ဒီကြက်သီး
ကြက်သီးထခြင်းဆိုတာ လူတိုင်းကြုံတွေ့နိုင်တဲ့ ခံစားမှုဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့် ကြက်သီးထတာလဲ။ ဘယ်လိုအချိန်တွေမှာ ကြက်သီးထတတ်ပါသလဲ။ ကြက်သီးထခြင်းအကြောင်းအရာကို ပရိသတ်တွေ သိရှိအောင် တင်ပြပေးပါမယ်။

ကြက်သီးထခြင်းဟာ လူအပါအ၀င် သတ္တ၀ါအားလုံးမှာ ဖြစ်ပွားတတ်တဲ့ တမင်တကာလုပ်ခြင်းမဟုတ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဆေးပညာအရ piloerection လို့ ခေါ်ပါတယ်။ ဒီကြက်သီးထခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကနေ စတင်ဖြစ်ပေါ်တဲ့ ခံစားမှုမျိုးလည်းဖြစ်ပါတယ်။ ဆံပင် ဂလင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ arrectores pilorum ကြွက်သားတွေ တုံ့ပြန်မှုကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ အပူချိန်ကြောင့်ဖြစ်စေ ၊ ပြင်းထန်တဲ့ စိတ်ခံစားမှုကြောင့်ဖြစ်စေ အရေပြားပေါ်မှာ ကြက်သီးထတတ်ပါတယ်။ အဓိကအနေနဲ့ ချမ်းအေးမှု ၊ ကြောက်ရွံ့မှု ဒါမှမဟုတ် ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကြောင့် ဖြစ်ပေါ်တတ် ပါတယ်။ ကြက်သီးထစေတဲ့ စိတ်ခံစားမှုတချို့ကတော့ ကြောက်ရွံ့မှု ၊ နှစ်ထောင်းအားရမှု ၊ လိင်ရာဂနှိုးဆွမှု ၊ ကြောက်ရွံ့ရိုသေမှု အစရှိတဲ့ ခံစားမှုတွေဖြစ်ပါတယ်။ကြက်သီးထခြင်းဟာ အရေပြားမှာ အဖုလေးတွေ ဖြစ်ပေါ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပါ သက်ရောက်တဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ ကြက်သီးထစေတဲ့ စိတ်ခံစားမှုတချို့ကတော့ ကြောက်ရွံ့မှု ၊ နှစ်ထောင်းအားရမှု ၊ လိင်ရာဂနှိုးဆွမှု ၊ ကြောက်ရွံ့ရိုသေမှု အစရှိတဲ့ ခံစားမှုတွေဖြစ်ပါတယ်။
Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!