Human Right ( parenthood)

in #myanmar9 years ago

လောက လူသား


လူသားတွေဟာ.....
လောကဇာတ်ခုံ မှာ
ကံဇာတ်ထုတ် ကို
သံပတ်ရုပ် လို
ကနေကြတဲ့ သူတွေ....

သံပတ်ပြေချိန်မှာ စိတ်လေလာပြီမို့
သံပတ်ညောင်းတော့ စိတ်ပြောင်းပြီး
သံပတ်ပြတ်ခါမှာတော့ စိတ်ဓာတ်တွေ ကျကာ လောကမှထွက်လာ ရတဲ့ မရေရာ မသေချာလှတဲ့ လူ့ဘဝ ဇာတ်ခုံမှာ ကကြိုးတွေ ဆင်နေကြတဲ့ သံပတ်ရုပ်လေးတွေ .....

သေချာတာ တစ်ခုကတော့ မမောနိုင်မပန်းနိုင် ကံဇာတ်ထုတ်ကို သံပတ်ရုပ်လို လှုပ်ရှား ရုန်းကန် နေရတာပါပဲ။

အမှန်တကယ်တော့ .....
လိုချင်မှု ဖြစ်ချင်မှု ဆိုတာတွေဟာ လူကို ခိုင်းနေကြတဲ့ ဇာတ်ဆရာ တွေပါပဲ။
လူတွေဟာ သံပတ်ရုပ်လေးတွေလို
လိုချင်မှု ရဲ့ သံပတ်ပေးရာကို နာခံကြရသလို
ဖြစ်ချင်မှု ခိုင်းတာကိုလည်း လုပ်ကြရပါတယ် ။
လောက ပင်လယ်ကြီးထဲမှာ လှိုင်းဒဏ် လေဒဏ် ကို ကြံ့ကြံ့ခံနေကြတဲ့ သနားစရာ သံပတ်ရုပ်လေးတွေ ပါပဲ။

ဒါကြောင့် သံပတ်ပြတ်တဲ့ လူ့ဘဝ စွန့်ခွာချိန်ကျမှ စိတ်ဓာတ်ကျမယ့် အစား ယခုအချိန်ကတည်းက လိုချင်မှု ဖြစ်ချင်မှု ဆိုတဲ့ လောက ဇာတ်ဆရာရဲ့ သံပတ်ပေးရာ နောက်ကို သတိ ဥာဏ်လေးနဲ့ ဆင်ခြင်ပြီး လိုက်ကြပါစို့။

credit# ခွန်အားbold

@mamamyanmar image

Sort:  

တရားသွားထိုင်တော့မယ်ဗျာ...

ကိုယ်တွေလည်း တစ်နေ့ထက်တစ်နေ့နီးလာပြီပဲ

SBD တွေ ရှိတာ randowhale နဲ့ မပွားဘူးလား

Upvote done

Vote follow done

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 63998.90
ETH 1856.41
USDT 1.00
SBD 0.38