ယနေ့ မီးလာသည်

in #myanmar6 years ago (edited)

အမယ်လေး လေး . . ရေးရတာကို အရသာ ရှိနေတာပဲ ။
အို. . .ဘာတဲ့! ယနေ့ မီးလာသည် . . .မီးလာသည်. . မီးလာသည်။

အိုကွယ် . . တကယ့်ဖီးလ် . .တကယ့်အရသာ ! တကယ့်အနှစ်ကြီး ခေါင်းစဉ်နဲ့တင် အရသာရှိနေတာ။
မီးလာသည်။မီးလာနေသည်။ ဟုတ်သည်။ ယနေ့ မီးလာနေသည်။ ယခု မီးလာနေသည်။

အမယ်. . တကယ် မီးလာနေတာနော်. . ။ မနက်ထဲက တကယ် လာနေတာ။ မယုံမရှိနဲ့။ တကယ် ပြောတာ မီးက လာနေကျ မဟုတ်ပဲ လာနေတော့ စိတ်ထဲမှာတောင် ဘာလိုလို ညာလိုလိုနဲ့။

image

မီးလင်းနေတဲ့ မီးချောင်းကြီးပဲ ပြေးဖက်ရတော့ မလိုလို။
မီးလာနေတာ သေချာအောင်လို့ မီးကြိုးနှစ်ချောင်း ပူးပြီး ကိုင်ကြည့်မိတော့ မလိုလိုနဲ့။ တကယ့်ဖီးလ် တကယ့်အရသာစစ်စစ်ကြီး။

လင်းနေတဲ့မီးချောင်းကို ကြည့်ပြီး ပီတိတွေဖြာပြီး ပြုံးမိနေတာများလေ . . အိမ်ထောင်ဦးမှာ သားဦးရတဲ့ ဖခင် ပီတိဖြာနေသလိုကို ဖြစ်နေတာ။ တကယ့်ကို ဝမ်းသာစရာကြီး !

တကယ်ဗျာ။ ဒီလိုပျော်ရွှင်မှုမျိုး တစ်ယောက်ထဲ ခံစားနေရတာ MSCက ညီကိုမောင်နှမတွေကိုတောင် အားနာမိတယ်။ ကိုယ့်ကိုကိုယ် မတရားသလိုတောင် ခံစားမိတယ်။ကိုယ့်လို ဖီးလ်မျိုး ကိုယ့်ချစ်ဖရန့်တွေကို ခံစားစေချင်မိသည်။

ဆိုတော့ကား ဤPost နိဂုံးချုပ်အနေနဲ့ ဝမ်းသာအားရ ဆုမွန်တောင်းလိုက်ပါသည်။ ကျနော့်၏ ချစ်မိတ်ဆွေအပေါင်းအသင်း ညီကိုမောင်နှမ ရောင်းရင်းများဖြစ်ကြသော MSC G4အဖွဲ့သူ အဖွဲ့သား အားလုံး ကျနော့်လို ယနေ့မီးလာသည်ဟူသော ဖီးလ်နဲ့ အရသာ မကြာချက်ချင်း အမြဲခံစားနိုင်ကြပါစေဟု !!!

အားလုံးကို ချစ်ခင်လေးစားလျှက်
@masterinnwa
MSC-253

Sort:  

တောင်းတဲ့ဆုနဲ့ ခနခန ပြည့်ပါစေ ဦးအင်း။
ဆယ်မိနစ်တခါ၊ဆယ့်ငါးမိနစ်တခါ ပြည့်ပါစေ။
ခနတိုင်း ခနတိုင်း ပြည့်ပါစေ။
အာ့မှ ခနခန စိတ်ချမ်းသာရမှာလေ..
အင်းကို စိတ်ချမ်းသာစေချင်တဲ့ နှင်းးး lol..

အင်းလေ ကျနော် စိတ်ချမ်းသာမှ လောကတစ်ခုလုံး အေးချမ်းမှာကိုး :P
Rလိုက်ပြီ 253 လို့ ဟီး

ကျွန်​​တော့တို့ဘက်​လည်း မီးလာ တယ်​😂

ဒီနေ့လည်း မီးလာတယ် ယေ့ယေ့

ဒါကြောင့်မြန်မာပြည်မှာ ပျော်စရာတွေပေါတယ်ပြောကြတာကိုး
မီးလာလည်းပျော်ရတာပဲimages.png

ဟုတ်ပ့။ ဒီနေ့လည်း ပျော်ရတယ် မနက်အစော တစ်ခါပြန်ပြီ ပြန်လာလို့ ဟဲ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51