( ဓမ္မစကူးလ် ကျောင်းပိတ်ပွဲလေး )

in #myanmar7 years ago (edited)

တစ်နှစ်ပြီးလို့ နောက်တစ်နှစ်ကို ကူးခဲ့ပါပြီ။
နွေရာသီ ကျောင်းတွေလည်းပိတ်ကုန်ပြီ ကလေးတွေလည်း ကျောင်းတွေပိတ်လို့ ပျော်နေကြလေပြီ။
ဒါပေမယ့် သူတို့ရဲ့ မပိတ်သေးတဲ့ နောက်ထပ် ကျောင်း အတွက် ကြိုတင်ပျော်နေကြလေရဲ့ ။

image

image

ဘာလဲ ဆိုတော့ ဓမ္မစကူလ်း ကျောင်းပဲ ဖြစ်ပါတော့တယ်။
ဒီ ဓမ္မ စကူးလ် သင်တန်း ဟာ အပတ်စဉ် ကျောင်းပိတ်ရက်မှာ သင်ကြားပေးခဲ့ပါတယ်။
နွေရာသီ ကျောင်းပိတ်ခဲ့ပြီမို့ ဓမ္မစကူးလ်ကျောင်း လည်း ပိတ်ရပါတော့မယ်။

image

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်
ကျောက်ပြင်သာရွာ သီတဂူ ဓမ္မစကူးလ်ကျောင်း
၂၀၁၇/၂၀၁၈ ပညာသင်နှစ် သင်ယူပြီးမြောက်ကြောင်း
လက်မှတ်ပေးအပ်ပွဲ ကို တပေါင်းလပြည့်ကျော် ၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ညတရားပွဲလည်းပါတာမို့ ကျွန်တော်ဆို ရွာ ဘုန်းကြီးက ဓမ္မာရုံ မီးဆင်ခိုင်းလို့ မီးဆင်ရတာ ဖတ်ဖတ်ကို မောလို့ ။
မဏ္ဍပ် အလှဆင် သည့်အဖွဲ့ကလည်း
တစ်နေ့လုံး အလှဆုံးပြင်ပေးခဲ့ကြလေရဲ့ …။
နောက်ပိုင်း ကိုယ်ဆင်ပေးထားတဲ့ မီးရောင်တွေအောက်မှာ တရားပွဲ ဆင်နွဲရတာကိုမြင်ရတော့ ပီတိ ဖြစ်မိပါတယ်။

image

image

တပေါင်းလပြည့်ကျော်(၂)ရက်နေ့
အချိန် ည(၇)နာရီ မှာ
အကြို နေ့ ညတရားပွဲ ကိုလည်း စီစဉ်ခဲ့ကြပါတယ်။

image

ဟောကြားသည့်ဆရာတော် ဘုရားကတော့ ...ခင်ဦးမြို့နယ် လက်ပန်လှကျေးရွာ ဥက္ကံကျောင်းတိုက်နှင့်ဓမ္မဝါဒီ ပရဟိတအသင်း ဦးစီးပဓာန နာယက
ခင်ဦးမြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဌ
ဘဒ္ဒန္ဒဝဏ္ဏိတ(သာသနဓဇဓမ္မာစရိယ)ဆရာတော် ဖြစ်ပြီး
အရှင်သူမြတ်မှတရားရေအေး အမြိုက်ဆေးတို့ကိုတိုက်ကျွေးဆုံးမဟောကြား တော်မူခဲ့ပါတယ်။

နောက်ရက်မှာတော့ဖြင့် ဓမ္မစကူးလ် ကျောင်းသူကျောင်းသားတို့ကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ကို ပေးအပ်ကြပါတယ်။

image

image

ပြီးနောက် ကလေးများက အဆိုအကဖြင့် လာရောက်တဲ့ ဧည့်သည်များကို ဖျော်ဖြေကြပါတယ်။

image

ပြီးနောက် ကျေးရွာ အလှူရှင်များ ပရဟိတ အသင်းများမှ ရေစက်ချကာ အမျှပေးဝေကြပါတယ်။

image

ပရဟိတ အသင်းသားများကလည်း လာရောက်တဲ့ဧည့်သည် များကို ကျွေးမွေးရေးအစီအစဉ်ဖြင့် ဧည့်ခံကြပါတယ်။

နောက်ဆုံး အစီအစဉ်ကတော့
ဓမ္မစကူးလ် ကျောင်းသူကျောင်းသားများအတွက်
အလှူရှင်များရဲ့ နိဗ္ဗာန်ဈေးပဲဖြစ်ပါတော့တယ်။

image

မစခင်မှာတော့ ဈေးတန်းကို ကြိုတင်ပြင်ဆင်ထားကြပါတယ်။

image

image

ပွဲလည်း စရော အလုအယက် ပဲ တိုးလို့ကိုမပေါက်တော့ဘူး ။
ပျော်စရာ အရမ်းကောင်းတဲ့ မြင်ကွင်းလေးတွေပေါ့ဗျာ။

ဒီနောက်မှာတော့ ကလေးတွေဟာ ပျော်ရွင်စွာနဲ့ အိမ်ကို ပြန်သွားကြပါတော့တယ်။

image

ဆရာမလေးတွေကတော့ တော်တော် ပင်ပန်းသွားကြတယ်ထင်တာပဲ။
ဒါပေမယ့် မမင်ပန်းပါဘူးလို့တော့ ပြောတာပဲ ပီတိတွေနဲ့ ပေါ့ဗျာ။
အားလုံးပဲ ပျော်ရွင်ကြပါစေဗျာ။

ဒီလောက်နဲ့ပဲ ကျွန်တော့်ရဲ့တစ်နေ့တာ အစီအစဉ်လေးကို တင်ပြပေးလိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

@lwanwai ( kawlin )
msc - 045
Photo - FB image

Sort:  

မင်္ဂလာပါ ခင်ဗျ ကျွန်တော်မောင်သာအေး ပို့စ်ကွန်မန့်ဘုစမ်းသပ်နေခြင်းဖြစ်ပါသည်ခင်ဗျာ ပို့စ်နှင့်မသက်ဆိုင်သောကွန်မန့်အတွက်နားလည်ခွင့်လွတ်ကြပါခင်ဗျ Tanks for all of friends in steemit

ဆရာ​တွေက တပြည့်​​တွေလိမ္မာရင်​ ပင်​ပန်းရကျိုးနပ်​ပါ​ပေတယ်​​ဗျာ..။

ဆရာတွေ ပင်ပန်းရကြိုးနပ်ကြပါတယ်ဗျာ

ဒါ​ပေါ့ အစ်​ကိုရဲ့...။

ဟုတ်ပ ညီတော်မောင်ရေ ဟိဟိ

က​လေး​တွေလိမ္မာယဉ်​​ကျေး​စေဘို့
ဓမ္မစကူးကိုပိုကြစို့

ဟုတ်တယ် အမြန်ပို့ကြပါစို့

အ​ရေးသား​ကောင်းပီးဗဟုသုတလည်းရပါတယ်​..

ဟုတ် ကျေးဇူးပါဗျာ

ဓမ္မစကူးဆို လေးစားပီးသား။ တင်ပြထားတာလေးတွေ ဗဟုသုတရပါတယ်။

ဟုတ် ကျေးဇူးပါ ခင်ဗျာ

က​လေး​တွေ အတွက်​ ​ကောင်းတယ်

ဟုတ်ပါတယ်ဗျာ

ကိုလွမ်းကလည်း လုပ်အားဒါနကုသိုလ်လေး ပါဝင်ဖြစ်ခဲ့ရတာပေါ့နော ဝမ်းသာပါတယ်ဗျ သာဓု သာဓု သာဓု ပါလို့

ဟုတ် သာဓုပါဗျာ

ကောင်းလိုက်​တာဗျာ

ကျေးဇူးပါဗျာ

ဓမ္မစကူးက တစ်ကယ်ကောင်းပါတယ် ..

ဟုတ်တယ် တီတီ ရေ ကလေးတွေအတွက် အရမ်းကောင်းတယ်

ကုသိုလ်ရေးပေမို့  တွေးလို့ ပင် လွန်ဝမ်းသာ

ဝမ်းသာလို့ ပီတိဖြစ်ရပါတယ်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 68913.35
ETH 2517.82
USDT 1.00
SBD 2.53