Healthy Leaf Salad

in #myanmar6 years ago

အဝေရာရွက်သုပ်

Hello , all steemit member .

ဒီရက်ပိုင်း မိုးလေူကလည်း အဆက်မပြတ်ရွာသွန်း ထားသည့်အတွက်
လမ်းဘေးဝဲယာ အိမ်ခြံဝင်းဘေး ပတ်ပတ်လည် တို့တွင် အဝေရာပင်များမှာ
အညွှန့်တလူလူ ဖြင့်အဝေရာညွှန့်လေူများ လေအဝှေ့ မှာ ယိမ်နွဲ့ နေပုံ ကို
ငေးကြည့်ရင်း အဝေရာရွက် ကို အသုပ်သုပ်စားရန် အကြံ ပေါ်လာသည့်
အတွက် အဝေရာရွက်သုပ် လေးပြုလုပ်စားသောက် ဖြစ်ခဲ့ပါတော့တယ်

image

ဈေးလည်း မကြီး ( လမ်းဘေးဝဲယာ အဝေရာညွှန့်လေးများအလွယ်တကူ
ပေါများစွာရရှိ )အရသာလည်းရှိ ပြုလုပ် ရသည်မှာလည်း လွယ်ကူ ဆေးဖက်လည်းဝင် ကျန်းမာရေနှင့် ညီညွတ် သည့် အဝေရာရွက်သုပ်
ပြုလုပ်နည်းလေးကတော့

အဝေရာရွက် အညွှန့်လေးများ လက်တစ်ဆုပ်စာ
မြေပဲလှော် လ္ဘက်ရည် ပုဂံ ၁ လုံး ( ထောင်းပါ )
သံပုရာသီး ၁ လုံး ( လေးစိပ်စိပ်ထား)
ကြက်သွန်နီ ၁လုံး (ပါးပါး လီးထား)
က်ြသွန်နီ/ဖြူ နှင့် ချက်ထားသော ဆီကျက် ဟင်းစားဇွန်း ၂ ဇွန်း
ဆား အရသာမှုန့် ငရုတ်သီး တို့ လိုအပ်ပါတယ်

image

ပြုလုပ်ပုံကတော့
အဝေရာညွှန့်လေးများအား ၂မိနစ်ခန့် ရေနွေးဖြော ပီးရင် နုတ်နုတ်လှီး
အပေါ်မှ ပါဝင်ပစ္စည်းများ အား လုံးထည့် သမအောင်နယ်ပေး
အပေါ့အငံ မြည်း ၍ စားသုံးနိုင်မှာ ဖြစ်ပါတယ်

အဝေရာရွက်သည် ဆီးအာင့် ဆီးကျင်သူများ အမျိုးသမိးများမီးယပ် ဖြူ ဆင်း ရောဂါများ အတွက် အထူးကောင်းမွန်စေတဲ့အစားအစာ ဖြစ်သည့်အတွက်
အသုပ်သုပ်၍ ၄င်း အတို့အမြုပ် အနေနဲ့၎င်း စားသုံးပေး သင့်ပါတယ်

@mamamyanmar

Sort:  

စားမယ်

This post has received a 33.33% upvote from @aksdwi thanks to: @mamamyanmar.

hi , yesterday I traansfer to 0.1 sbd your wallet .
please vote me.

This post has received a 4.38 % upvote from @boomerang.

ကျေးဇူးပါပဲသမီးရေ
ဒီညနေ သုပ်စားလိုက်အုံးမယ် စားချင်စိတ်ကထိန်းမရ

ဟုက်ကဲ့ လုပ် လုပ် ဆီးကောင်းတဟ်

Loading...

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 67626.56
ETH 3806.42
USDT 1.00
SBD 3.76