Today is the Union Day of Myanmar

in #myanmar6 years ago

ပြည်ထောင်စုနေ့

Hello , all my steemit member
Steemit မှ မိတ်ဆွေ များအားလုံး မင်္ဂလာပါ ရှင့်

image

ဒီနေ့ဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ အထူးပြည့်စုံတဲ့ (၇၁) နှစ်မြောက် ပြည်ထောင်စု နေ့ဖြစ်ပါတယ်

တိုင်းရင်းသားအားလုံး တစည်းတလုံးတည်း လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သည့် နေ့ထူးနေ့မြတ် လည်းဖြစ်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော် နှင့်အတူ မြန်မာ့တိုင်းရင်းသားခေါင်းဆောင်များနဲ့ ပြည်သူများရဲ့
ကြိုးပမ်းမှုများဖြင့်

လွတ်လပ်ရေး ရရန်ပင်လုံညီလာခံကြီးကို ကျင်းပဆွေးနွေးခဲ့
ကြပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြပါတယ်

ထိုသို့တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရေးအတွက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးတဲ့နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်

လွတ်လပ်ရေးရပြီးသည်မှစပြီး ယခုအချိန်အထိ ဆိုရင် နှစ်
ပေါင်း (၇၁) နှစ်ရှိပြီ ဖြစ်ပါတယ်

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်အဖြစ်
ရပ်တည် လျက်ရှိသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
ကြီး ဖြစ်ပါတယ်

အမိမြန်မာနိုင်ငံတောကြီး အဓွန့်ရှည်တည်တံ့စေရန်မှာ
တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံးက
ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး သံသယကင်းတဲ့
ယုံကြည်မှု ခိုင်မာတဲ့စည်းလုံးမှု ပြတ်သားတဲ့သန္နိဋ္ဌာန် တို့နှင့်
အတူ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန် အားလုံး
ဝိုင်းဝန်း ၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ
ဖြစ်ပါတယ်

steemit မှာ ရှိကြသော တိုင်းရင်းသား ညီအကို မောင်နှမများ
အားလုံးလည်း အမိ မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့
သာယာဝပြော ငြိမ်းချမ်းစေရန် ပါဝင်ကူညီ အားဖြည့် ကြရမည်
ဖြစ်ပါသည်

photo credit - face book

author -

@mamamyanmar

Sort:  

ဒီနေ့ဘဲ

Sneaky Ninja Attack! You have been defended with a 2.09% vote... I was summoned by @ansoe! I have done their bidding and now I will vanish...Whoosh

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 61428.91
ETH 3382.72
USDT 1.00
SBD 2.50