Cotton Flower Overblown

in #myanmar8 years ago (edited)

လက်ပံပွင့်ချိန်


image

Hello , all my steemit member.

Steemit မှ မိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာပါ ရှင့်

ကျမ ဒီနေ့post တင် ရေးသားချင်သော အကြောင်းအရာ
ကတော့ ယခုလို နွေဦးကာလ တွင် ရွက်ဟောင်းများကြွေ
ပြီး ရွက်သစ်များဝေသည့် အချိန်မှာ နွေဦးရာသီရဲ့ အလှနှင့်
အပြိုင် လေအဝှေ့ မှာကြွေကျ လျက်ရှိကြသည့် လက်ပံပွင့်
လေး အကြောင်းကို ရေးသားမျှဝေ လိုက်ပါတယ်

ဖေဖော်ဝါရီလဆန်းသည်နှင့် ဆောင်ရာသီ ကို ခွဲခွာ နှုတ်
ဆက်ခဲ့ပါတယ်
ညဥ့်နက်ပိုင်းနှင့် နံနက်ခင်းအစောပိုင်းကလွဲ၍ အအေးဓာတ်မှာအဝေးသို့ ပြေးထွက်စပြုသည့်အချိန် နှင့် နေ့ခင်းနေ့လည်ဘက်မှာတော့ နွေဦးအကြို အပူဓာတ် စတင်လာသည့် ယခုလို
ကာလမှာ လက်ပံပွင့် လေးများဟာ လှပစွာ ရဲရဲတောက်
ဖူးပွင့်လာကြ ပြီးနောက် နွေဦးလေ မှာ ကြွေကျ မြေခ လျက်ရှိ
နေပါတော့တယ်

image

နွေဦးအကြိုရက်များကတော့ ဥသြ ငှက်တို့တွန်သံ နှင့် အတူ
လက်ပံပင် ရဲရဲနီ တွေက နွေဦးရာသီမှာ ဖြေဆည်လို့မရအောင်
လွမ်းတေး ဆိုနေသလိုပါ

ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေလောင်းဖို့ အားယူနေ
သည်မှာလည်း တစ်မျိုးလေး လွမ်းစရာကောင်းလှပါတယ်

အကြိုနွေဦးကာလရောက်လာပြီဆိုလျှင် နွေကြိုအလှကို
အထောက် အပံ့ပေးနေသည့် အရာတွေထဲမှာ လက်ပံပွင့်
လေး များကလည်း တစ်ခု အပါအဝင် ဖြစ်ပါသည်

image

ကျမတို့ အညာဒေသ မှာတော့ ယခုလိုကာလမျိုးမှာ ရဲရဲတောက် လက်ပံပွင့်တွေ အုံခဲနေသည့် လက်ပံပင်အိုကြီး များ
လက်ပံပင်ပျို လေးများကို တွေ့ မြင်ရမှာဖြစ်ပါသည်

နွေအပူကို အန်တုကာ ရဲရဲတောက်ပွင့်လာ ကြသည့် လက်ပံ
ပွင့်တွေက နေမင်းနှင့်အပြိုင် စူးရဲတောက်ပနေကြပါသည်
ကျမတို့နေထိုင်ရာ စစ်ကိုင်းမြို့ပတ်ဝန်းကျင် တစ်ဝိုက်မှာလည်း ယခု အချိန်ဆို လက်ပံတွေရဲရဲတောက်ကာ ပွင့်နေကြ ပြီ ဖြစ်
ပါတယ်

အထူးသဖြင့် စစ်ကိုင်းမြို့ ကမ်းနားလမ်းတလျောက် ရှိ လက်ပံ
ပင်တန်း ကြီးကတော့ ဧရာဝတီမြစ်ကြီး နှင့်အပြိုင် လှပ ဖူးပွင့်
နေသလို ရဲရဲတောက်နေသော လက်ပံပွင့်လေးများကလည်း
ပေတရာလမ်းမေါ်မှာ ပြန်ကျဲ ကြွကျ လျက်ရှိနေ ပုံမှာ ပန်ချီကား
တစ်ချပ် လို့ပင်ထင်မှတ်မှားလောက်အောင် လှပပါသည်

image

ငယ်စဉ်အခါကတော့ လက်ပံပွင့်ချိန်ဆို ကလေးဘာသာဘာဝ အင်မတန်ပျော်ရပါသည် ကစားဖော်သူငယ်ချင်း များနှင့်အတု
့ ကြွပ်ကြွပ်အိတ် များခြင်းတောင်ကလေးများကိုင်ကာ ဖြင့်
လက်ပံပင်တန်းကြီးဆီ အရောက်
ပြေးကြ ၍ လက်ပံပွင့် များ အလုအယက် ကောက်ခဲ့ကြ
လက်ပံပွင့်များ ဖြင့် ဆော့ကစားခဲကြ ဖူးပါတယ်

အပင်ပေါ်က လက်ပံပွင့်လေးများသည် လေ အဝှေ့မှာ
စကြာလေး တစ်ခုလို ၀ဲကာဝေ့ကာ ကျလာသည့် လက်ပံပွင့်
လေးတွနောက် တကောက်ကောက်ပြေး၍ လုကောက်ရသည် ကလည်း ပျော်စရာကောင်းလှပါသည်

လက်ပံပင်အောက် ကြွေကျနေသည့် လက်ပံပွင့်များအား ပြေး လွှားရင်း ကောက်လိုက် ပြေးလိုက်
အမောပြေနားရင်း လက်ပံပွင့်ဖတ်တွေ ၀တ်ဆံတွေကို ဖယ်
ကြ အလယ်က အူတိုင်ကိုထုတ်ကြ ထို့နောက် အိမ်ရောက်ပါက ထို ပွင့်ဖတ်တွေကို ငရုတ်ဆုံသေးသေးလေးတွေဖြင့် ထုထောင်းလိုက်ပါက ခပ်ပျစ်ပျစ်အရည် လေးတွေ ရလာလေ့ရှိသည် ထိုအရည်လေးတွေကိုဆီဟု သဘောထား ကာ ဈေးရောင်းတမ်း ကစားကြ သည် များကို ယခုထက်တိုင် အမှတ်ရနေ
မိပါသေးသည်

image

လက်ပံပွင့်လေး များ၏ ပွင့်ဖတ်တွေ ၀တ်ဆံတွေ ဖယ်ပြီးလျှင်
္ဒတော့ လက်ပံတွေကို ဆန်ကော လင်ပန်း စသည်တို ဖြင့်
နေလှန်းကြရပါတယ် သုံးလေးရက်လောက် နေလှန်းပြီးလျှင်
တော့ လက်ပံတွေ မည်းမည်းခြောက်ခြောက်ဖြစ်သွား ပါသည်
ထိုလက်ပံပွင့်ခြောက်တွေကို အိတ်သန့်သန့် တွင် ထည့်၍
သိုလှောင် သိမ်းဆည်း ကာ လိုအပ်သည့် အချိန်တွင် ချက်ပြုပ်
စားသောက်ကြပါသည်

လက်ပံပွင့်ချိန်ကျော်၍ အပူဒဏ်ကို အလူးအလဲခံရသည့် နွေလယ်ကာလ ရောက်လာပြီလျှင်တော့ ၀မ်းကလေးအေးအောင် သီးစုံချဉ်ရည်ဟင်းလေး ချက်စားတတ်ကြပါတယ်ထိုအခါဆို
လျှင်တော့ နွေဦးက ကောက်ထားခဲ့သည့် လက်ပံခြောက်လေးများက အသုံးဝင်ပါတော့တယ်
ဘူးသီး ခရမ်းသီး ပဲသီးစုံချဉ်ရည်ဟင်းထဲ လက်ပံခေါင်းခြေက်
လေးတွေ ရေစင် အောင်ဆေးပြီး ထည့်လိုက်လျှင် ပြည့်စုံသည့် သီးစုံချဉ်ရည်ဟင်း တစ်ခွက် ရရှိလာပါတော့တယ်
ခပ်ထုပ်ထုပ်ကလေး စားရသည့် လက်ပံခေါင်းအရသာမှာအသားဟင်းနှင့်ပင် မလဲနိုင် စား၍ မြိန်လွန်းလှပါသည်

တချို့ကလည်း လက်ပံပွင့် အစို ကို ပြုပ် ၍ အသုပ်သုပ် ပြီး
စားသောက်ကြသလို လက်ပံပွင့် ကို ငရုတ်သီးစပ်စပ်ဖြင့်
ထာင်း၍ လက်ပံထောင်း ပြုလုပ်စားသောက်ကြပါတယ်

image

လက်ပံပွင့်


ရနံ့မကြွယ်
ဂုဏ်ငယ် သူမို့
ရွှေကျေးတို့ မလာ
ဇရပ်ငှက်တို့သာလာ
နွေဦးအပူရှိန်ထဲမှာ

ရဲရဲတောက် အဆင်းသဏ္ဌန် နဲ့
အညှာမခိုင်နှလုံးသားနဲ့

ငါ့ကို အကြောင်းပြု ခွေးတို့ ရူးကြကုန်၏
ငါ့ထံသို့ အပျိုမငယ်တို့ လာကြကုန်၏
ငါ့ ခန္ဓာကို ပန်ဖို့မစု စားဖို့ လုကြကုန်၏
ဠင်းတ ငှက်က သားတစ် အမှတ်ဖြင့် ကိုက်ခဲကြကုန်၏

လောကဓံကို ရဲရဲဝံ့ဝံ့ အံတုသော်လည်း

လေရူးတစ်ချက် အဝေ့မှာ… ဖြုတ်ခနဲ
ဇရပ်ငှက် အနားမှာ… ဖြုတ်ခနဲ
နွားကျောင်းသားရဲ့ ပလွေသံမှာ… ဖြုတ်ခနဲ
အပျိုမတစ်သိုက်ရဲ့ ဟီလာတစ်ချက်မှာ … ဖြုတ်ခနဲ

ကြွေကျ မြေမှာခရတဲ့" လက်ပံပွင့်" ရယ်ပါ

image

ဇရပ်ကယ်ညံ ပင်လက်ပံကြွေချိန်ကျပြီမို့ ဆိုတဲ့ကဗျာကလေးကို၈တန်းနှစ်မှာသင်ယူခဲ့ရပါတယ် တကယ်တော့အရာရာတိုင်းမှာ စင်းလုံချောပြီး မတည်မြဲဘူးဆိုတဲ့ သဘောကိုဆောင်ပါ
တယ် လက်ပံပွင့်ဟာ ပန်စရာမဟုတ်ပေမဲ့ ဟင်းချက်စားရင်အရသာရှိစေပါတယ် လက်ပံပွင့်ဟာအသုံးဝင်တဲ့အတွက်
ကဗျာမှာစံတင်လောက်ပါတယ်

လူ့ဘ၀တစ်ခုကို နှစ်သက် တမ်းအလိုက် တွက်ကြသည့်အ ခါ
နှစ်ပေါင်းကြာရှည်လှ သည်ဟု ထင်မြင်စရာရှိပါသည်

နွေ မိုး ဆောင်း ဥတုသုံးလီ တစ်လှည့်ဆီ ကူးပြောင် နေသည်
ဥတု သုံးလီပေါင်းတော့ တစ်နှစ် ထိုတစ်နှစ်တစ်နှစ် တွေပေါင်းစုလိုက်တော့ တစ်ဘ၀ ဆိုတာ ဖြစ်လာသည်
မြန်ဆန် လွန်းတဲ့ လူ့ဘ၀ တိုတောင်းလွန်း တဲ့ လူ့ဘဝ
ဖြစ်ပါသည်

ကောင်းလိုက်ဆိုးလိုက် လောကဓံတွေကြား သက်ပြင်း တွေ အခါခါချခဲ့သည် စိတ်ဆိုး လိုက် ဒေါသထွက်လိုက် ရယ် လိုက်
မောလိုက်ဖြင့် ရက်တွေ လတွေ နှစ်တွေ တဖြည်းဖြည်း ကုန်သွားပြန်သည်

ထိုသို့ ဖြင့် လက်ပံပွင့်ချိန်လည်း တစ်ဖန် ရောက်၍ လာခဲ့ပြန်
ပါသည်
လက်ပံတွေ တစ်ခါပွင့်တိုင်း အသက်တွေ တစ်ခါကြီးလာခဲ့ပြီ
လက်ပံတွေ ဝေပြီးရင် ကြွေရဦးမည် လူ့ ဘ၀ဆိုတာလည်း
လက်ပံတွေလို ဝေချိန်ပြီးလျှင် ကြွေချိန်ရောက် လာဦးတော့မည်

image

Steemit မှာ ရှိကြသော မိတ်ဆွေသူငယ်ချင်းများ အား
လက်ပံပွင့် လေးများ အကြောင်း ရေသား post တင်ပေးရင်းဖြင့်
ကျမပေးလိုသည့် message မှာ

လက်ပံပွင့် လေးများသည် ဝေ ပြီးရင် ကြွေ ရမြဲ မို့
လူဘဝ ဆိုသည်မှာလည်း မွေးဖွား ပြီးနောက် သေရဦးမည် မို့
ရခဲ လှသည့် လူဘဝ ကို တန်ဖိုးထား၍ ကောင်းမွန်စွာ နေထိုင်
ရှင်သန်ကြပါစေရန် ရည်ရွယ် လျက် ရေးသားမျှဝေ ပေးလိုက်ပါတယ် ရှင့်

Steemit မှ မိတ်ဆွေ များအားလုံး ကျန်းမာရွှင်လန်းကြပါစေ

Author -

@mamamyanmar

MSC - 070

Sort:  

စိတ်ကူးတူနေတယ် ညီမရေ အမလည်း လက်ပံပင်ကြီးကြည့်ပြီး ရေးမလို့ ဒီချိန် အဲ့ freeလေးက မိုက်နေတယ်လေ

ရေးပါ လက်ပံပင် ကိုအမြင် မှာ တစ်ယောက်နဲ့တစ်ယောက်
အတွေး ရော ခံစားချက်ခြင်း ရောတူတာမှမဟုတ်တာ
ရေးရေး အားပေးမယ်နော်

ကဗျာ လေးကို ကြွေတယ်ဗျာ

အာ့ဆို အခြောက်လှန်း သုပ်စားပြိုက်

ငယ်​ငယ်​က လက်​ပံပွင့်​​ကောက်​ခဲ့တာ​တွေ​တောင်​အမှတ်​ရမိတယ်​ အမ

အယ် နိ လည်းကောက်တာဘဲလား

ဝေလိုက်ကြွေလိုက်နဲ့သံသရာလည်နေတာပါပဲလေ။လူ့ဘ၀ဆိုတာလဲနိဗ္ဗာန်မရောက်နိုင်ခင်စပ်ကြားတော့လောကဓံကိုအမြဲတန်းခံနေရမှာပါပဲအစ်မရယ်။

အာ့ကြောင့် steemit ကနေထိုင်စားလို့ရရင် တရားသွား
အားထုတ်တော့ မို့

အညာကို သတိရသွားပြီကွယ်။

သတိရရင် လာခဲ့တော့

ဖတ်လို့အရမ်းကောင်းပါတယ် အမရေ။။

ဟုတ်ကဲ့ပါ

Good တယ် fri ငယ်ငယ်ကအကြောင်းလေးတွေ
ပြန်လွမ်းမိပါတယ်ဗျ

အေးဆို

လက်ပံပွင့်နဲ့လက်ပံပင် ခုမှပဲတွေ့ဖူးတယ် သူများတွေတော့မသိဘူး ဦးဇင်းအတွက်တော့ အထူးအဆန်းတွေချည်းပဲ စစ်ကိုင်းအလည်ခေါ်ပါဦး အညာဆိုတာ တစ်ခါမှ မရောက်ဖူးသေးဘူး

စစ်ကိုင်းတောင် မင်းဝံ တောင် မှာရှိတဲ့ တန်ခိုးကြီး ဘုရားများ
အား လာရောက် ဖူးမျော် ပါရန် ဖိတ်ခေါ်လိုက်ပါသည် ဘုရား

တွေးတတ်​ ​ရေးတတ်​လိုက်​တာ အစ်​မ​ရေ
ဟောဒီအပွင့်​​တွေ ​လေတိုက်​​ကြွေကျတဲ့အခါ ..... 😀😀

ငယ်ငယ်တုန်းကတော့ကစားတယ်
ခုတော့ကောက် ပီး သုပ်စားတယ်
အဲ့လိုကွာသွားတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65486.23
ETH 1926.10
USDT 1.00
SBD 0.38