❀ ❆ Electronic ​  ​​ ➳ 6 ❆ ❀

in #myanmar8 years ago

❀ ❆ Electronic နှင့်​ သူမ၏ ကျန်းမာ​ရေး ➳ 6 ❆ ❀

ခုတစ်​​လော ရာသီဥတုက မိုးရွာလိုက်​​နေပူလိုက်​နဲ့ ကျွန်​​တော်​ တို့ရဲ့ကျန်းမာ​ရေးကို ဂရုစိုက်​သင့်​ပါတယ်​ ခင်​ဗျာ။
ခု​တောင်​လူက မိုးမိထားလို့ ​ခေါင်းမူးတာ လိုလို ​ခေါင်းကိုက်​တာလိုလိုနဲ့
သေချာတာက​တော့
နာ​စေး ​နေတာ အမှန်​ပါပဲ။

ဒါ​တွေက ရာသီဥတုမမှန်​ရင်​ ကိုယ်​က ကိုယ့်​ကိုကိုယ်​ ဂရုမစိုက်​ရင်​ ဖြစ်​တတ်​တာမျိုး​လေး​တွေပါ။

Screenshot_20180829-130848.png

ထို့အတူပဲ ဒီရာသီမှာ မိမိ တို့ ကျန်းမာ​ရေး ဂရုစိုက်​သင့်​သလို မိမိတို့ ကိုယ်​နှင့်​မကွာ​ဆောင်​ထားတဲ့ ဖုန်း​လေး​တွေကိုလည်း ဂရုစိုက်​သင့်​ပါတယ်​။

ခု နည်းပညာ ​ခေတ်​ကြီးမှာ မိမိ တို့ ချစ်​သူ ခင်​သူ မိဘ ​တွေနှင့်​သာ တစ်​ချိန်​လုံး မ​တွေ့ရ မဆုံရတာ
မိမိတို့ ဖုန်း​လေး​တွေနှင့်​​တော့ တစ်​ချိန်​လုံး တူတူ ရှိ​နေကြတာဖြစ်​ပါတယ်​။

Screenshot_20180829-130839.png

မိမိ တို့ဖုန်း​လေးများ ဒီရာသီဥတုမှာ မိုး​ရေဝင်​တာ ​ရေထဲကျတာများ ဒီအချိန်​ အဖြစ်​များပါတယ်​။
ဒါ​ကြောင့်​ တစ်​ကယ်​လို့ ဖုန်းထဲ ​ရေဝင်​ ခဲ့ကြမယ်​ဆိုရင်
ပထမဦးဆုံး ဓတ်​ခဲဖြုတ်​ထားပါ။
ပြီးလျှင်​ ဆိုင်​ကို ပို့တာ အ​ကောင်းဆုံးပါပဲဗျာ။

တစ်​ချို့က ဖုန်းထဲ​ရေဝင်​ပြီ ဆိုသည်​နှင့်​ ဖုန်းကို ဆန်​ထဲမြုပ်​ထားလိုက်​ကြပါတယ်​။
ပြီး​တော့ ဆက်​သုံးလို့ရသည်​နှင့်​ ဆက်​သုံးကြပါ​တော့တယ်​။

ကျွန်​​တော်​က​တော့ ဆိုင်​ကိုပို့ဘို့သာ​ပြော​နေခဲ့ပါတယ်​။
ဘာ​ကြောင့်​မို့လည်းဆို​တော့
ဖုန်းထဲကို ​ရေဝင်​သွားပြီ ဆိုသည်​နှင့်
ဖုန်းထဲက ပစ္စည်း​လေး​တွေက
ရေနှင့်​ထိကာ ဆား​ပေါက်​ပြီး
ပတ်​လမ်း​ကြောင်း ​သေး​သေး​လေး​တွေ ကို စားပြတ်​သွားပါတယ်​။

20180828_105134.jpg

အဲ့ဒီအ​ခြေအ​နေဖြစ်​သွားလျှင်​ ဆင်​ဖိုး ထက်​ ချွန်းဖိုးက ​ဈေးကြီးသွားပါလိမ့်​မယ်​။

ခုဒီဖုန်း​လေးဆို ​ရေထဲကျပြီး ပြန်​ဆက်​သုံး​နေ​သော​ကြောင့်​ ​ရေဂျိုးတက်​ခါ
Lcd မှန်​ကို သွယ်​သည့်​ ကြိုး​လေးပြတ်​သွားပါတယ်​။
ဒါဟာ ဆက်​လို့ရရင်​ ရ မရရင်​ အသစ်​လှဲလှယ်​ရမှာ ဖြစ်​ပါတယ်​။

Screenshot_20180829-130826.png

ဖြစ်​ဖြစ်​ချင်းသာ ဆိုင်​ကိုပို့ခဲ့မယ်​ဆို
အဖုံးဖွင့်​ ဝင်​​နေတဲ့ ​ရေ​တွေကို ထုတ်​​ဆေး ​ရ​သော​ကြောင့်​ ​ရေရှည်​ပိုခံပါလိမ့်​မယ်​။

ဒါ​ကြောင့်​ ဘာပဲ ဖြစ်​ဖြစ်​ မိမိ တို့ ဖုန်းက​လေးများ ​ရေဝင်​ခြင်းရန်​မှ ကင်း​ဝေးကြပါ​စေဗျာ။

IMG_20180817_185740.jpg

@lwanwai
Msc - 045

Sort:  

နောက်ဆက်တွဲလေးတွေက ပြောမယုံ ကိုယ်တိုင်မှသိ ကြတာပါ

ဟုတ်​တယ်​ ကိုစိုး ကိုယ်​​တွေ့မှ ပိုသိတာ​လေ ☺ ☺

ဟုတ်ကဲ့။မှတ်သားထားပါ့မယ်။ဖုန်းနဲ့ပက်သက်ပြီး သိသင့်တာလေးတွေ ဝေမျှပေးလို့ ကျေးဇူးပါ။

ဟုတ်​ကဲ့ပါဗျာ အား​ပေးလို့​ကျေးဇူးပါ ☺ ☺

ကျေး ဇူးပါဗျာ
အသိတခုတိုးတာ​ပေါ့ဗျာ

ဟုတ်​ ကိုယု ​ကျေးဇူးဗျာ☺

မိုးတွင်း အပြင်ထွက်တဲ့အခါ ဖုန်းနဲ့လည်း မခွာချက်သူမို့ အိတ်ကလေးနဲ့ ထည့်သွားရတယ်

အဲ့တာ အ​ကောင်းဆုံးပါပဲ မမစု ☺ ☺

ရေဝင်တာနဲ့  ဖုန်းတစ်လုံး ဆုံးပြီးပြီ

ဟုတ်​တယ်​ ပျက်​သွားနှ​မျောစရာကြီး ☺ ☺

အသိ‌ပေးလို့ ‌ကျေးဇူးပါ ကိုလွမ်း။ဂရုစိုက်‌ပါ့မယ်‌။

ဟုတ်​ ကိုမ​ဟော်​ ☺ ☺

😁 ဖတ်တော့ ဖတ်နေတာ ခေါင်းစဉ်က သူမ က ဘယ်သူပါလိမ့်😁

သူမ ​လေး​တွေ ​ပေါ​နေတယ်​ ဟီး

သင်္ကြန်တုံးက ရေနဲနဲဝင်သွားလို့ တညလုံး ဆန်အိုးထဲ ထိုးထည့်ပီး နေမထိထိုင်မသာ ဖြစ်ဖူးတယ်😅😅

ဟား ဖြစ်​ရမယ်​​လေ ပျက်​​တော့မှာပဲ ဆိုပြီး ☺ ☺

ရေထဲကျရင် ဆန်အိုးထဲထည့် ပြန်သုံးကြတာများတယ်
နောက်တော့ပျက်ရော

ဟုတ်​တယ်​ ပျက်​သွားမှ ဆိုင်​ကို အ​ပြေး​လေးသွားကြတာ​လေ ☺ ☺

ကျွန်တော်ဖုန်းစကိုင်ခါစက 610လေး ရေဝင်ရာကနေ
EMICလစ်သွားတာ ပြင်လို့ကိုမရတော့ဘူး

ဟုတ်​တယ်​ တချို့က ပြင်​လို့ကိုမရ​တော့တာ​လေ ☺ ☺

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.079
BTC 60480.78
ETH 1583.43
USDT 1.00
SBD 0.47