" Egg " For Cooking And Eating ( Part -5 ) Vegetable and Egg Curry

in #myanmar7 years ago

ကြက်ဥ ( Egg ) - အပိုင်း ( ၅ )


image
Steemit member များ နှင့် friend များကို ဒီနေ့
ကြက်ဥ ( egg ) နဲ့ ပတ်သက်တဲ့ စားသောက် ဖွယ် ရာ
များထဲ မှ post တင် ပြီး ချက်ကြွေးချင်တဲ့ စားစရာကတော့
ကြက်ဥ ကုလားပဲ နှင့် သီးစုံ ဟင်း အကြောင်း ကိုရေးသား
မျှဝေပေးပါ့မယ်
ကြက်ဥ သီးစုံ ကုလားပဲ ဟင်းလုပ်တာဟာ တကယ့်ကို လွယ်ကူ ရိုးရှင်းစြွာ ပုလုပ်ရ လွယ်ကူသလို အချိန်ကုန် ငွေကုန်လည်း
သက်သာ ခံတွင်းမိန်စေတဲ့ ဟင်းလျာ ပါ

အခုလို မိုတွင်း ကာလမှာ မိုအေးအေးလေးနှင့် ကြက်ဥ ကုလားပဲသီးစုံ ဟင်းသောက်စမ်းလေးနှင့် ငရုတ်သီးကြော်
စပ်စပ်လေးနှင့် တွဲ ဖက်စားလိုက်ပါက ခံတွင်းမိန် အရသာ
လည်းရှိ ကျန်းမာရေး နဲ့ လည်းညီညတ်စေတာမို့
နည်းများစွာ ရှိတဲထဲကမှ ကျမ ချက်စားဖူးတဲ့ ဟင်ချက်နည်း
ကိုမျှဝေပေးပါ့မယ်

ကြက်ဥ ကုလားပဲ သီးစုံဟင်း ( ၅ယောက်စာ )

ပါဝင်သောပစ္စည်းများ

1- ကြက်ဥ ၅ လုံး

2- ကုလားပဲ နို့ဆီးဘူး ၁ဘူး

3-ဒန့်ဒလွန်သီး ၅ တောင့်

4-ဘူးသီးစိပ် ၁စိပ်

5-အာလူး ၃လုံး

6- ခရမ်းသီး ၂လုံး

7- ရုံးပတီ သီး ၃ တောင့်

8 - မန်ကျည်းမှည့် လ္ဘက်ရည် ပုဂံ ၁လုံး

9-ကြက်သွန်နီ ၂လုံး

10-ကြက်သွန်ဖြူ ၃မွာ

11-ခရမ်းချဉ်သီး ၁လုံး

12-ဆန္နင်းမှုန့် အနည်းငယ်

13- အရောင်တင်မှုန့် အနည်းငယ်

14- ပျဉ်းတော်သိမ်ရွက် ၃ညွန့်

15- ဆီ အနည်းငယ်

16-အရသာမှုန့် အနည်းငယ်

17- ဆား အနည်းငယ်

18- စိမ်းစားငပိ အနည်းငယ်

တို့ လိုအပ်ပါတယ်တွင်

ပြု လုပ်နည်းအဆင့်ဆင့်

ကြက်ဥ ကိုပြုပ် အခွံသင် လေးစိပ်စိပ်ထားပါ

ကုလားပဲ ကို နူး အိ သည်ထိ ပြုပ်ထားပါ

ဒန့် ဒလွန်သီး ကို အပေါ် ယံ အခွံ အား ဒါ ပါးဖြင့်ခြစ်
ရေဆေး သန့်စင်ပြီး ၂လက်မ အရွယ် လှီးဖြတ်ထားပါ

အာလူးရေဆေး ပြီး အခွံ ခွာ လေးစိပ်စိပ်

ဘူးသီး အခွံ နွာရေဆေး အတုံးလေးများတုံးထား

ရုံးပတီသီး ရေးဆေး ၁လက်မ အရွယ် လှီးဖြတ်ထား

ခရမ်းသီး ကို အတုံးလေးများတုံးထားပါ

ကြက်သွန်နီအခွံခွာရေဆေး ပါးပါးလှီးထား

ကြက်သွနဖြူ အခွံ နွာ ဒါးပြားရိုက် ထားပါ

ခရမ်းချဉ်သီး ကို အတုံးလေးများတုံးထားပါ

မန်ကျည်းမှည့်ရေဆေး ပြီး ရေနွေးစိမ်ထားပါ

ပျဉ်းတော်သိမ် ရွက် ခြွေထားပါ

ချက်မည့် အိုး အတွင်းတွင် ကုလားပဲ လှီးဖြတ်ထားသော
ဒန့်ဒလွန်သီး ရုံးပတီသီး အာလူး ခရမ်းသီး ဘူးသီး ကြက်သွန်
ဖြူနီ ခရမ်းချဉ်သီး ပါဝင် အသီးအနှံ များအားလုံး ထညိ့
ဆား ဆန္နင်း အရောင်တင်မှုန့် ငပိ များအားလုံးထည့်နယ်
မီးဖိုပေါ်တင် ၅မိနစ် ခန့် ကြာ အငွေ့ ထွက်လာပါက
ဆီအနည်းငယ်ထည့်
၁မိနစ် ခန့် မွှေပေးပြီး မန်ကျည်းရည် လောင်းထည့်
အပေါ် လက် ၂လုံးခန့် မြုပ်သည် အထိ
ရေဆူ လာပါ က ကြက်ဥ ထည်
ဆား အရသာမှုန့် လိုသလောက်ထည့်
အပေါ့ အငံ မြည်း ပျဉ်းတော်သိမ် ရွက် အုပ်
အမွှေးနံ့ ကြိုက်ပါက မဆလာ ထည့်
စားလို့ ရပါပြီ ရှင်

ငရုတ်သီးခွဲကြမ်း အကျွတ်ကြော် နဲ့ တွဲ ဖက်စားပါက
အင်မတန် လိုက်ဖက် ပါတယ်

image
Steemit မှ fri များ အားလုံး လည်း လွယ်ကူ အဆင်ပြေ
အရသာ ရှိစွာ လုပ်စားကြပါလို့

written and made
@mamamyanmar

Sort:  

လုပ်တတ်ဘူး လုပ်ကြွေး

good အိမ်မှာလုပ်စားမယ်မမ

ဗိုက်တောင်ဆာလာပြီ

ဗိုက်ဆာပီဗျာ

Is a terrible idea. Consolidating this route. The english language can have on the success path.

mmm,,,delicious

ကြက်​ဥမြင်​တိုင်း ​ခေးကို သတိရမိပီ😃😃

nice post!
thanks for sharing knowledge!

ပုံလေးတွေထပ်ထည့်ရင်ကောင်းမယ် မမ။
အသီးအနှံလေးတွေကို လှီးထားတဲ့ပုံလေးတွေထည့်ပေါ့။

Good article

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63562.42
ETH 2649.15
USDT 1.00
SBD 2.77