" Fish " For Cooking And Eating ( Intro )

in #myanmar7 years ago

" ငါး " ကို အသုံးပြု ၍ စားသားဖွယ်ရာများ ပြင်ဆင်


ပြုလုပ်နည်းများ ( မိတ်ဆက် )


Hello, all my Steemit member ,

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ဒီနေ့  ရေးသား post တင်ပေးမယ့်
အကြောင်းအရာ ကတော့ " ငါး " ကို အသုံးပြု ၍ စားသောက်
ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း အမျိုးမျိုး အကြောင်းကိုရေးသားမျှဝေ ပေးမှာပါ ရှင့်

ငါး မှာ အသားဓာတ် ဗီတာမင်ဓာတ် များစွာပါဝင်ပြီး
ငါး သည် အရသာရှိ သည့် ဟင်းလျာ အနေ နဲ သာမက
ကျန်းမာရေးအတွက် ပါ အထောက်အကူ ဖြစ်စေပါတယ်

လူအများ စားသုံးသင့်သည့်အပြင် ခန္ဓာကိုယ် ကိုကြီးထွား
ဖွံ့ဖြိုးစေသည့် အစာ အဟာရ အုပ်စု တွင် ပါဝင်သည့်
စားသောက်ဖွယ်ရာ ဖြစ်ပါတယ်

ငါးကို မြန်မာလူမျိုး အများစု နှစ်ခြိုက်စွာ စာသောက်ကြပါတယ်

ငါး သည် နေရာဒေသမရွေး ရ ရှိနိုင်သည့် အပြင် ကျေး လက် မှာ ရော မြို့ ပြ များမှာပါ အလွယ် တစ်ကူဝယ်ယူ ရရှီ
နိုင်စေပါတယ်

တစ်ချို့ ငါး နှင့် ပြု လုပ်သော ဟင်းလျာကြိုက်နှစ်သက်ခြင်း
မရှိပါ ဟု ဆိုသောသူများပင်လျင် ငါး နှင့် လွတ်ကင်းစရာ
မရှိပါ ရှင်

မြန်မာလူမျိုးများ နှစ်သက်ခုံမင်စွာ စားသောက်လေ့ ရှိကြသော
ငပိ ငါးငံပြာရည် ရေချို ငပိ ငါးမုန့်ခြောက် အရသာမှုန့် စသည့် တို့ ပင်လျင် ငါး နှင့် ပြုလုပ် ထားသောကြောင့်ပါ

ငါး ကိုအသုံးပြု ၍ မိမိ တို့ ကြိုက် နှစ်သက်ရာနည်းအမျိုး မျိုး
ဖြင့် ပြင်ဆင်ချက်ပြုပ် လုပ်ကိုင်စားသောက်ကြပါတယ်

ငါးကို အသုံးပြု ထားသည့် တိုင်းရင်းသား များ၏ရိုးရာငါး ဟင်း
များဟာလည်း ထင်ရှားလှပါတယ်

ငါး အမျိုးပေါင်း များစွာရှိသည့်ထဲ မှ
မြန်မာ လူမျိုးများ အအများဆုံး ချက်ပြုပ် ကြော် လှော်
စားသောက် ကြသော ငါး များမှာလည်း ငါးအမည် အမျိုးမျိုး
အပြင် ဒေသအခေါ် အဝေါ် လေးတွေ လည်း အနည်း ငယ်
ကွဲပြား ကြပါတယ်

မြန်မာ လူမျိုး များသည် ငါး အစို ကို ချက်ပြုပ် ကြော်လှော်
စားသောက်ကြ ရုံသာမက ငါးများကို နေပူပူတွင် အခြောက်
လှန်း ၍ ရလာသော ငါးခြောက် ကို လည်း လူအများ
အလွန် ကြိုက်နှစ် သက်ကြသော စားစရာ ဖြစ်ပါတယ်

ကျမ တို့ အထက် အညာမြေ ဒေသ မှာတော့ ငါးခြောက်ဟာ
မြန်မာ့ရိုးရာ ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ ပွဲ များမှာ
မပါမဖြစ် အဓိက ဧည့် ခံ ကျွေးမွေးကြတဲ့ ဟင်းလျာ တစ်မျိုး
ဘဲ ဖြစ်ပါတယ်

ထို့ အတူ ငါး အစို ကို ရက်ရှည် လများ အထားခံ စားသောက်
လို့ ရအောင် ငါး ကို ဆားများထည့် သိပ် ၍နယ်ထားသည့်
ငါးဆားနယ် ငပိကောင် စသည် တို့ အပြင် ငါးသေတ္တာ ဟူ၍
လည်း ကြာရှည် အထားခံ ready made စားသော်ကုန် အနေ
နဲ့ လည်း ပြုလုပ် စားသောက်ကြပါတယ်

ငါးကို အသုံးပြု ထားသော မုန် ပဲ သရေစာများဖြစ် တဲ့ ငါးမုန့်
ခြောက် ဟာဆိုရင်လည်း အရသာ ရှိပြီး ကလေး လူကြီး
အားလုံး ကြိုက် နှစ်သက်တဲ့ စားသောက်စရာပါ

ထို့ အပြင် မြန်မာလူမျိုးများအားလုံး ကြိုက်နှစ်သက်ကြတဲ့
myanmar favourite food ဖြစ်တဲ့ မုန့်ဟင်းငါး ဟာဆိုရင်
ငါးကို အဓိက ထားချက် ပြုပ်ထားတဲ့ စားစရာ တစ်ခု ဖြစ်
ပါတယ်

အာပူ လျာပူ ခေါ် ရခိုင် မုန့် တီဟာလည်း ငါးကိုပင်အသုံးပြု
ချက်ပြုပ် ထားပါတယ်

ငါး ရဲ့ အရွယ် အစား အမျိုးမျိုး ရှိရာ တွင် ငါးကြီး ငါးလတ်
ငါးသေး ဘယ်အရွယ်အစားမဆို ငါးတစ်ကောင် လုံး ရဲ့
အစိတ်အပိုင်းများအားလုံး ဟာ ငါးအသားလွှာသာမက

ငါးခေါင်း ငါးအရိုး ငါးဥ ငါးဝမ်းတွင်းသား ငါးအရေခွံ စသည်ဖြင့်
ကြိုက်နှစ်သက် ရာ အစိတ် အပိုင်းများကို နည်းအမျိုးမျိုး နဲ့
အသုံးပြု ပြင်ဆက် ချက်ပြုပ်လို့ လည်း စားသောက်ကြပါတယ်

အထူးသဖြင့် ငါးရဲ့ သည်းခြေ ဟာဆိုရင် အစွမ်းထက်ပြီး
အင်မတန် ဆေးဖက်ဝင်ပါတယ်

ပန်းနာ ရင်ကြပ် ဖြစ်နေသောသူများ နှလုံး အားနည်း မောပန်း
နေသူများ ငါးသည်းခြေ ကို အလံးမပျက် မြို ချ သောက်သုံး
ပေးပါက မောပန်းနွမ်းနယ်မှု့ များကို သက်သာပျောက်
ကင်းစေ တယ်လို့ ဆိုပါတယ်

ကျမ တို့ မြန်မာလူမျိုးများ အများဆုံးစားသေက်ကြသော ငါး
အမျိုးအစားများကတော့

ငါးကြင်း ငါးအုံ တုံ ငါးရှဥ့် ငါးရံ့ ငါးခူ ငါးသလောက် ငါးပြေမ
တီလားဗီယားငါး ငါးမြင်း ငါးပတ် စသည် ဖြင့် ရေချို ငါးများ
အပြင် ပင်လယ်ငါးများလည်း စားသောက်ကြပါတယ်

အရိုးပါစားနိုင်သော ငါးကလေးများ ကိုစားသောက် ခြင်းဖြင့်
အရိုးအဆစ်များသန်မာလာစေတာကြောင့် ကလေးငယ်များ
အတွက် သင့်တော်စေပါတယ်

ငါးကို ချက်ပြုပ်စားသေက်ရာမှာလည်း
ငါးပြုပ် ငါးကြော် ငါးကင် ငါးပေါင်း ငါးချက် ငါးအသားလွာ
ငါးထောင်း ငါးအချဉ်ချက် ငါးအချိုချက် ငါးအငံချက်
ငါးစဉ်းကော ငါးချို ချဉ် ငါးစပ်ခြောက်ကြော်
ငါးခေါင်းဟင်းချို ငါးခေါင်းချဉ်ရည် ငါး ဟင်းထုပ်
စသည်ဖြင့် နည်းလမ်းပေါင်းများ စွာ ပြင်ဆင်ချက်ပြုပ်နည်း
များစွာ ရှိကြပါတယ်

steemit မှ fri များအား ကျမ ကြိုက်နှစ်သက်ပြီး ကိုယ်တိုင်
ချက်ပြုပ်ဖူးသော ငါးကို အသုံးပြု၍ စားသောက်ဖွယ်ရာများ
ပြင်ဆင်ချက်ပြုပ် နည်းများ အား နေက်လာမည့် post များ
တွင်ရေး သား မျှဝေပေးပါ့မယ့်ရှင့်

( မှတ်ချက် - ကြက် ဥ စားရတာ အီ နေ ဘီ ဆိုသောကြောင့်

ငါး ပြောင်းသွားသည်)

image

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသားကြပါစေ

Author - @mamamyanmar

Sort:  

ငါးဟင်းစားရတော့မယ်ဟေ့

can help not to smile when i saw the fist :-)

ဘဝပြောင်းသွားပီပေါ့ 😁😁😁

ငါးချတ်​ပြုတ်​နည်း ​မျှော်​​နေပါတယ်​ sis...

ငါးတော့စားချင်ဘူး ၊ ငါးစားရတာများလို့ ပါးဟက်တောင် ထွက်တော့မယ်

အခုမှပဲ ဟင်းပြောင်းစားမယ်..😊

ဟင်းချက်နည်း တော်ပါတယ်မ

ဥ ကနေ လိုင်းပြောင်းသွားပြီပေါ့။

လာတော့မယ်...
သွားရည်ယိုစရာတွေ..

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60202.34
ETH 2423.33
USDT 1.00
SBD 2.43