Marian Salad

in #myanmar8 years ago

ရာသီစာ အသီးအနှံ မရမ်းသီး

မရမ်းသီး သုပ်


image

Hello , all my steemit member

steemit အဖွဲ့ဝင် များအတွက်

ခုလိုနွေဦးပေါက်ရာသီ အချိန် မှာ ပေါ်ဦးပေါ်ဖျား ရရှိတဲ့
" မရမ်းသီး " အားသုပ်စားရင်း " မရမ်းသီးသုပ် " ပြုလုပ်
ပုံ အကြောင်း ကို post တင် ရေးသားလိုက်ပါတယ်

မြန်မာလူမျိုးများသည် မရမ်းသီး ကို အသီးအနှံ အနေနဲ့သာမက အချဉ်ပေါင်း သရေစာ အနေနဲ့စားသောက်ကြသလို
မရမ်းသီး အကင်းလေးများအားသုပ်စာ ထောင်းစား ခြင်းဖြင့် ခံတွင်းမြန်စေတဲ့ဟင်းတစ်ခွက် အဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်

image

မရမ်းသီးဟာ ဟင်းချက်ရာမှာလည်း ထည့်ချက်ပြီး အစိမ်းလိုက်လည်းစားကြသလို အမှည့်လည်းစားကြတဲ့ အသီးတစ်မျိုး
ဖြစ်ပါတယ်

မရမ်းသီး အမှည့် ကိုတော့ အသီး အနှံ အနေနဲ့ စားသုံးကြပြီး
မရမ်းသီး ငပိချက် မရမ်းသီးငါးသလောက်ပေါင်း စသည်ဖြင့်
အမျိုးမျိုး စားသုံးကြ သလို
" မရမ်းသီး " အကင်းလေးများ ကို တော့ အခုလိုနွေရာသီ ရဲ့ အစ ဖြစ်တဲ့ တပေါက်းလ လောက်တွင် မရမ်းသီး အကင်းလေးများ ရရှိ ချိန် မှာ သုပ်စားထောင်းစား ကြော်စား ချက်စား ကြပါတယ်

ရာသီစာ ဖြစ်တဲ့ အတွက် ဆေးဖက်လည်းဝင် အရသာလည်း
ရှိလှတဲ့ " မရမ်းသီး " ကိုအသုပ် သုပ်စားရြင်းဖြင့် steemit
မှ fri များ အတွက် ပြုလုပ်စားသောက် ကြစေရန် ရေးတင်
လိုက်ပါတယ်

image

" မရမ်းသီးသုပ် "

ပါဝင်ပစ္စည်းများ

မရမ်းသီး - ၁၀ ကျပ်သား

ငပိ - ၂ ကျပ်သား

ကြက်သွန်နီ - ၇လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ဆီ - ၅ ကျပ်သား

မြေပဲ ဆားလှော် လ္ဘက်ရည် - ၁ ပုဂံ လုံး

ပုဇွန်ခြောက် ဟင်းစားဇွန်း - ၂ဇွန်း

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

အရသာမှုန့် -အနည်းငယ်

ဆား - အနည်းငယ်

နန္နင်း - အနည်းငယ်

ငရုတ်သီးစိမ်းတောင့် - ၅တောင့်

နံနံပင် - ၃ပင်

တို့ ပါဝင်ပါတယ်

image

ပြုလုပ်ပုံ

မရမ်းသီးများ ကို ရေ စင်အောင်ဆေး ထက်ခြမ်းခွဲ၍ အထဲမှ
အစေ့များအားဖယ်ထုပ်ထားပါ
ထက်ခြမ်းခွဲထားသော မရမ်းသီးများ ရေအေးတွင်ခေတ္တ စိမ်ထား ပြီး စဉ်နီတုန်ပေါ်တင်၍ ပါးပါးလှီးထားပါ

မြေပံ ဆံ ပုဇွန်ခြောက် ထောင်းထားပါ

ငပိ မီးကင်ထားပါ

ငရုတ်သီး စိမ်း လှီးထားပါ

ကြက်သွန် နီ ( ၁) ကြက်သွန်ဖြူ တို့အား အခွံ သင် လှီး ထောင်းထားပါ

ဆီ ကြက်သွန်နီ / ဖြူ တို့ အား နန္နင်း မှုန့် အနည်းငယ်ထည့်
ပြီး ဆီကျက် ချက်ထားပါ

ကျန်သည့် ကြက်သွန်နီများအားအခွံသင် ပါးပါးလှီးပြီး ၃မိနစ်
ခန့်ရေစိမ် ပြီး ရေစစ်ထားပါ

နယ်မည့် ပုဂံ တွင် ကြက်သွန်နီ မရမ်းသီး ပဲမှုန့် ဆီချက်
ငပိ ပုဇွန်ခြောက် မြေပဲဆံ ဆား အရသာမှုန့် တို့
အားလုံး ပေါင်းထည့် နယ်ပေးပါ
အပေါ်မှ ငရုတ်စိမ်းများ ကြက်သွန်ဖြူ ကြော် များအုပ်
ထည့် အရသာ အပေါ့အငံ မြည်း၍ တည်ခင်း စားသုံး
နိုင်ပါပြီ

image

အခုလို နွေဦးရာသီ မှာ မရမ်းသီးသုပ် ပဲကြီးနှပ်အိအိလေး
ငရုတ်သီးကြော် လေးဖြင့် တွဲဖက် စားလိုက်ပါက
ထမင်းမြိန် စေမှာ သေချာပါတော့တယ်

မရမ်းသီးသုပ် ကိုထမင်းနှင့် တွဲ၍ ဟင်းအရံ တစ်ခွက်
အဖြစ် သုံးဆောင်ကြသလို နေ့လည်နေ့ခင်းစာ အသုပ်
အနေဖြင့် လည်း စားသောက် ကြပါတယ်

မရမ်းသီးထောင်း

image

မရမ်းသီးငပိချက်

image

မရမ်းသီးငါးချက်

image

မရမ်းသီးမှာ အဟာရဓါတ်တွေ များစွာ ပါဝင်ပါတယ် ဗီတာမင်
စီ အမျှင်ဓါတ် ရေဓာတ် များစွာပါဝင်သည့် အတွက်ကျန်းမာ
ရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိပါတယ်

မရမ်းသီး စားပေးခြင်းဖြင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး အကျိုး
ကျေးဇူးများကတော့

အသားအရေ စိုပြေလှပစေခြင်း

ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုကာကွယ်ပေးခြင်း

လေဖြတ်ခြင်း ကိုကာကွယ်ပေးခြင်း

သွေးလည်ပတ်မှု ကို ကောင်းမွန်စေခြင်း

နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်စေခြင်း

ဆီးချိုရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း

အမြင်အာရုံ ကောင်းမွန်စေခြင်း

စသည့် အကျိုးကျေးဇူး များကို ရရှိခံစားစေနိုင် မှာ ဖြစ်ပါသည်

steemit မှ မိတ်ဆွေ များလည်း နွေဦးရာသီ နှင့် လိုက်ဖက်
ပြီး ဆေးဖက်ဝင် တဲ့ မရမ်းသီး သုပ် စားပေးကြပါလို့
ရးသားရင်း

Steemit မှ မိတ်ဆွေများအားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ

written & made

@mamamyanmar

MSC -070

Sort:  

အကုန်စားချင်တယ် မသိဘူး စားမယ် :D

သွားကြိမ်း ပါ၏

ပုဇွန်ခြောက် ကဲထည့်ထားပါတယ် အေ

သုတ်စားအုံးမယ် ညီမရေ

သုပ်​စားရင်​ ​ကျွေးဦး အမ

စားပလိုက်နော်

ပုံ​ကြေည့်​ပီး​တောင်​ စားချင်​လာမိယ်​အမ​ရေ

သုပ်စားထောင်းစား ရမ်းကောင်းတယ်

သွားရည်ကျအောင် လုပ်ပြနာ

ကြွေးချင်နာ

ရှလွတ် စားချင်စိတ်ဖြစ်လာပြီ

လာစားလှည့်ပါ

Aww, မရမ်းသီးက အမှည့်လဲစားလို့ရတာကိုး...မသိဘူးရယ် 😁

ဝါး မရမ်းသီးမှည့် ကချိုချိုလေး

သုတ်စားအုမ်းအှာပါ

ဟုတ်တယ် ခုလို ချိန်ဘဲစားရတာ

ပုံ​တွေကြည့်​ရင်း ပါးရင်းနားရင်း​တွေ ​ထောင်​လာတယ်​ အစ်​မ​ရေ့ 😀😀

စားကောင်းပါတယ်ဆို

မရမ်းသီးကို အမျိုးမျိုးလုပ်​ထားတာ
စားချင်​လိုက်​တာဗျာ
ထမင်းပူပူ​လေးနဲ့ဆို ပိုမြိန်​ပ

ခုချိန် ညဈေးမှာ မရမ်းသီးတွေ အများကြီး ရနေလောက်ပီ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 64254.00
ETH 1675.47
USDT 1.00
SBD 0.42