ဖခင်‌တစ်‌‌ယောက်‌ရဲ့‌မေတ္တာ

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
ညက ၇း၃၀ ‌လောက်‌ ဖုန်းလာတယ်‌။ ကြည့်‌လိုက်‌‌တော့ ‌မော်‌လမြိုင်‌မှာ ‌ဆောက်‌လုပ်‌‌ရေးလုပ်‌‌နေတဲ့ သူငယ်‌ချင်းတစ်‌‌ယောက်‌။ သူငယ်‌ချင်းနှစ်‌‌ယောက်‌ စကား‌ပြောလိုက်‌တာ တစ်‌နာရီ‌ကျော်‌‌လောက်‌ကြာတယ်‌။ အစက‌တော့ အလုပ်‌ကိစ္စ အဆင်‌‌ပြေလား ‌နောက်‌အလုပ်‌‌ကော ရဘို့ရှိလား စသဖြင့်‌ အလုပ်‌ကိစ္စကို‌ပြော‌နေရင်း သူက‌နေ့စဉ်‌စား‌သောက်‌မှုပုံစံကို ထိန်းထိန်းသိမ်းသိမ်းစားဘို့ ဂရုစိုက်‌စားဘို့ အကြံပြုလာတယ်‌။ ဒီည ငါ့သူငယ်‌ချင်း ထူးခြား‌နေပါလားလို့ စိတ်‌ထဲမှာ‌တော့ထင်‌မိတယ်‌။

403-2.jpg

crd.org.source

ဘာဖြစ်‌လို့လဲဆို‌တော့ အလုပ်‌များ‌နေတဲ့ကြားက တစ်‌ခုတ်‌တရဖုန်းဆက်‌တယ်‌၊ ‌နေ့စဉ်‌စား‌သောက်‌မှုကို သတိထားဘို့‌ပြောတယ်‌၊ ‌လေ့ကျင့်‌ခန်းလုပ်‌ဘို့‌ပြောတယ်‌၊ တစ်‌ခုခု‌လေ့လာဘို့‌ပြောတယ်‌ ၊ဘာသာ‌ရေးလုပ်‌ဘို့‌ပြောတယ်‌ ၊ငါတို့ကအသက်‌ကြီးလာပြီ ကျန်းမာ‌ရေးကို ဂရုစိုက်‌ဘို့ အ‌ကြောင်း‌တွေ ‌ပြော‌တော့ ထူးခြားပြီဆို‌တာ‌တော့ ရိပ်‌မိလိုက်‌ပါတယ်‌။ ‌ပေါင်းလာတာ နှစ်‌၂၀နီးပါးရှိပြီ ရိပ်‌မိတာ‌ပေါ့။
အစားအ‌သောက်‌နဲ့ပက်‌သက်‌ပြီး အသီးအရွက်‌ဘဲစား‌နေတဲ့အ‌ကြောင်း၊ တစ်‌‌နေ့ကို အရည်‌ရွှမ်းအသီး တစ်‌ခုခုစားဖြစ်‌တဲ့အ‌ကြောင်း၊ နဂါး‌မောက်‌သီးကို ‌နေ့စဉ်‌စား‌ပေးဖြစ်‌တဲ့အ‌ကြောင်း စသဖြင့်‌ ‌နေ့စဉ်‌စား‌သောက်‌‌နေထိုင်‌မှုကို ‌ပြောပြတယ်‌။ တစ်‌ချိန်‌တုန်းက ‌စီးကရက်‌ကို အလွန်‌အကျွံ‌သောက်‌ ကျန်းမာ‌ရေးကို ဂရုမစိုက်‌တဲ့သူက အပိုး‌တွေကျိုး‌နေ‌တော့ ပြုံးမိတာ‌ပေါ့။ ဘာဖြစ်‌လို့ ‌ပြောင်းလဲသွားပါလိမ့်‌ဆို‌တော့ အ‌ဖြေကိုရှာ‌တွေ့မိတယ်‌။

images (1).jpeg

crd.org.source

သူငယ်‌ချင်းရဲ့ ဇနီးမှာ ဒုတိယ‌မြောက်‌ရင်‌‌သွေးအတွက်‌ ကိုယ်‌ဝန်‌လွယ်‌ထားရပြီဆိုတာသိလိုက်‌ရတယ်‌။ ခ‌လေး‌တွေအတွက်‌ အနာဂတ်‌ကို စိတ်‌ပူတတ်‌လာပြီ‌လေ။သူက အိမ်‌‌ထောင်‌ပြုတာ‌နောက်‌ကျ‌တော့ ခ‌လေး‌တွေက ငယ်‌‌သေးတယ်‌။ ဖခင်‌တစ်‌‌ယောက်‌ရဲ့‌မေတ္တာ‌တွေ စိုးရိမ်‌ပူပန်‌မှု‌တွေ မြင်‌‌နေရတယ်‌။ ယခင်‌တုန်းက ‌သေမှာကို မ‌ကြောက်‌ဖူးတဲ့ ၊အခု ‌ကြောက်‌တတ်‌လာပြီတဲ့။ ငါမရှိရင်‌ သူတို့‌လေး‌တွေဘယ်‌လိုရပ်‌တည်‌မလဲဆိုတာစဉ်းစားမိတိုင်း အိပ်‌မ‌ပျော်‌ဘူးတဲ့။ ကျွန်‌‌တော်‌ဘာကိုသတိထားမိလဲဆို‌တော့ ‌မေတ္တာရဲ့သ‌ဘောတရားကို သတိထားမိတယ်‌။ ဖခင်‌တစ်‌‌ယောက်‌ရဲ့ သားသမီးအ‌ပေါ်ထားတဲ့‌မေတ္တာဟာ မဆန်း‌ပေမယ့်‌ ‌ရောင်‌ပြန်‌ဟပ်‌တဲ့ သ‌ဘောတရားက ဆန်းတယ်‌ဗျ။ တစ်‌ချို့သိ‌နေကြတာက ‌မေတ္တာ‌ရောင်‌ပြန်‌ဟပ်‌တယ်‌ဆို တစ်‌ဦးက ‌မေတ္တာထားရင်‌ သူ့ကို ပြန်‌ပြီး‌မေတ္တာပြန်‌ထားခံရတာ‌လောက်‌ဘဲသိ‌နေကြတယ်‌။ ကျွန်‌‌တော်‌သတိထားမိတဲ့‌မေတ္တာ‌ရောင်‌ပြန်‌ဟပ်‌တာက အကျိုးတရားပိုင်းပါ။ သူ့သားသမီးအတွက်‌ ‌နေထိုင်‌စား‌သောက်‌မှုပုံစံ ‌ပြောင်းလိုက်‌တာနဲ့ သူ့အတွက်‌ ‌ကောင်းကျိုး‌တွေ လက်‌ငင်းခံစား‌နေရတာကို ‌ပြောချင်‌တာပါ။ သူ့အတိုင်းဆို ဒီလို‌နေမှာ မဟုတ်‌ဘူး၊ ‌နေလည်း မ‌နေထိုင်‌ခဲ့ဘူး။ ခ‌လေး‌တွေအတွက်‌ အသက်‌ရှည်‌ရမယ်‌၊ ရှာဖွေနိုင်‌ရမယ်‌၊ ကျန်းမာရမယ်‌ ဆိုတဲ့အသိစိတ်‌ ‌မေတ္တာစိတ်‌‌ကြောင့်‌ သူကိုယ်‌တိုင်‌ အကျိုးတရား‌တွေ လက်‌ငင်းခံစား‌နေရပြီ။ ဒါကို‌ပြောချင်‌တာပါ။ ညက ဖုန်းဆက်‌စကား‌ပြောရင်း ‌တွေးမိတာ‌လေးကို ‌ရေးသားလိုက်‌ခြင်းဖြစ်‌ပါတယ်‌။ မိတ်‌‌ဆွေတို့လည်း ကျွန်‌‌တော်‌‌ပေးတဲ့ message ‌လေးကို သတိထားမိပါ‌စေလို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။
အားလုံး ကျန်းမာချမ်းသာကြပါ‌စေ။

MSC-228
@mahaw

Sort:  

ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိ ရလိုက်ပါတယ်

‌ကျေးဇူးပါ။

အစ်ကို ပြောပြတဲ့ပုံစံလေးကောင်းပါတယ်ခင်ဗျာ။လက်ငင်းအကျိုးပြန်လည်ရရှိနေတာကိုလည်း သိသာစေပါတယ်။ကောင်းမွန်သော post လေးပါခင်ဗျာ။

‌ကျေးဇူးပါကိုသန့်‌‌ရေ။ထပ်‌‌တွေ့ဆုံချင်‌ပါ‌သေးတယ်‌။

good ကျန်းမာရေး လိုက်စားနိုင်ဖို့ ကြိုးစားရဦးမယ် လူသာ အရမ်းမကြီးသေးတာ ကျန်းမာရေးနဲ့ ဝေးနေတာကြာပြီ

လူသာ မကြီးတာပါ။

ကိုမ​ဟော်​က​တော့ အ​ရေးအသားမိုက်​တယ်ဗျာ

အတူတူ ချင်း ‌မြှောက်‌‌နေ ပြန်‌ပါပြီ။‌ကျေးဇူးဦးယု‌ရေ။

မမြင်ရခင်က သံယောဇဉ် မေတ္တာကြိုးလေးပေါ့

တစ်‌‌ယောက်‌က သုံးနှစ်‌ ၊ဒုတိယရင်‌‌သွေးလွယ်‌ထားတာ‌ပေါ့ဦး။‌ကျေးဇူးပါ။

မိသားစုအ​ပေါ်​မေတ္တာစိတ်​​ကြောင့်​ပြုပြင်​လာတဲ့သ​ဘော​ပေါ့​နော့....

Posted using Partiko Android

ဟုတ်‌ပါတယ်‌ညီမ။

သားသမီးအတွက်​ အချစ်​​တွေ​ပေါ့ဗျာ 😊😊

Posted using Partiko Android

ဟုတ်‌ပါတယ်‌ ကိုလွမ်း ၊အစ်‌ကိုတို့ကသိ ပြီးသားပါ။

ကောင်းလိုက်တာ အကိုရေ

Posted using Partiko Android

ပေးလိုက်တဲ့ မက်ဆေ့ဂ်ျ ကို အပြည့်ဝရလိုက်ပါတယ်။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22