လူတစ်‌‌ယောက်‌ရဲ့စိတ်‌

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ လူ့စိတ်‌ဆိုတာ တစ်‌ချိန်‌နဲ့တစ်‌ချိန်‌‌ပြောင်းလဲနိုင်‌တာကို သိသာထင်‌ရှား‌စေနိုင်‌တဲ့ အ‌ကြောင်းအရာ‌လေး တင်‌ပြချင်‌ပါတယ်‌။
‌နေခြည်‌ဖြာတဲ့နံနက်‌ခင်း‌လေးတစ်‌‌နေ့ အလုပ်‌မှာ တန်းစီ‌တော့ အသက်‌ငယ်‌ငယ်‌အရာရှိမ‌လေး တစ်‌‌ယောက်‌ ကျွန်‌‌တော်‌‌တို့လုပ်‌တဲ့ စက်‌ရုံကို ‌ရောက်‌လာ‌ကြောင်း သိရှိလိုက်‌ရတယ်‌။ ‌လုပ်‌ငန်းခွင်‌ထဲဝင်‌‌တော့ သူမဟာ ကျွန်‌‌တော်‌တို့ sectionမှာတာဝန်‌ကျတယ်‌။ သူမဟာ စိတ်‌ရင်း‌ကောင်းသလို မှာလည်းကြိုးစားရှာတယ်‌။ ‌ပေါ့ပါးတယ်‌၊သွက်‌လက်‌တယ်‌၊အားလုံးနဲ့အဆင်‌‌ပြေ‌အောင်‌ ‌ပေါင်းသင်းတတ်‌တယ်‌။ ခြုံငုံ‌ပြောရရင်‌ ဝန်‌ထမ်း‌ကောင်းတစ်‌‌ယောက်‌‌ပေါ့။ သူမ စကား‌ပြောရင်‌ယဉ်‌‌ကျေးသလို ရိုးရိုး‌အေး‌အေး‌နေတတ်‌တယ်‌။ သူမရဲ့ကြိုးစားအားထုတ်‌မှု‌ကြောင့်‌ တစ်‌‌နေ့ သူမဟာ ဌာနတစ်‌ခုရဲ့တာဝန်‌ခံအဖြစ်‌ တာဝန်‌ထမ်း‌ဆောင်‌ရတယ်‌။ sectionမှာ အတူတူလုပ်‌ခဲ့တဲ့ ညီအစ်‌ကို‌မောင်‌နှ‌တွေက သူမအတွက်‌ ဌာနအသစ်‌မှာ အဆင်‌‌ပြေ‌အောင်‌ ဝိုင်းဝန်းအကြံ‌ပေးကြပါတယ်‌။ဘယ်‌လို‌နေ ဘယ်‌လိုလုပ်‌ပါစသဖြင့်‌ သံ‌ယောဇဉ်‌‌လေး‌တွေနဲ့ စိတ်‌ပူရှာကြတယ်‌။

FB_IMG_1524969996037.jpg

crd.org.source

ဒီလိုနဲ့ ဌာန‌ပြောင်းလုပ်‌ရတယ်‌ဆိုပါစို့။ တဖြည်းဖြည်းသူမပုံစံဟာ ‌ပြောင်းလဲလာတယ်‌။ ဘာ‌ပြောင်းလဲလာသလဲဆို‌တော့ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးအပိုင်း။ အခြားဝန်‌ထမ်း‌တွေနဲ့ အဆင်‌မ‌ပြေမှု‌တွေများလားပြီး စကား‌ပြောတာ ‌မောက်‌မာလာသလို ရင့်‌သီးလာတယ်‌။ အလုပ်‌ကို‌တော့ သူမဟာ ကြိုးစားရှာတယ်‌။‌တော်‌လည်း‌တော်‌တယ်‌။ အလုပ်‌ထဲကို စိတ်‌အပြည့်နှစ်‌ထားတယ်‌။ သူ့အလုပ်‌ကိုဘဲ‌ခေါင်းထဲထည့်‌ထား‌တော့ ပတ်‌ဝန်းကျင်‌နဲ့အဆင်‌မ‌ပြေတာကို သူမဟာ အစက သတိမထားမိဘူး။ ကိုယ့်‌ကိုကိုယ်‌အရည်းအချင်းမြင့်‌တက်‌‌အောင်‌ ကြိုးစား‌နေတယ်‌လို့ ခံယူထားလို့ ဘယ်‌သူဘာ‌ပြော‌ပြောဂရုမစိုက်‌ဘူး။ ဒါ‌ပေမယ့်‌ဘာဖြစ်‌လာလည်းဆို‌တော့ သူမသတင်းက တဖြည်းဖြည်း ကြီးလာတယ်‌။ သူမနဲ့ပြဿနာတတ်‌တဲ့ဝန်‌ထမ်း‌တွေ ပိုပိုများလာတယ်‌။ ကြားရတာ‌တွေက စိတ်‌မ‌ကောင်းစရာ‌ပေါ့ဗျာ။
တစ်‌‌နေ့ အလုပ်‌ထဲမှာ သူမနဲ့စကား‌ပြောဖြစ်‌တယ်‌။ သူမဟာ HRသင်‌တန်းတက်‌ပြီး‌နောက်‌ပိုင်း သူ့အသိ‌တွေ‌ပြောင်းလဲလာတယ်‌ဆိုတဲ့အ‌ကြောင်း၊ ဝန်‌ထမ်း‌တွေရဲ့ စိတ်‌ကို ဖတ်‌တက်‌ဖို့လို‌ကြောင်း၊ သူမဟာ အလုပ်‌တစ်‌ခုတည်းသာ မြင်‌‌တော့ ‌ပေါင်းသင်းဆက်‌ဆံ‌ရေးပိုင်းအားနည်းခဲ့ရ‌ကြောင်း စသဖြင့်‌ ‌ကောင်းမွန်‌‌သောစကား‌တွေကြားခဲ့ရပါတယ်‌။

download.jpeg
crd.org.source

သူမကိုစသိ‌တော့ ရိုးရိုး‌အေး‌အေး အတတပုံစံ
‌နောက်‌ အရာရှိမခပ်‌ဆိုးဆိုး နှုတ်‌တီး‌ကောင်း လျှာပါးတဲ့ပုံစံ
အခု အမြင်‌မှန်‌ရပြီး ပြုပြင်‌မယ့်‌ပုံစံ။
လူတစ်‌‌ယောက်‌တည်းက ပုံစံအမျိုးမျိုးမြင်‌ရလို့ ဒီPost‌လေး ‌ရေးလိုက်‌တာပါ။
လူဆိုတာ စိတ်‌ထား‌ပေါ်မူတည်‌ပြီး‌ပြောင်းလဲတာဘဲလို့ ‌တွေးမိလိုက်‌ပါတယ်‌ မိတ်‌‌ဆွေတို့‌ရေ။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုတဲ့သူတွေကို ပြေးမြင်မိတယ် သူတို့ က ပတ်ဝန်းကျင်နဲ့နေတာမဟုတ်ဘဲ တောထဲထွက်နေကြတာမှ မဟုတ်တာ ကိုဟ်ကျင်လည်ရာ ပတ်ဝန်းကျင်ကိုတော့ အရေးတယူ အဆင်ပြေပြေပေါင်းသင့်တယ်ထင်တာပဲ အဲ့အရာရှိမ ပြောင်းလဲမြန်လို့ ပေါ့ မဟုတ်ရင် သူ့ အတွက် အနေအထားမကောင်းလောက်ဘူး

ဟုတ်‌တယ်‌ဘုရား၊မာန်‌‌တွေဟာ ဆိုးကျိုးဘဲ ဖြစိ‌စေပါတယ်‌။

အမှားသိတော့ အမှန် အချိန်မီ ပြင့ဆင်ခွင့် ရတော့မယ် မင်္ဂလာရှိပါတယ် လို့😊

မှန်‌ပါတယ်‌ ညီမ။‌ကျေးဇူးပါ။

အစိုးမရသောစိတ်ထားများ

ဖြစ်‌နိုင်‌ရင်‌ ‌ကောင်းတဲ့ဘက်‌ ဦးတည်‌‌ပေးရမှာ‌ပေါ့ ဗျာ။‌ကျေးဇူးပါ‌နော်‌။

အမြဲပြောင်းလဲနေတတ်တာစိတ်ပါ

‌ကောင်းတဲ့စိတ်‌‌လေးထားနိုင်‌‌အောင်‌ကြိုးစားရမှာပါ။

အကိုရေ ကျွန်တော်တို့ အလုပ်ထဲက ထွက်သွားတဲ့  မမလား 😊

ဟုတ်‌တယ်‌ညီ။

လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်ရင် သူ့ကိုရာထူးပေးလိုက်ပါတဲ့
ဒီမမက အချိန်မီပြန်ပြင်တယ်ဆိုတော့ မဆိုးပါဘူး
လူတိုင်းအမှားမကင်းနိုင်ဘူးလေ

သင်‌ခန်းစာ‌ပေါ့ဗျာ။ ဖြစ်‌တတ်‌ပါတယ်‌။

စိတ်က ပတ်ဝန်းကျင်ကို လိုက်ပြီးပြောင်းလဲတယ်
ထင်ပဗျာ

မာန်‌‌လေး‌တွေ‌ပေါ့ ဦး‌ထွေးရာ။

ဟုပ်​တယ်​ ကိုမ​ဟော်​ ​ရေ စိတ်​တင်​မကပါဘူး ကမ္ဘာ​ပေါ်ရှိရုဝထ္ထုတိုင်းစက္ကန့်​နှင့်​အမျှ​ပြောင်းလဲ​နေတာပါ။သိပ္ပံပညာရှင်​​တွေက​ပြောကြတယ်
စင်္ကြာဝဠာ အတွင်းမှာရုဝထ္ထုအားလုံးသည်​ ​ရော့လဲမသွား တိုးလဲမလာ ​ပြောင်းလဲ ခြင်းနိယာမ အတိုင်း​ပြောင်းလဲ​နေကြသည်​တဲ့။

ဟုတ်‌ကဲ့ ဦးယု‌ရေ။

လူတိုင်းမှားတတ်ကြတာပဲဗျာ ။ အမှားကိုသိချိန်မှာ ပြင်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။

ဟုတ်‌တယ်‌ဆရာညီ၊အချိန်‌မှီ ပြု ပြင်‌နိုင်‌တာ အ‌ကောင်းဆုံးပါ။

အော် 😩😩😩

မအော်ရဘူးလေ😊

နားလည်‌တဲ့သ‌ဘော‌ပေါ့။

ဟိဟိ. ဟုတေ ခေး နားလည်သွားတဲ့သဘော.. 😃😃😃

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 65139.82
ETH 3206.69
USDT 1.00
SBD 4.16