Ginger Salad

in #myanmar8 years ago

ဂျင်းသုပ်


image

Hello , all my steemit member

steemit အဖွဲ့ဝင် များအတွက်
ဒီနေ့ အေးချမ်းလှတဲ့ ဆောင်းရာသီ လိုက်ဖက် လှတဲ့
" ဂျင်းသုပ်" သုပ်စားရင်း ဂျင်းသုပ် ပြုလုပ် ပုံလေး ကို
post တင် ရေးသားလိုက်ပါတယ်

ဆောင်းရာသီ ရဲ့ နေ့လည်ခင်း အချိန် မှာ ပူပူစပ်စပ်
လေးနှင့် အရသာ ရှိလှ တဲ့ ဂျင်းသုပ် လေးကိုစား
ရေနွေး ပူပူ လေးကို မှုတ်သောက်ရင်း နေ့တာ တိုတောင်း
လှတဲ့ ဆောင်းတွင်းရဲ့နေ့တစ်နေ့ကို ဖြတ်သန်းကြရအောင်ပါ

image

ဂျင်းသုပ်

ဂျင်း - ၅ ကျပ်သား
( ပေါက်ထားပြီး အချဉ် ရည် နှပ်ထားသောဂျင်း အမျှင် )

အကြော်ဆံ - ၅ ကျပ်သား

ခရမ်းချဉ်သီး - ၂ လုံး

ကြက်ဥ - ၁လုံး

ဆီ - ၅ ကျပ်သား

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

သကြား -အနည်းငယ်

ဆား - အနည်းငယ်

တို့ ပါဝင်ပါတယ်

ဂျင်းအား အချဉ်ရေ များစိမ်ထားပါက ညှစ်ထုတ်ထားပါ

ခရမ်းချဉ်သီး ပါးပါးလှီး ပါ

ကြက်ဥ ကို ပြုပ်ပြီး အခွံနွာထားပါ

နယ်မည့် ပုဂံ တွင် ခရမ်းချဉ်သီး ဂျင်း ပဲမှုန့် ဆီ ဆား
အကြော်ဆံ တို့ အားလုံး ပေါင်းထည့် နယ်ပေးပါ
ဂျင်း အချဉ်ဓာတ် များပါက သကြား နည်ူနည်း ထည့် နယ်ပါ

အပေါ့ အငံ မြည်းပြီး အပေါ် မှ ကြက်ဥ ကိုပါးပါးလှီးထည့်ပါ

image

ရေနွေး ကြမ်းသောက် ရင်း ဂျင်းသုပ် လေးစားသောက် ရင်း
ဖြင့် ကျန်းမာ ရွှင်လန်း ကြပါစေ

written and made -

@mamamyanmar

Sort:  

ဂျင်း😂😂😂

စားတဲ့ ဂျင်းပါ

သိပ်ကြိုက်ပါတယ် .. စားချင်လာပြီနော်

အခုချိန်စားရင် ပူပူလေး ကောင်းတာမှ

ရာသီစာ..

This post has received a 0.76 % upvote from @boomerang thanks to: @mamamyanmar

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61667.55
ETH 1637.39
USDT 1.00
SBD 0.41