မြန်​မာကျပ်​​ငွေ ဘာ​ကြောင့်​ ကျဆင်းရသလည်း?

in #myanmar6 years ago

မြန်​မာကျပ်​​ငွေ ဘာ​ကြောင့်​ ကျဆင်းရသလည်း?
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

အခုတ​လောပိုင်း ​ဒေါ်လာ-ကျပ်​​ငွေဖလှယ်​နှူန်း ၁၄၀၀
ကျော်​သွားခဲ့ပြီး​နောက်​ မြန်​မာ့​ငွေ​ကြေးစနစ်​နှင့်​ ဗဟို
ဘဏ်​ ​ပေါ်လစီတို့ကို့ လူအများက စိတ်​ဝင်​စားမှူ့ 
ယခင်​ကထက်​ ပိုများလာကြသည်​။ ဒီလ ၃၁ရက်​​နေ့
မှာ ဗဟိုဘဏ်​ ဥက္ကဌ အ​ပြောင်းအလဲ ရှိ​နေတာရယ်​၊
ဝန်​ကြီးဌာနများကို မိမိတို့ဌာန အသီးသီးအလိုက်
နိုင်​ငံခြား ​ငွေ ရှာသုံးရမည်​ဟူ​သော အစိုးရ ​ပေါ်လစီ
စသည်​တို့​ကြောင့်​ ​ဈေးကစားသူများ၏ ​ဈေးကစား
မှူ့ ​သည်​ဒေါ်လာ တန်​ဖိုးတက်​ပြီးမြန်​မာကျပ်​​ငွေ
တန်​ဖိုးကျဆင်းရခြင်းက တ​ကြောင်း၊ ကမ္ဘာ ၌ ​ဒေါ်လာ
တန်​ဖိုးတက်​ခြင်း​ကြောင့်​ မြန်​မာကျပ်​ တန်​ဖိုး ကျဆင်း
ရခြင်း စသည်​တို​အပြင်​ တခြား​သော ငြင်းခုံစရာ အ​ထွေ
ထွေ ၊ ကိစ္စများတို့အလယ်​ လူထု၏ အာရုံစို​က်​မှူ့ တိုးလာ
ခဲ့သည်​ဟုဆိုရမည်​။တချို့ကလည်း စိုးရိမ်​စိတ်​​ကြောင့်
လာ​မေးကြသလို၊ တချို့ကလည်းဘာ​ကြောင့်​အတက်​၊
အကျ ဖြစ်​​စေရလည်းဟူ​သော ကွင်းဆက်​၊ ဆက်​နွှယ်​ပုံ
များကို သိလိုကြ၍ ​မေးမြန်းလာကြသည်​။ ​မေးသည့်​အထဲ၌ လက်​ရှိForex trading လုပ်​​နေသူများ​တောင်
ပါ​နေကြသည်​။ နိုင်​ငံခြား​ငွေ​ကြေးအတွဲများကြ​တော့ အတက်​၊အကျ ကိုယ်​တိုင်​ကိုယ်​ကျ ခနိ့မှနိးသုံးသပ်​ကြ
ပြီး အ​ရောင်းအဝယ်​လုပ်​သူများက ​ဒေါ်လာ-ကျပ်​အတွဲ
ကြ​တော့ ​ခြေရာ မခံတတ်​ကြလို့ ​မေးကြခြင်းဖြစ်​ပါသည်​တဲ့။ ကဲရှိ​စေ​တော့။ သိသ​လောက်​​တော့ ​ဖြေကြားအံ့။

ကမ္ဘာ ​ပေါ်တွင်​ နိုင်​ငံခြား​ငွေ​လဲလှယ်​​ရေးစနစ်​နင့်​ပတ်​သက်​ပြီး စနစ်​ (၃)မျိုး ထွနိးကား​နေပါသည်​။၎င်းတို့မှာ...
(၁)အချုပ်​အချယ်​မရှိ လွတ်​လပ်​​သော နိုင်​ငံခြား​ငွေ
လဲလှယ်​​ရေးစနစ်​။ ဤစနစ်​က​တော့ ​ဈေးကွက်​​ရောင်း
လိုအား၊၀ယ်​လိုအားအတိုင်း ​ပေါက်​​ဈေးကိုမျှော
ထားသည့်​ အရှင်​​မျှော ထားစနစ်​(free float system)ကိုဆိုလိုသည်​။

(၂)နိုင်​ငံခြား​ငွေလဲလှယ်​​ရေးကို အစိုးရ က လုံးဝဥဿုံ
ကွပ်​ကဲချုပ်​ကိုင်​ထား​သောစနစ်​ ။ ၎င်းစနစ်​၌ လဲလှယ်​​ရေး
နှူန်းကို အစိုးရက ပုံ​သေထားသတ်​မှတ်​ပြီး၊ fixed exchange rate system ဟု​ခေါ်သည်​။

(၃)ဤစနစ်​သည်​က​တော့ အထက်​က (၁) နှင့်​ (၂)စနစ်
နှစ်​မျိုးလုံးကို ​ပေါင်းစပ်​ထားသည့်​ ကပြားစနစ်​ ဖြစ်​သည်​။

လက်​ရှိတရုတ်​နိုင်​ငံကျင့်​သုံးသည့်​ စနစ်​သည်​ နံပါတ်​(၃)
ကပြားစနစ်​ ပင်​ဖြစ်​သည်​။ ၁၉၉၃ခုနှစ်​မတိုင်​မီက တရုတ်
နိုင်​ငံခြား​ငွေလဲလှယ်​​ရေးစနစ်​သည်​ (၃)မျိုးရှိ​လေသည်​။
(က)တရုတ်​ဗဟိုဘဏ်​က တရားဝင်​ပုံ​သေ သတ်​မှတ်
ထား​သောနှူနိး၊ (ခ)​ငွေဖလှယ်​​ရေးဌာန(Swap centres)များတို့တွင်​ ​ပေါက်​​သော​ဈေးနှူနိး။
၎င်းဌာနတို့သည်​လညိး ပုဂ္ဂလိက တို့ထက်​ အစိုးရအာ
ဏာပိုင်​များကသာ အုပ်​စိုးကြီးစိုးထားခြင်းဖြစ်​​လေ
သည်​။သ​ဘောက​တော့ အစိုးရ သတ်​မှတ်​​ဈေးနူန်း
နှင့်​သိပ်​မခြား​ပေ။(ဂ)ပြင်​ပ​ဈေးကွက်​ ​မှောင်​ခိုနှူနိး
ဖြစ်​သည်​။စနစ်​တိုင်းမှာ ထိနိးချုပ်​ကွပ်​ကဲမှူ့ တို့က
တင်းကြပ်​လွန်း​နေသည့်​အတွက်​ ပြည်​တွင်း၊ပြည်​ပ
လုပ်​ငနိးရှင်​ အသီးသီးတို့က ​ဝေဖန်​သံ​တွေ ထွက်
လာ​သောအခါတွင်​ ၁၉၉၃ခုနှစ်​၊ ဒီဇင်​ဘာကုန်
၌ ၎င်းစနစ်​ (၃)မျိုးလုံးကို တစ်​​ပေါင်းတစ်​စည်းတည်း
ပေါင်းစည်းလိုက်​ပြီဖြစ်​​ကြောင်းနှင့်​ တရားဝင်​ ပုံ​သေ
နှူန်းကို ဖျက်​ပြီး အရှင်​ထား​ငွေလဲလှယ်​​ရေးစနစ်​ကို
ကျင့်​သုံး​တော့မည်​ဖြစ်​​ကြောင်းတရားဝင်​​ကြေညာ
ခဲ့​လေသည်​။

တရုတ်​ က အဲဒိလို ​ကြေညာခဲ့​ပေမယ့်​ အခုချိန်​အထိ
နိုင်​ငံခြား​ငွေ လဲလှယ်​​ရေးစနစ်​ ကို သွယ်​၀ိုက်​​သော
နည်းဖြင့်​ထိန်းချုပ်​ထားသည်​။ ကမ္ဘာ့ ပညာရှင်​အများ
စုတို့က​တော့ တရုတ်​၏ စနစ်​ကို ထိန်းချုပ်​ခံ အရှင်
မျှော စနစ်​(managed float)ဟု သတ်​မှတ်​​ခေါ်
ဆိုကြသည်​။တရုတ်​သည်​ နိုင်​ငံခြားရင်းနှီး မြှုပ်​နှံမှူ့ 
ကို ဆွဲ​ဆောင်​သည့်​ အ​နေဖြင့်​ ​ငွေလဲနှူန်းကို အပြင်
ပေါက်​​ဈေး နှင့်​ ချိန်​ညှိ​ပေးခြင်းနှင့်​ ​ငွေတန်​ဖိုးချခြင်း
(devaluation)တို့ကို မကြာခဏဆိုသလို လုပ်
ဆောင်​​လေ့ရှိ​လေသည်​။

ငွေ​ကြေးတန်​ဖိုးအတင်​၊အချ လုပ်​ခြင်း၌ သတိပြုရန်
အချက်​နှစ်​ချက်​ ရှိ​လေသည်​။ ၎င်းတို့က​တော(၁)့ နိုင်​ငံ
ခြား​ ကုန်​သွယ်​မှူ့ ရှင်းတမ်းတွင်​ ​ပေါ်​သော လက်​ငင်း
စာရင်း(current account)နှင့်​(၂)နိုင်​ငံခြားရန်​ပုံ
ငွေစီးဆင်းမှူ့ (flow of foreign fund)တို့ပင်
ဖြစ်​ပါသည်​။ ကုန်​သွယိမှူ့ ရှင်းတမိး၌ ပို​ငွေပြခြင်း၊
လို​ငွေပြခြင်း အ​ခြေအ​နေသည်​ ​ငွေတန်​ဖိုးကို သက်
ရောက်​မှူ့ ရှိ​စေနိုင်​သည်​။ လို​ငွေပြခြင်းမှာ နိုင်​ငံခြား
သို့တင်​ပို့​သော ကုန်​တန်​ဖိုး သည်​ အမိနိုင်​ငံ သို့ တင်
သွင်းသည့်​ သွင်းကုန်​တန်​ဖိုးထက်​ နည်း​နေခြင်းပင်
ဖြစ်​သည်​။ပို​ငွေ ပြမှူ့ က အထက်​ နှင့်​ ​ပြောင်းပြန်​ဖြစ်
လေသည်​။

တရုတ်​နိုင်​ငံက ပြည်​ပပို့်​ကုန်​တန်​ဖိုးသည်​ ပြည်​တွင်းသွင်း
ကုန်​တန်​ဖိုးထက်​ များပြား​နေသည်​။ သ​ဘောက​တော့နိုင်​ငံခြား​ငွေ အရများသည့်​သ​ဘော ဖြစ်​သည်​။ထို
အခါ၌ ယွမ်​​ငွေတန်​ဖိုးကို ချ၍ ထားပါက ပိုပြီး
အကျိုးဖြစ်​နိုင်​ပြီး၊ နိုင်​ငံခြားရင်းနှီး မြှု ပ်​နှံမှူ့ များကို
လည်းဆွဲ​ဆောင်​ရာ၌လည်း အကျိုးဖြစ်​​စေသည်​။
မြန်​မာနိုင်​ငံလိုဟာမျိုးကြ​တော့ ကုန်​သွယ်​မှူ့ ရှင်း
တမ်းတွင်​ လို​ငွေ ပြမှူ့ ကတောက်​​လျှောက်
ရှိ​နေ​သော​ကြောင့်​ ​ငွေတန်​ဖိုးချခြင်း(devaluation)
သည်​ အခန့်​မသင့်​ပါက နားကားသွားနိုင်​​ချေရှိသည်​။

နိုင်​ငံခြား​ငွေ စီးဆင်းမှူ့ ။ ။

နိုင်​ငံခြားမှ ​ငွေစီးဆင်းမှူ့ အ​နေအထား​ကြောင့်​ အမိနိုင်​ငံ
ငွေ​ကြေးဖလှယ်​နှူနိးကို အ​ပြောင်းအလဲ ဖြစ်​​စေနိုင်​ပါသည်​။နိုင်​ငံခြား​ငွေစီးဆင်းမှူ့ ဆိုရာ၌ အမျိုးမျိုးရှိ​လေသည်​။
(၁)ပို့ကုန်​ မှရ​ငွေ(တရားဝင်​လည်းဖြစ်​နိုင်​သည်​။တရားမ
ဝင်​လည်းဖြစ်​နိုင်​သည်​)။

(၂)နယ်​စပ်​ကုန်​သွယ်​​ရေးမှဖြတ်​၍ ၀င်​လာ​သော​ငွေ(တရားဝင်​လည်းဖြစ်​နိုင်​။ တရားမ၀င်​လည်းဖြစ်​နိုင်​)၊

(၃)နိုင်​ငံခြားသားများက ယူလာ​သော​ငွေ၊​သုံးစွဲ​သောငွေ၊

(၄)နိုင်​ငံခြားသံရုံးများမှ သုံးငွေ၊

(၅)နိုင်​ငံခြား ရင်းနှီးမြှုပိနှံသူများက သယ်​လာ​သော​ငွေ၊
သုံးစွဲ​သော​ငွေ၊

(၆)ပြည်​ပ အလုပ်​လုပ်​သူများက အမိပြည်​သို့ တင်​ပို့​သော​ငွေ၊

(၇)ပြည်​တွင်းနှင့်​ပြည်​ပ ဘဏ်​အချင်းချင်းလွှဲ​ပြောင်း​ပေး
သော​ငွေ၊

(၈)နိုင်​ငံခြားမှ အကူအညီ ၊​ထောက်​ပံ့​ငွေ၊

(၉)တခြားနည်းလမ်းဖြင့်​ ၀င်​လာ​သော​ငွေ၊
အထက်​ပါ​ငွေစီးဆင်းမှူ့ သည်​ နိုင်​ငံခြား​ငွေ
ရောင်းလိုအားပင်​ဖြစ်​သည်​။

နိုင်​ငံခြား​ငွေ ​ရောက်​ရှိပုံ။ ။

နိုင်​ငံခြားမှ ​ရောက်​လာ​သော​ငွေများသည်​ အဓိကအားဖြင့်​.....

(၁)​ငွေ​ကြေးအာဏာပိုင်​၊

(၂)ဘဏ်​တိုက်​များ၊

(၃)ပုဂ္ဂလိက လက်​၊

(၄)ပြင်​ပ ​မှောင်​ခို​ဈေးကွက်​ တို့ကြား၌ ပျံ့ နှ့ံ ​ရောက်​ရှိ
လျက်​ရှိပါသည်​။

နိုင်​ငံခြား​ငွေ ​ရောင်းလိုအားဇာစ်​မြစ်​ကို ​ဖော်​ပြပြီး​နောက်
ဝ.ယ်​လိုအားဘက်​ကို ကြည့်​ကြစို့။

ယေဘုယျ အားဖြင့်​ ​ဖော်​ပြထားခြင်းဖြစ်​သည်​။ အတိအကျ သ​ဘော မရှိနိုင်​ပါ။

(၁)သွင်းကုန်​အတွက်​ လို​သော ​ဒေါ်လာ(သို့)နိုင်​ငံခြား
ငွေ၊

(၂)၀န်​​ဆောင်​မှူ့ နင့်​ ကျွမ်းကျင်​မှူ့ တို​အတွက်​​ပေးရ​သော
ဒေါ်လာ၊

(၃)​ဆောက်​လုပ်​ခများ၊ပစ္စည်းစရိတ်​များတို့အတွက်​​ပေး
ရ​သော ​ဒေါ်လာ၊

(၄)ပြည်​ပ ​ကြွေးမြီဆပိရန်​​ပေးရ​သော ​ဒေါ်လာ၊

(၅)​ဒေါ်လာဖြင့်​ ​ပေးရ​သော ပစ္စည်းနင့်​ ၀န်​​ဆောင်​မှူ့ 
အတွက်​​ပေးရ​သော ​ဒေါ်လာ၊

(၆)အခွန်​​ဆောင်​ရန်​​ပေးရ​သော ​ဒေါ်လာ၊

(၇)​ငွေ​ကြေး​ဈေးကွက်​ ၌ ကစားရန်​အတွက်​ ​ပေးရ​သော
ဒေါ်လာ၊

(၈)အိမ်​ငှါးရန်​နှင့်​ တည်းခိုရန်​ အတွက်​​ပေးရ​သော
ဒေါ်လာ၊

(၉)ဖုန်းဝယ်​ရန်​၊ ကွန်​ပျူတာဝယ်​ရန်​၊ ကားဝယ်​ရန်​အတွက်​​ပေးရ​သော ​ဒေါ်လာ ၊

(၁၀)နိုင်​ငံခြားအဖွဲ့ အစည်းများအား ​ပေးရ​သော ​ဒေါ်လာ

အထက်​ပါတို့်​မှာ ​ဒေါ်လာဝယ်​လိုအား ဖြစ်​​ပေါ်​စေရန်
အ​ကြောင်းကိစ္စ အနည်းငယ်​သာဖြစ်​ပါသည်​။

ထို့​ကြောင့်​​ဒေါ်လာ -ကျပ်​ ​ပေါက်​​ဈေးသည်​ မြနိမာ​ငွေ​ကြေးဖလှယ်​​ရေး စနစ်​ အ​ပေါ်​၌ မူတည်​​နေပြီး
သီအိုရီ သ​ဘောအရ​တော့ ၀ယ်​လိုအားနှင့်​​ရောင်းလိုအား
ညှီမျှသည့်​ ပွိုင့်​တွင်​ ​ပေါက်​​ဈေးနှူနိးသည်​ ထွက်​လာမည်
ဖြစ်​ပါ​ကြောင်းမျှ​ဝေ​ပေးလိုက်​ရပါသည်​။

Author-Ko Nay Nay
Thank you

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94487.77
ETH 3419.70
USDT 1.00
SBD 3.51