" Potato " For Cooking And Eating ( Part -8 )

in #myanmar7 years ago

အားလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာ များ


ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း- ၈ )


image

"အာလူးထမင်းနယ်"

Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်း များအားလုံး မင်္ဂလာပါ

ကျမ ရဲ့ steemit တွင်ရေးသား post တင်မယ့် အကြောင်းအရာ ကတော့ " အာလူးသီး ကို အသုံးပြု၍ စားသောက်
ဖွယ်ရာများ ပြင်ဆင်ပြုလုပ် ချက်ပြုပ်နည်း အကြောင်းအရာ
များ " ထဲမှ

" အာလူးထမင်းနယ်" ပြင်ဆင်ချက်
ပြုပ်နည်း အကြောင်း ရေသားမျှဝေ ပေးမှာ ဖြစ်ပါတယ်

image

" အာလူး " ကို ဟင်းလျာ အနေနဲ့ အမျိုးမျိုး ချက်ပြုပ်
စားသောက်ကြ သလို မုန့် ပဲ သရေစာ အနေနဲ့ နည်းမျိုးစုံ
ပြုလုပ် စားသောက်ကြပါတယ်

" အာလူးသီး " ကို အသုံးပြု ၍ စားသောက်ဖွယ်ရာများ
ပြင်ဆင် ပြုလုပ်ကြရာတွင်

အားလူးပြုပ် အားလူးကြော် အာလူးထောင်း အာလူးဟင်းရည်
အာလူးထောင်းကြော် အာလူးအကြွတ်ကြော် အားလူးခပတ်
အာလူးချက် အာလူးမဆလာနှပ်

စသည်ဖြင့် " အာလူးသီး " ကို ပင် သီးသန့် ချက်ပြုပ်ကြော်
လှော် စားသောက်ကြသလို

အသားငါး များဖြင့် ရောနှော၍ အာလူးနှင့်ကြက်သား အာလူး
နှင့်ဝက်သား အာလူးနှင့်ဆိတ်သား အာလူးနှင့်ငါး အာလူးနှင့်
ကြက်ဥ အာလူးနှင့်ပုဇွန် အာလူးနှင့် အသီးအရွက်စုံ

စသည်ဖြင့် ချက်ပြုပ်စားသောက်ကြသလို

မုန့်ပဲ သရေစာ အဖြစ်ဖြင့်

အာလူးဆန္နင်းမကင်း အာလူးကိတ် အာလူးပူရီ အာလူစမူဆာ
အာလူးကော်ပြန့် အာလူးသုပ် အာလူးအစာသွပ်
အာလူးကပ်သလိပ် အာလူကုလားပဲသုပ် အာလူးဟင်းထုပ်

စသည်ဖြင့် ပြုလုပ်စားသောက်ကြပါတယ်

image

" အာလူးထမင်းနယ် " သည် ပြုလုပ်ရ လွယ်ကူ
စေသလို အရသာမှာလည်း အထူးကောင်းမွန်ပါတယ်

"အာလူးထမင်းနယ်" ( ၅ယောက်စာ )

ပါဝင်သော ပစ္စည်းများ

1- အာလူးအလုံးကြီး -၇လုံး

2-ရှမ်းဆန် (သို့ )ဆန်စီး နို့ဆီဘူး - ၂ဘူး

3-ခရမ်းချဉ်သီး (အချဉ်သီး ) -၅လုံး

4-ကြက်သွန်နီ -၅လုံး

5-ကြက်သွန်ဖြူ - ၃မွာ

6-ဆီ- ၁၀ကျပ်သား

7-ဆား - အနည်းငယ်

8-နန္နင်းမှုန့် -အနည်းငယ်

9-အရသာမှုန့် -အနည်းငယ်

10-ရှမ်းပဲပုတ်- ၃ချပ်

11- မြေပဲဆံ လ္ဘက်ရည် ပုဂံ- ၁လုံး

12- ငရုတ်သီးခြောက်တောင့်-၁၀တောင့်

13- ဂျူးမြစ် -၁၀ကျပ်သား

14-နံနံပင် - ၅ပင်

15-ကြက်သွန်မိတ် -၂ပင်

16-မန်ကျည်းသီးမှည့် လ္ဘက်ရည်ပုဂံ-၁လုံး

17- ငံပြာရည် ဟင်းစားဇွန်း- ၂ဇွန်း

တို့လိုအပ်ပါတယ်

image

image

image

ပြုလုပ်နည်းအဆင့်ဆင့်

အားလူး ကိုရေစင်အောင်ဆေး ၍ နူးအိနေအောင်ပြုပ်ပြီး
အအေးခံ အခွံနွှာထားပါ

ဆန် နို့ဆီဘူး ၂ဘူး အား ချက်ထားပါ (ခပ်ပျော့ပျော့ )

ခရမ်းချဉ်သီး ရေစင်အောင်ဆေး၍ နုပ်နုပ်စင်းထားပါ

ကြက်သွန်နီ အခွံသင် ပါးပါး လှီးထားပါ

ကြက်သွန်ဖြူ အခွံသင် ပြီး ကြေညက်အောင်ထောင်း
ထားပါ

ရှမ်းပဲပုပ် မြေပဲဆံ ငရုတ်သီးခြောက်တောင့် များအားကြော်
ပြီး သီးခြားစီ ညက်အောင်ထောင်းထားပါ

ဆီပူပူတွင် နန္နင်းမှုန့် ကြက်သွန်နီ / ဖြူ များထည့် ဆီချက်
ချက်ထားပါ

ကြက်သွန်နီ/ ဖြူ ကြော် နှင့် ဆီကျက်များအား ပုဂံ တစ်ခု
တွင် ဆယ်ယူထားပါ

ဆီသတ်ထားသောဒယ်အိုး အတွင်း ပင်ခရမ်းချဉ်သီးများ
ထည့် ၃မိနစ်ခန့် အဖုံးအုပ်ထားပြီး ခရမ်းချဉ်သီးများအားခြေ၍
အနှစ်လုပ်ထားပါ

မန်ကျည်းမှည့်ရေဆေး ပြီး ရေနွေး အနည်းငယ်ထည့်ကာ
မန်ကျည်းမှည့် အနှစ်လုပ်ထားပါ

နံနံပင် ဂျူးမြစ် ကြက်သွန်မြိတ်များ ကိုလည်း ရေစင်အောင်
ဆေးကြော ပြီး အပိုင်းများပိုင်းကာ ရေစစ်ထားပါ

ပါဝင်ပစ္စည်းများ အားလုံး အဆင်သင့် ဖြစ်ပြီဆိုပါက

အဝကျယ် ဇလုံတစ်ခုတွင် ထမင်းဖြူ များထည့်ပါ

ထို့နောက် ပြုပ်ထားသော အာလူးသီးများအား ခြေထည့်ပါ

ဆား အရသာမှုန့် ထောင်းထားသော မြေပဲ ပဲပုတ်များထည့်ပါ

ခရမ်းချဉ်သီးအနှစ် မန်ကျည်းမှည့် အနှစ်များထည့်၍

စီးပိုင် လာသည်အထိ နယ်ပေးပါ

နယ်နေစဉ် အရသာ ချို ချဉ် ငံ မြည်းပါ

အချဉ် များသွားလျှင် ငံပြာရည် ထပ်ထည့် ပေးပါ

အရသာ စိတ်ကြိုက် ဖြစ်ပါက

နယ်ထားသော ထမင်းများအား တစ်ယောက်စာ ခန့်
အလုံးလေး များလုံးထားပြီး ပုဂံ တစ်ခုတွင်စီ ထည့်ထားပါ

စားမည့် ပုဂံ တွင် အာလူးထမင်းနယ် အလုံး ထည့်
အပေါ်မှ ကြက်သွန်ကြော်များဖြူး အစပ် စားပါက
ငရုတ်သီးကြော် များထည့်ကာ

ဂျူးမြစ် နံနံပင် ကြက်သွန်မိတ် တို့နှင့် တွဲဖက် သုံးဆောင်
နိုင်ပြီ ဖြစ်ပါတယ်

image

" အာလူး ထမင်းနယ်" သည်ချို ချဉ် ငံ စပ် အရသာ
မျိုးစုံ အောင် ပါဝင်သည့် အတွက် အခြား အသားငါး
ဟင်းလျာ တို့ နှင့်လည်ူ တွဲဖက် စားသောက်နိုင်သလို
အာလူးထမင်းနယ် တစ်ခွက် ထဲဖြင့် ပင် လျှင်ခံတွင်းမြိန်စေမှာ
ဖြစ်ပါတယ်

image

မှတ်ချက် - အာလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာများ
ပြင်ဆင်ပြုလုပ်ရာတွင် ကျမ ကိုယ်တိုင် ပြုလုပ်စားသောက်ဖူး
သောနည်းလမ်းများ အတိုင်းရေးသား ထားသောကြောင့်
လိုအပ်ချက်များ မတူကွဲပြားမှုများ ရှိပါကလည်း နားလည်
ဖြည့်စွက် အကျန်ဥာဏ် များပေးကြပါ လို့ မေတ္တာ ရပ်ခံ အပ်
ပါတယ်

Steemit member များအားလုံးလည်း ကျန်းမာရေး နှင့်
ညီညွတ်သည့် စားသောက်ဖွယ်ရာ များ စားသောက်သုံးဆောင်
ခြင်း ဖြင့် အဟာရပြည့်ဝပြီး ကျန်းမာ ရွှင်လန်း အေးချမ်းသာယာ
ရှိကြပါစေ လို့ တောင်းဆုပြုရင်းဖြင့်

နောက် post တင်ရေးသားမည့် " အာလူး " ဟင်းလျာ နှင့်
မုန့်များ ကိုလည်းအားပေးကြပါ ရန် လေးစားစွာ post တင်
ရေးသားရင်း

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Sort:  

စားရအုန်းမယ်နောက်တစ်မျိုး

စားပါ

Calling @originalworks :)
img credz: pixabay.com
Nice, you got a 83.0% @supermeatboy christmas upgoat, thanks to @ansoe
Want a christmas boost? Minnowbooster's got your back!

The @OriginalWorks bot has determined this post by @mamamyanmar to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58186.66
ETH 2353.20
USDT 1.00
SBD 2.37