စာဖတ်ပါ
မင်္ဂလာပါ ချစ်မိတ်ဆွေ အပေါင်းတို့။ ညက သင်တန်းတက်နော့ ဖြစ်ခဲ့တဲ့ ခံစားမှုလေး အနည်းလေး ပြောပြရစေ။ ဆရာက နိုင်ငံရေးဗျ။ သူပြောတဲ့ နိုင်ငံရေးသဘောတရားတွေက ကောင်းတယ်ဗျာ။ ကိုယ်ကလည်း စာသင်ရင်သာ ငိုက်တာ။သမိုင်းတို့ နိုင်ငံရေးအကြောင်းပြောရင်တော့ ဘယ်အချိန်ပြောပြော နားထောင်ဘို့ အဆင်သင့်ဘဲ။ steemit မှာ နိုင်ငံရေးအကြောင်း ရေးလို့မရလို့သာ။ နားထောင်လို့ ကောင်းချက်ဗျာ။ ဆရာက စာတော်တော်ဖတ်ထားတာဗျ။ လေ့လာအားက အံ့မခန်းဘဲ။ ပြောလိုက်ရင် သက်သေအထောက်အထား အကိုးအကားနဲ့ပြောတာ။ ကျွန်တော်နားထောင်နေရင်း ဘာကိုတွေးမိလဲဆိုတော့ စာဖတ်ခြင်းဟာ လွန်စွာတန်ဘိုးရှိတာဘဲလို့ တွေးမိတယ်။ စာဖတ်တာမှာ ကိုယ်အားသန်ရာဖတ်ကြပါတယ်။ စာပေနယ်က အရမ်းကျယ်ပြန့်ပါတယ်။ ဘယ်လိုင်းကိုဘဲ ဖတ်ဖတ် စာဖတ်ခြင်းကပေးတဲ့အသိက လွန်စွာ အကျိုးရှိစေတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ဖြစ်ထွန်းစေတယ်။ အကြောင်းအရာတစ်ခုကို ချဉ်းကပ်ပြောဆို ရာမှာ အရမ်းအားကျမိတယ်ဗျာ။ အလွတ်ပြောချင်ရာပြောတာမဟုတ်ဘူးနော်၊ သမိုင်းသက်သေအထောက်အထား စာအုပ်စာပေ ကျမ်းကိုးတွေနဲ့ပြောတာ။ မဟော်ကြွေတာပေါ့။ ကိုယ်က နိုင်ငံခြားစာအုပ်ဆိုရင် အလှမ်းမမှီ ကြားတောင်မကြားဖူး။ ကမ္ဘာ့ကျော်စာအုပ်တွေဖတ်ပြီး sharing လုပ်နေတာ နားထောင်လို့ကောင်းမှကောင်း။ ကိုယ့်မှာ မြန်မာလိုဖတ်ရတာတောင် ပျင်းတာတွေ ရှိတယ်။
စာဖတ်ရင် ကိုယ်ဝါသနာပါရာလိုင်းကို ထူးချွန်အောင်ဖတ်ထားလေ့လာထားသင့်တယ်။ စာများများဖတ်ခြင်းဟာ အသိတွေစုံသလို ဗဟုသုတ တွေလည်းတိုးစေပါတယ်။ လူတစ်ယောက် စာဖတ်ခြင်း မဖတ်ခြင်းကို စကားပြောကြည့်ရင်သိသာပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးဟာ ပြောလို့မကုန်နိုင်အောင်ပါဘဲ။ လူငယ်လေးတွေ စာတမ်းဖတ်ပွဲမှာ ရှင်းပြတာတွေ ကြည့်ရတာ ဂုဏ်ယူစရာလေးတွေပါ။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ လူငယ်တွေတွေ့ရတာ များလာပါပြီ။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိစွာနဲ့ ပြောဆိုနေကြတယ်။ အနာဂတ်အတွက် အားရစရာ မြင်ကွင်းလေးတွေပါ။ ဘယ်နယ်ပယ်မဆို စာမဖတ်ရင် မထူးချွန်နိုင်ပါဘူး။ စာဖတ်ပါစာဖတ်ပါလို့ ပြောနေကြပေမယ့် တကယ်တမ်း စာဖတ်တဲ့ဦးရေက ကျွန်တော်တို့ နိုင်ငံမှာ အလွန်နည်းပါးပါတယ်။
စာဖတ်တာဟာ ကောင်းတယ်လို့ ယေဘူယျသဘောလောက်ဘဲလက်ခံထားကြတော့ မဖြစ်မနေလုပ်ရမယ့် အလုပ်လို့ မသတ်မှတ်ကြဘူး။ တကူးတက ဝယ်ဖတ်တဲ့သူက တော်တော်ရှားသွားပြီ။ စာကြည့်တိုက်တွေ တည်ထောင်ကြတယ်။ မဖြစ်ခင်က အားကြိုးမာန်တက် ကြိုးစား တည်ထောင်ကြပေမယ့် တကယ်လည်းတည်ထောင်ပြီးရော ဦးဆောင်သူတွေကိုယ်တိုင်တောင် စာမဖတ်ကြတာတွေ့ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ ခလေးတွေစာဖတ်ဘို့ လူငယ်တွေစာဖတ်ဘို့ ချဉ်းကပ်တဲ့နည်းလမ်းတွေ ၊planတွေ အရမ်းအားနည်းပါတယ်။ မိဘကိုယ်တိုင်က စာဖတ်ဝါသနာမပါတော့ သားသမီးကို စာဖတ်ဝါသနာပါအောင် ပြုစုပျိုးထောင်ဘို့ အားနည်းကြတယ်။ ဓမ္မစကူးလ်တို့ ၊ယဉ်ကျေးမှုသင်တန်းတို့ဆိုတာ ယခင်က ယခုလောက် အရှိန်အဟုန်မကောင်းပါဘူး။ ဒီလိုဘဲ planလေးတွေ အကော်အထည်ဖော်လိုက်တော့ အများကြီး တိုးတက်လာပါတယ်။ ဒီလိုဘဲ စာဖတ်ခြင်းကို စိတ်ဝင်စားဘို့ နည်းလမ်းတွေကို ဆွေးနွေးပြီး အကောင်အထည်ဖော်သင့်ပါတယ်။ ကျောင်းဆိုလည်း ကျောင်းအတိုင်းအတာ၊ ရပ်ကွက်ဆိုလည်း ရပ်ကွက်အတိုင်းအတာနဲ့ စီမံချက်တွေချမှတ် အကောင်အထည်ဖော်ရမှာပါ။ ရေကိုလိုရာရောက်အောင်မြောင်းဖော်သွင်းရသလိုဘဲ ကောင်းသောအရာတွေကို လုပ်ဖြစ်အောင် အစီအမံတွေနဲ့ အကောင်အထည်ဖော်ရမှာပါ။ လေကြောရှည်တာများနေပြီ
ကိုင်း! မိတ်ဆွေ သင့်ဘေးမှာစာအုပ်တစ်အုပ်ထားခဲ့ပြီ၊ ဖတ်ကြည့်လိုက်ဦးနော်။
MSC-228
@mahaw
ဖတ်ပါ့မယ် မျက်လုံးလည်း တော်တော် ပါဝါတွေကျကုန်ပါပြီ ☺
ယုံပါတယ်ဦးစိုးရေ။
စာအုပ်စာပေလူ့မိတ်ဆွေ
မှန်ပါတယ်အန်တီ၊ကျေးဇူးပါ။
ကျွန်တော် ၈တန်းလောက်က တွေးမိတဲ့အတွေးလေတစ်ခုပေါ့..ကျွန်တော်တို့ဆရာမက ဇာတ်လမ်းတွေ ပုံပြင်တွေ
ဗဟုသုတတွေပြောပြတယ် အဲဒီဆရာမပြောပြသမျှ အရာအားလုံးနီးပါးက ကျွန်တော် သိပြီးသားတွေချည်းဗျာ ပုံပြင်တွေဆို မဖတ်ဖူးတာ သိပ်မရှိ .ကျွန်တော်တွေးမိပါတယ် သြော် ငါစာလေးနည်းနည်းဖတ်ထားရုံနဲ့ ဒီလောက်သိနေတာ
ငါ စာတွေအများကြီး ဖတ်ခဲ့မယ်ဆိုရင် ငါအများကြီး ပိုသိနိုင်ပါလားဆိုပြီး..အဲဒီအတွေးတွေးမိချိန်က ကျွန်တော်စာဖတ်အား အရမ်းလျော့သွားတဲ့အချိန်မှာပေါ့ အခုတော့ စာဖတါခြင်းအလေ့ ပြန်ပြုစုပျိုးထောင်နေပါတယ်
ဘယ်စွမ်းအင်မဆို မပျောက်ပျက်ပါဘူး ။အကျိုးပေးစမြဲပါ ။ကိုယ်စိုက်သလောက် ရိမ်းသိမ်းရသလိုပေါ့။
ဒီ တိုက်တွန်မှူက ဘယ်တော့ရိုးမသွားတဲ့တိုက်တွန်မှူပါ
အမြဲတန်း တိုက်တွန်းနေရမှာပါ
အကျိုးတရားက ပြောမကုန်လို့ပါ။
You got a 2.41% upvote from @booster courtesy of @mahaw!
NEW FEATURE:
You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000
Thank you.
စာဖတ်ခြင်းကဗဟုသုတကြွယ်ဝသလိုကောင်းတဲ့အလေ့အကျင့်မို့...ကလေးတွေငယ်စဉ်ကတည်းကစာဖတ်ချင်လာအောင်လေ့ကျင့်ပေးရမှာပါ....
Posted using Partiko Android
လူငယ်တွေ စာဖတ်အားနည်းလာကြပြီ
ဟုတ်တယ်ကိုချစ်ရေ။ကျေးဇူးပါဗျာ။
ဟုတ် ကဲ့ပါ ကိုမဟော်ရေ 😊
Posted using Partiko Android
ဟုတ် ကဲ့ပါ ကိုမဟော်ရေ 😊
Posted using Partiko Android
ကျေးဇူးပါကိုလွမ်းရေ။
စာဖတ်ရင် စိတ်ကိုအစာကျွေးတာနဲ့တူတယ်
Posted using Partiko Android
သိပ်မှန်တဲ့စကားပါကိုအေး။ကျေးဇူးပါ။