Fine dinning

in #myanmar6 years ago (edited)

သူငယ်​ချင်း ၂ ​ယောက်​ ​ကျေးဇူးနဲ့ သုဝဏ္ဏ မြို့နယ်​ထဲက vista do rio kyan traditional fine dinning ဆိုတဲ့ဆိုင်​ကို​ရောက်​ခဲ့တယ်​​လေ
ဆိုင်​​လေးရဲ့အပြင်​အဆင်​က​ ချစ်​စရာ​လေး
ခြံဝင်းထဲမှာ အပင်​​တွေရဲ့​အောက်​ ထိုင်​ခုံဝိုင်း​တွေနဲ့ ပုဇွန်​​တောင်​​ချောင်း​ဘေးနားမှာ​ပေါ့
ညဖက်​ ဆို​တော့ ​လေ​လေးကလည်းတဟူးဟူး
ချောင်းထဲမှာကလည်း သဲတူးတဲ့သ​င်္ဘောကဘည်း​ကျောက်​ချထား​သေးတယ်​​လေ
စူးရှမှုမရှိတဲ့ည မီးအ​လင်း​ရောင်​နဲ့အတူ​ပေါ့
ဆိုင်​ အ​ပေါက်​၀​ရောင်​ကတည်းက ​အေး​ဆေး ထိုင်​စားလို့​ကောင်းတဲ့​နေရာမှန်းလည်းသိလိုက်​တယ်​​လေ
ကြိုတင်​ပီး reserved လုပ်​ထားတဲ့ဝိုင်း​တွေလည်းရှိတာ​ပေါ့
ဒါနဲ့ ကိုယ်​​တွေ သူငယ်​ချင်း​လေး​ယောက်​လည်း ​ချောင်းကမ်းနားက ၀ိုင်းမှာထိုင်​ရင်း ​အစား​အ​သောက်​မှာမယ်​ဆိုပီး menu ယူေ​ဈးနှုန်း​တွေကြည်​ရင်း​ပေါ့
ရိုးရာ အာလူးထမင်း မျှစ်​သုတ်​ ပဲသီးသုတ်​ ​​ကောင်းမှ​ကောင်း​ပေါ့
မျှစ်​သုတ်​​တောင်​ ဘယ်​က မျှစ်​လဲ​မေး​တော့ လွိုင်​​ကော်​က မျှစ်​တဲ့​လေ
တကယ့်​ကို ​ဒေသထွက်​ကုန်​​တွေ​ပေါ့​လေ
အဲ့မှာ လွိုင်​​ကော်​က ငါးလို့​ပြောတဲ့ ငဖိန်း ဆိုတဲ့ငါးတ​ကောင်​လည်းမှာစားဖြစ်​​သေးတယ်
ငါးအရသာက တမျိုးဖြစ်​​နေလို့ ဆိုင်​ကို​ပြောပြ​တော့ ချက်​ချင်းဘဲ​နောက်​တ​ကောင်​လဲ​ပေးတယ်​​လေ
ကိုယ့်​ဆီလာစားတဲ့ စားသုံးသူ​တွေကို ဂရုစိုက်​ တာလည်း ​ကျေနပ်​စရာ​ကောင်းပါတယ်

ဆိုင်​က​ရောင်းတာကလည်း traditional food ဆို​တော့ တခါဘဲ​ရောက်​ဖူးတဲ့အတူတူ အရသာ​တွေမြည်းကြည့်​ရင်းအစားအ​သောက်​​တွေမှာစားကြ​ပေါ့
ဒါနဲ့မပါမဖြစ်​ traditional drink ကယန်းရိုးရာ ​ခေါင်​​ရေ လည်း​သောက်​ကြတာ​ပေါ့​လေ
ဝိုး ​ခေါင်​​ရေ အရသာကလည်း​ကောင်းမှ​ကောင်းဘဲ​ပေါ့
Fine dinning ဆိုတဲ့အတိုင်း ​အေး​ဆေးစား ​သောက်​ တအိုးကုန်​ ​နောက်​တအိုး​ပေါ့
ကိုယ်​လည်း ရန်​ကုန်​​ရောက်​ကတည်းက အစားအ​သောက်​ ​ကောင်းမစားဖြစ်​တာကြာဆို​တော့ ​အားရပါးရစား​သောက်​​ပေါ့​လေ
ဆိုင်​မှာ ခန့်​ထားတဲ့ဝန်​ထမ်း​တွေကအစ စကားသံ​လေးတ၀ဲဝဲနဲ့​ပေါ့
အားလုံးဟာ စိတ်​​ကျေနပ်​စရာ​ကောင်းတယ်
အပြန်​ကျ​တော့ လက်​​ဆောင်​ပစ္စည်း​ရောင်းတဲ့ဆိုင်​က ကယန်းအမကြီးနဲ့ ဓာတ်​ပုံတွဲရိုက်​ စကား​တွေ​ပြော
သူကလည်း​ပြောတာဘဲ ကိုယ်​ကလည်းနား​ထောင်​တာဘဲ ဒါ​ပေမယ့်​​ခေါင်​ရည်​​ကြောင့်​လား စကားသံ​ကြောင့်​လား တလုံးမှ နားမလည်​ခဲ့ဘူး
အင်​မတန်​စိတ်​​ကျေနပ်​စရာ​ကောင်းတဲ့ဆိုင်​က​လေးပါ
တကယ့်​ကို fine dinning ပါဘဲ
ိုဆိုင်​ရဲ့နာမယ်​ကို​တော့ စပိန်​လို​ပေးထားတာပါတဲ့
Vista do rio ဆိုတာ the river view လို့အမည်​ရပါတယ်​တဲ့
Photo ​လေးနဲ့အတူ ပူးတွဲတင်​လိုက်​တယ်​​နော်
IMG_20180118_221356.jpg

Msc အဖွဲ့သား​တွေလည်းတခါတ​ခေါက်​​တော့ သွားကြပါလို့တိုက်​တွန်းချင်​ပါတယ်

@ lonelone
MSC no. 239

Sort:  

သွားလည်ဦးမယ်ဗျာ

သွားလည်​ပါ

ဟုတ်ကဲ့ပါ အစ်မရေ

နောက်တစ်ခါသွားရင်လာခေါ်လေနော်အစ်မရေ

နေရာ ညွှန်​ထားတယ်​​လေ။ တို့လည်းသူများ​ကျွေးလို့ ​ရောက်​ဖူးတာ

အဲ့​ဒေသ​တွေကိုတ​ခါမှမ​ရောက်​ဖူးဘူး .. တ​ခေါက်​​လောက်​​တော့ သွားလည်​ဖြစ်​​အောင်​ကြိုးစားဦးမရ်​ 😃

အဲ့ဒါ ရန်​ကုန်​ထဲတင်​ပါ

ကျေးဇးပါ ဆိုင်ကောင်းလေးသိရလို့

သွား စားကြည့်​​လေ​နော့

သွားစားအုံးမယ်..သုဝဏ္ဏဆိုတော့နီးနီးလေးပဲ..

သွားစာ​လေ။ ​အေး​ဆေးဘဲ။

သွားဖြစ်အောင်ကြိုးစားပါမယ်အမရေ

သွား စား စစ်​။ ​ကောင်းတယ်

လိုက်‌ပို့ပါ

Bonus ထုတ်​ရင်​လာခဲ့။ လိုက်​စား​ပေးမယ်​​လေ။

ကရမ်းတိုင်းရင်းသူလေး…

ဟုတ်​ပါတယ်

မ​ရောက်​ဖူး​သေးဘူး

သွား ​လေ။ ​နေရာညွှန်​ ထားတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51