပင်ပန်းပြီး အကျိုးမရှိ အရာမထင်ဖြစ်တတ်တယ်။ အိမ်ထောင်ရေးကတော့ မိတ်ဆွေအပေါင်းအသင်းတွေကြောင့် လင်နဲ့မယားကွဲလွဲတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၅ နဲ့ ၃ ဖြစ်ပါတယ်။
တနင်္လာသားသမီးများဒီရက်တွေအတွင်း အရေးကြီးစာရွက်စာတမ်းတွေ ပျောက်ရှတတ်ပါတယ်။ ငွေပစ္စည်းတွေပျောက်တတ်ပြီး စက်ပစ္စည်းတွေအသစ်လဲရတတ်ပါတယ်။ အိမ်မှုကိစ္စတွေ၊ အိမ်တွင်းရေးကိစ္စတွေအတွက် ခေါင်းရှုပ်ခြင်း ကြုံတတ်ပါတယ်။ အရင်ကြိုးပမ်း အနစ်နာခံထားတာတွေအတွက် အသီးအပွင့် အကျိုးအမြတ်တွေ ပြန်ခံစားရတတ်ပါတယ်။ ရွှေနဲ့ အဖိုးတန်ရတနာပစ္စည်းတွေ ၀င်တတ်ပါတယ်။ အလုပ်တိုင်း၊ နေရာတိုင်းမှာ ကူညီမစမယ့်သူတွေ များပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူထံက ၀မ်းသာစရာ အဆက်အသွယ်ကောင်း၊ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကို အမြဲအလိုလိုက် အလျှော့ပေးနေရပါလိမ့်မယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃ နဲ့ ၅ ဖြစ်ပါတယ်။