Sport
အာရှ ယူ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ ၂၀၁၈မှသည် အာရှ ဖလားဆီသို့
မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာရှ ယူ၂၃ ခြေစစ်ပွဲ ကို ဒီကနေ့ ညနေ ၃နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ စတင် ကျင်းပတော့မည်ဖြစ်ပါသည်။အိမ်ရှင် မြန်မာ အသင်းအနေဖြင့် အာရှအင်အားကြီးအသင်းဖြစ်တဲ့ ဩစတြေးလျ၊၊ စင်္ကာပူ၊ဘရူနိုင်း အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လျှက်ရှိပြီး ပွဲဦးထွက် စင်္ကာပူ ယူ၂၃ အသင်းနဲ့ ညနေ ၆နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်သည် အသင်းအတွက် မဝေးတော့တဲ့ အာရှခရီး မျှော်လင့်ချက်ဖြစ်တာကြောင့် နှစ်ဖက်အသင်းများအနေဖြင့် အားသွန်ခွန်စိုက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်မှုကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ခြေစွမ်းကောင်းမွန်တဲ့ ဒေသတွင်း ပြိုင်ဘက် စင်္ကာပူအသင်းကို အနိုင်ရလျှင် အုပ်စုတွင်း အဆင့် ပထမ (သို့) ဒုတိယနေရာကို သေချာပေါက် ရောက်ရှိနိုင်မှာဖြစ်သလို နောက်လတွင် မလေးရှားနိုင်ငံမှာ ကျင်းပမည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲအတွက်လည်း အောင်မြင်ဖို့ အတွေ့ကြုံ ကောင်းများစွာ၊အထောက်အပံ့ကောင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်မြန်မာအသင်းဟာ အနိုင်ကစားဖို့ရန် အထူးလိုအပ်နေတာကြောင့် နည်းပြကြီး ဂတ်ဆီဇီ အနေဖြင့် ဘယ်လို နည်းဗျူ ဟာများကို ခင်းကျင်းပြသပြီး အနိုင် ယူပြသွားမလဲဆိုတာကို သန်း၅၀ကျော် ပရိတ်သတ်များ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာအတိဖြင့် မျက်ဝါးထင်ထင်စောင့်မျှော်ရှုစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။မြန်မာအသင်းဟာ ဆိုရင်ဖြင့် အမှတ်ကောင်းကောင်း ရရှိဖို့ရန်အတွက် ပွဲစဉ်များအားလုံးကို အထူးဂရုစိုက်ကစားဖို့ရန် လိုအပ်လှပါတယ်။
အမှတ်ကောင်းမှသာလျှင် အာရှ ချန်ပီယံရှစ်ဆိုတဲ့ ဝင်ခွင့်လက်မှတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။လွန်ခဲ့သောနှစ်၂၀၁၆ အာရှ ယူ၁၉ ခြေစစ်ပွဲကို မှတ်မိကြဦးမှာပါ။ မြန်မာအသင်းဟာ အသင်းငယ်လို့ ထင်ရတဲ့ တီမော အသင်းကို သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် အုပ်စုတွင်း တစ်ပွဲနိုင်၊တစ်ပွဲသရေ၊တစ်ပွဲရှုံးဖြင့် ဒုတိယနေရာကို ရပ်တည်နိုင်ခဲ့သော်လည်း အုပ်စုဆယ်ခုတွင် အကောင်းဆုံး ဒုတိယ ၅နေရာကို ရွေးချယ်ရာ အမှတ်နည်းပါးလှ၍ အာရှချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်မရရှိခဲ့တာကိုလည်း အားလုံး သိမြင်ပြီးဖြစ်ပါတယ်။ထို့အတူ အသင်းငယ်လို့ ထင်ရတဲ့ ဘရူနိုင်းအသင်းဟာ သက်တမ်းအလိုက် ကစားသမားများအားလုံး တနှစ်ထက်တစ်နှစ် ခြေစွမ်းပိုင်းရော၊ ခန္ဒာကိုယ်ကြံ့ခိုင်မှု ပိုင်းမှာပါ တိုးတက်ကောင်းမွန်းနေတာကြောင့် မြန်မာအသင်းအနေဖြင့် အထူးသတိရှိရှိနဲ့ အနိုင်ကစားသွားဖို့ လိုအပ်လှပါတယ်။မြန်မာအသင်းကို နုပျိုသွက်လက်သော ကစားသမားကောင်းများစွာ စုဖွဲ့ထားသည်နှင့်အညီ အတွေ့အကြုံရှိသော ယူ၂၀ ကမ္ဘာဖလားပြိုင်ပွဲဝင် ကစားသမားများစွာပါဝင်နေတာကြောင့် နာမည်ကြီးကစားသမားတွေပါဝင်သော ဩစတြေးလျ အသင်းကို တုန့်ပြန်ကစားနိုင်မယ်ဆိုတာကို ယုံကြည်ရပါတယ်။နည်းပြကြီး ဂတ်ဆီဇီဟာ အာရှဖလားဝင်ခွင့်ကို အဓိကပစ်မှတ်ထား၍ ယှဉ်ပြိုင်သွားမည် လို့လည်း ပြောကြားထားပါတယ်။ ပြည်သူအားလုံးချစ်တဲ့၊လေးစားရတဲ့ နည်းပြကြီး ဂတ်ဟာ မျိးချစ်စိတ်ဓာတ်ပြည့်ဝပြင်းထန်တဲ့ မြန်မာတိုင်းရင်းသားများအားလုံးကို ဆွေမျိုးရင်းခြာလို သံယောဇဉ်ရှိတာကြောင့် သူ့အနေနဲ့ ဘာမှပြောစရာမလိုအောင် ကြိုးစားသွားမယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။အာဆီယံအင်အားကြီး ထိုင်းနိုင်ငံလိုအသင်းမျိုးတောင် ဝင်ပြိုင်ခွင့်မရသေးတဲ့ အိပ်မက်သမျှဖြစ်ရတဲ့ ယူ၂၀ ကမ္ဘာ့ဖလားကို ရောက်အောင် ပို့ပေးနိုင်တာကိုပဲ အထူးဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ကျွန်တော်တို့ ပရိတ်သတ်တွေ အနေဖြင့်လည်း သွေးစည်းညီညာလာတာကိုလည်း တွေ့လာရသလို အိမ်ရှင်ကောင်းပီသာစွာ နိုင်ငံကြီးသားပီသလာတာကိုလည်း တွေ့လာရပါတယ်။မဝေးသေးတဲ့ အာရှ ယူ၁၉ပြိုင်ပွဲက သက်သေထူနေသလို စင်္ကာပူဆီးဂိမ်းမှာလည်း ပုံရိပ်ကောင်းတွေ နိုင်ငံတစ်ဝန်းထင်ဟပ်လာခဲ့တာကိုလည်း တွေ့မြင် ကြားသိရပြီး ဖြစ်ပါတယ်။ဒါကြောင့် ပရိတ်သတ်တွေအနေဖြင့်လည်း ရှေ့ဆက် တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီ ၊သွေးစည်းညီညွတ်သွားကြရင်း ထာဝရအတူတူအားပေးကြမယ်လို့လဲ ဆိုပါရစေ ။နောက်ပြိုင်ပွဲတွေလည်း ကမ္ဘာတည်နေသရွေ့ ယှဉ်ပြိုင်နေရဦးမှာပါ။ယှဉ်ပြိုင်နေသရွေ့ အရှုံး၊အနိုင်ဆိုတာရှိမှာပါ။ အရှုံးကိုလည်း ညီတူလက်ခံနိုင်ရသလို အနိုင်ဆိုတဲ့ပီတိကိုလည်း ဝေမျှစားသုံးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အားလုံးကို ကျွန်တော်နဲ့အတူ တတ်နိုင်တဲ့ဘက်က မိသားစုလို အားပေးကြပါ၊ကိုယ်ချင်းစာတရား ထားပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။မဝေးတော့တဲ့ အနာဂတ်ဆီကို အားလုံးချီတက်ရင်း မနက်ဖြန်တိုင်း အာရှမှာရော ကမ္ဘာမှာပါ သမိုင်းသစ်ကို ရေးထိုးနိုင်ပါစေလို့ ဆန္ဒပြုချင်ပါတယ်။
မှတ်ချက်။ အာဇာနည်နေ့ မိန့်ခွန်းမဟုတ်ပါ။😃😃😃
ဆရာတစ်ယောက်လည်း မဟုတ်သလို ပညာရှိလည်းမဟုတ်ပါ။မွေးကတည်းက အသွေးအသားထဲ သွေးပွက်ပွက်ဆူအောင် အားပေးလာတဲ့ ထမင်းမေ့ ဟင်းမေ့ real fan စစ်စစ်သာဖြစ်ပါသည်။အမှားပါရင် နားလည် ခွင့်လွှတ်ပေးကြပါ။
Photo credit# MFF, MRTV ENTERTAINMENT AND OTHER ORIGINAL UPLOADERS