Fragrant Flower
မိုးရာသီ နှင့် သနပ်ခါးပန်း
Hello , all steemit member.
အခုလို မိုးရာသီ အချိန်တွင် သနပ်ခါးပန်းပင် မှ သနပ်ခါးပန်းလေး များ တစ်ပင်လုံး ပွင့်လန်းလျက်ရှိပြီး ရနံ့မွှေးကြိုင်လှပါသည်
သနပ်ခါးပန်း သည် ကျမတို့လိမ်းသည့် သနပ်ခါးအပင်မှ ရရှိသည့် ပန်းမဟုတ်ပါ သနပ်ခါးပန်းပက်မှ ရရှိပြီး သူ၏ ရနံ့ မှာသနပ်ခါးရနံ့ အတိုင်း မွှေးကြိုင်လှပါသည်
သနပ်ခါးပန်းပင်သည် အပင်ကြီး အမျိုးအစားတွင်ပါဝင်ပါသည်
သနပ်ခါးပန်းပင်မှ သနပ်ခါးပန်းလေးများ၏ ပန်းပုံသဏ္ဌန်သည် အထူးငုံလေးများအခိုင်လ်ုက် ရှိပြီး ပန်းမရင့်မှီ အချိန်တွင် အစိမ်းရောင် ရှိပြီး ပန်းများရင့်လာပါက အဝါရောင်ပြောင်းသွားပြီ ရနံ့မွှေးကြိုင်ပါသည်
သနပ်ခါးပန်းပင် သည် တစ်ပင်လုံးညွတ်ပန်းပွင့်တတ်ပြီး ပင်စည်အရင်းတွေမှာပါ သနပ်ခါး ပန်းဖူးလေးတွေ အများကြီး ပွင့်နေတတ်ပါသည် မနက်ခင်းနဲ့ ညနေစောင်းတွေဆို သနပ်ခါးရနံ့  သင်းသင်းလေး က လေအဝေ့မှာပတ်ဝန်းကျင်ကို မွှေးပျံ့ နေစေပါတယ်
သနပ်ခါးပန်းလေးများအား အပင်ထက်မှ အခက်လိုက်ခူးဆွတ်၍ ဘုရားတင် ကြသလို အခက်သေးလေးများအာ အပ်ချည်မျှင် ဖြင့် သီကုန်း၍ ဘုရားတင်လှူ ပူဇော်ကြသလို အမျိုးသမိးများဆံကေသာထက် ၌ ပန်ဆင်ကြပါသည်
သနပ်ခါးပန်းပင် ၏ အမြစ်ကို ရေဖြင်ပြုတ်သောက်ခြင်းဖြင့်နှုတ်မြိန်စေသည် အမြစ်နှင့်အရွက်ကို အားဆေးအဖြစ် အသုံးပြုသည် အပွင့်ခြောက်ကို ခံတွင်းပြည်တည်နာနှင့် အဖျားသက်သာစေရန် အသုံးပြုသည်
ပြုတ်ထားသည့်အကိုင်းခြောက်နှင့် အရွက်ခြောက်ကို အဆစ်ရောင်ရောဂါ
ထိခိုက်နာ အပေါ်ယံ ရောဂါဝင်မှုနှင့် အဆိပ်ကြောင့် ရောင်ရမ်းမှုများ ကုသရာတွင် ဆေးအဖြစ်ကုသကြ သည် ဟုသိရှိရပါသည်



မွန်ပြည်နယ်ဘက်တွင်ရှိပါသည်
ပွင့်လား
ငိ မိုးရာသီကကုန်တော့မှာလေ
နာဒို့ဆီ က လွန်ခဲ့တဲ့ ၁၀ ရက်လုံး မိုးရွာတော့ ပန်းတေက ပွင့်တာမှ
သနပ်ခါးပန်းကကိုယ်ပန်ထားရင်မွှေးတယ်မထင်ဘူးသူများပန်ထားတော့ရနံ့လေးကမွှေးနေတာ
ဟုတ်ပ
အညာဒေသမှာလည်း ပေါတယ်
Posted using Partiko Android
Good post
Posted using Partiko Android
သနပ်ခါးပန်းအနံ့ကို အရမ်းကြိုက်တာ။
သူ့ကိုသုပ်စားလို့ရဝူးလားဟင်😁
ငင့် စားရဲပါဘူး တော်
Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.