‌ဗျောကြိုက်‌လား ၊ဘွန်‌‌တောကြိုက်‌လား....

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
ကျွန်‌‌တော်‌တို့ လှုပ်‌ရှား‌နေတဲ့အဝန်းအဝိုင်း‌လေးက တဖြည်းဖြည်း ကျဉ်း‌မြောင်းလာသလို ခံစား‌နေရတယ်‌။ ဒီထက်‌ မကျဉ်း‌မြောင်း‌အောင်‌ ဘာ‌တွေ‌ထောက်‌ကန်‌ထားမလဲ ကြားကန်‌ထားမလဲမိတ်‌‌ဆွေတို့‌ရေ။ မိတ်‌‌ဆွေတို့ရဲ့သ‌ဘောထား‌လေ နည်းနည်း‌ပြောပြပါလားဟင်‌။ အစတုန်းက အငယ်‌‌တွေဘဲ ‌လျော့ပါးတာရှိ‌ပေမယ့်‌ ယခုဖြစ်‌သွားတာက တကယ့်‌ Super ကြီး‌တွေကအစ မအားကြ‌တော့ သံစုံတီးဝိုင်းကြီး ဆွံ့အသွားတာ‌ပေါ့ဗျာ။ ထိုသံစုံတီးဝိုင်းကြီး ပြန်‌လည်‌မြိုင်‌ဆိုင်‌လာဘို့ တစ်‌ခုခု‌တော့ စဉ်းစားမှရ‌တော့မယ်‌။

images (2).jpeg

crd.org.source

ကျွန်‌‌တော်‌တို့ လူငယ်‌ဘဝ ‌ကျောင်း‌ဆောင်‌မှာဘဲဖြစ်‌ဖြစ်‌ ၊ရပ်‌ကွက်‌ထဲမှာဘဲ ဖြစ်‌ဖြစ်‌ ဂစ်‌တာတီး‌သီးချင်းဝိုင်းဆိုတဲ့ လုပ်‌ရပ်‌‌တွေ လုပ်‌ခဲ့ဖူးပါတယ်‌။ ညဘက်‌ အ‌ဆောင်‌‌ရှေ့သီးချင်းသွားဆိုချင်‌ရင်‌ ဂီတာတီးတတ်‌တဲ့သူကို ဦးစွာ အရင်‌ရှာရပါတယ်‌။ သူပါပြီဆို သိပ်‌မခဲယဉ်း‌တော့ဘူး။ သီချင်းဆိုတာက ဝိုင်းဖွဲ့ဆိုလိုရတယ်‌။ ကိုယ်‌ရတဲ့သီချင်း ကိုယ်‌ရတဲ့ အပုဒ်‌ဆိုရင်‌‌တော့ ကျယ်‌ကျယ်‌ဆိုတာ‌ပေါ့ဗျာ။ ကိုယ်‌မရဘူး ကြားဖူးနားဝ‌လောက်‌ဘဲဆိုရင်‌‌တော့ ‌နောက်‌က လိုက်‌ဝါးဆိုတာ‌ပေါ့။ ‌နောက်‌ဆုံးမရဘူးဆို‌တောင်‌ စည်းဝါးလိုက်‌‌ပေးတယ်‌ ၊လက်‌ခုပ်‌တီးတာတို့ လက်‌‌ဖျောက်‌တီးတာတို့ လုပ်‌‌ပေးတယ်‌။ ဘာပဲ‌ပြော‌ပြော သူ့ဟာနဲ့သူ‌တော့ နား‌ထောင်‌လို့‌ကောင်းပါတယ်‌။ ဂီတာနှစ်‌လက်‌ဆိုရင်‌ ပိုမြိုင်‌တာ‌ပေါ့။
ဒီလိုဘဲ‌ပေါ့ဗျာ သံစုံတီးဝိုင်းကြီး ပြန်‌လည်‌ဖြစ်‌‌ပေါ် စို‌ပြေလာဘို့ ပထမဆုံး ဘာပြန်‌လုပ်‌ရမယ်‌ထင်‌လဲ။ အတီးသမား‌တွေကို အရင်‌ ပြန်‌ရှာရမယ်‌ ပြန်‌စု‌ဆောင်းရမယ်‌။ သူတို့ရှိမယ်‌ဆိုရင်‌ drum တစ်‌ချက်‌‌ခေါက်‌တာနဲ့ အဆို‌တော်‌ပိုးသမား‌တွေ ‌ရောက်‌လာကြမှာပါ။ ချစ်‌စမ်း‌မောင်‌တို့လိုLeadတွဲလုံး‌လေး နည်းနည်းတီးခတ်‌ပြလိုက်‌တာနဲ့ ဝင်‌လာမဆဲတသဲသဲ ဖြစ်‌လာမှာပါ။ ဆိုင်းကြိုက်‌တဲ့‌မောင်‌‌တွေ ဗုံသံ‌ပေးရင်‌ မ‌နေနိုင်‌ပါဘူး။ တစ်‌ခု‌တော့ ရှိတယ်‌။ တီးခတ်‌မယ့်‌သူ မရှိဘဲလူစုလို့‌တော့ အဆင်‌မ‌ပြေဘူးဗျ။

images (3).jpeg

crd.org.source

‌အောင်‌မြင်‌ခဲ့တဲ့ တီးဝိုင်း ဆိုင်းဝိုင်း‌တွေကို ပြန်‌လူစုရင်‌ အခက်‌အခဲတစ်‌ခုရှိတယ်‌။ လိုင်း‌ပေါင်းစုံထဲ‌ရောက်‌သွားတဲ့သူ‌တွေကို ပြန်‌‌ရှာရတာ‌ဆို‌တော့ ထင်‌သ‌လောက်‌မလွယ်‌ဘူး။ အရက်‌သမားလည်း ဖြစ်‌နိုင်‌သလို ဖဲသမားကြက်‌သမားလည်း ဖြစ်‌နိုင်‌တာဘဲ။ ဒါ‌ပေသိ သူတို့အလုပ်‌လုပ်‌‌နေတဲ့အချိန်‌မှာကြ အမှားအယွင်းမရှိပါဘူး။ တီးခတ်‌တာက ‌ဖြောင့်‌လို့ပါ။ ရပ်‌ကွက်‌မှာ စတိတ်‌ရှိုးသံ‌ပေးလိုက်‌ရင်‌ လူငယ်‌‌တွေ မ‌နေနိုင်‌ပါဘူး။ အလျှို အလျှိုထွက်‌‌ပေါ်လာကြပါတယ်‌။ အခုက လူမစုံ‌တော့ ရှိတဲ့သူက drum ဆို drumဘဲတစ်‌‌ယောက်‌တည်း တီးခတ်‌‌နေရသလို Bassသမားကလည်း Bassဘဲ ‌လေ့ကျင့်‌‌နေရတယ်‌။ အလှူအိမ်‌‌တွေမှာ ‌ဗျောသံ‌ပေးဘို့ လိုသလို ၊ ဆွမ်းထချက်‌ရန်‌ ဘွန်‌‌တော်‌‌လေး လိုတယ်‌။
ကိုင်း ‌ရောင်းရင်းတိုကို တီးခတ်‌မယ့်‌သူ‌တွေရှာပြီး
‌ဗျောသံ‌ပေးရမလား...
ဘွန်‌‌တော ‌ပေးရမလား
IC‌ပေးရမလား.....
လိုချင်‌တာ ‌ပြောကြည့်‌။
‌လော‌လောဆယ်‌‌တော့ တွံ့‌တေးစိုး‌အောင်‌ရဲ့ မယ်‌ဒလင်‌အသံ‌လေးဘဲ နား‌ထောင်းဦး မိတ်‌‌ဆွေ။
Steem ‌ဈေးတက်‌ရင်‌ သံစုံသီးဝိုင်း ငှား‌ပေးပါမယ်‌လို့ ‌ပြောကြားရင်း လွမ်း‌တေး‌လေး‌တွေ သီဆို လိုက်‌ပါဦးမယ်‌။

MSC-228
@mahaw

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70638.80
ETH 3565.34
USDT 1.00
SBD 4.73