"သူမ....(၁၅)" "She....(15)"

in #myanmar8 years ago

‌"ယွန်း.."။ယွန်း ဘာမှမဖြစ်​ဘူး​နော်​။ကိုယ်​ "ယွန်း"ကိုဆုံးရှူံးရပြီထင်​​နေတာ.....။ကိုယ့်​ကိုခွဲမသွားရ​တော့ဘူး​နော်​...။ကျွန်​​တော်​"ယွန်း"၏မျက်​နှာ​လေးကိုမြင်​လိုက်​ရသည်​နှင့်​ပင်​ ​ဝေဒနာ​တွေသက်​သာကုန်​သည်​။"ကိုကို"..."ယွန်း"နဲ့လိုက်​ခဲ့​တော့​နော်​...။"ယွန်း"တို့မခွဲရ​တော့ဘူး​နော်​...။စိတ်​ချပါကွာ...."ယွန်း"ကို ကိုယ်​ဘယ်​​တော့မှထားမသွား​တော့ဘူး။"ယွန်း"၏အပြုံး​လေးများက ​အေးမြလွန်းလှသည်​။
images (20).jpeg
‌ကျွန်​​တော်​နှင့်​ချစ်​သူစဖြစ်​ကတည်းက "ယွန်း"မျက်​နှာတစ်​ချက်​မငြို​ငြင်​​စေရ...။"သူမ"မျက်​နှာမ​ကောင်းလျှင်​ကျွန်​​တော်​မ​နေတတ်​ပါ။"သူမ"လိုချင်​သမျှဖြည့်​စည်း​ပေးခဲ့သည်​ချည်းသာ...။"ကိုကို..."ယွန်းနဲ့လိုက်​ခဲ့​တော့​နော်​။သူတို့​တွေ ကကိုကိုနဲ့ ယွန်းကိုထပ်​ခွဲဖို့လုပ်​​နေကြပြီ။"ကိုကို"နဲ့ ယွန်း ထပ်​မခွဲနိုင်​​တော့ဘူးကွာ....။"မခွဲ​တော့ ပါဘူး"ယွန်း"ရယ်​..။"ကိုကို ဘယ်​​ရောက်​​ရောက်​ ကိုကို့​နောက်​ကို ယွန်းလိုက်​​နေခဲ့တာ ကိုကိုရဲ့"။"အဲ့ဒါ ကိုကို့ကို သိပ်​ချစ်​လို့"။"ယွန်း နဲ့လိုက်​ခဲ့​တော့​နော်​.."။"ယွန်း...ဘာဖြစ်​​နေတာလဲ"။"ကိုကို ယွန်းနဲ့မခွဲ​တော့ဘူး ယွန်းယုံလိုက်​​တော့​နော်​"။"ကိုကို့ ကိုပြန်​​ခေါ်​နေကြပြီ..."။"ယွန်းတို့ထပ်​ခွဲရ​တော့မယ်​ ထင်​တယ်​ကိုကိုရယ်​.."။"ကိုကို့ ကိုဘယ်​သူ​တွေက ​ခေါ်တာလဲယွန်း..."။ကျွန်​​တော်​ ယွန်း၏စကားကိုနားရှုပ်​သွားရသည်​။"ဟိုမှာကြည့်​​လေ ကိုကိုရဲ့..."။"သူမ"၏​ပြောစကားအဆုံး..ကျွန်​​တော်​လှည့်​ကြည့်​လိုက်​​တော့
images (19).jpeg
..ဝုန်းကနဲ..."အား......"ကျွန်​​တော်​အသက်​ကိုလုရှူ​နေရသည်​။မျက်​လုံးပွင့်​ပွင့်​ချင်း ​တွေ့လိုက်​ရသည်​က ကျွန်​​တော့်​ကို Shockရိုက်​​နေ​သော ဆရာဝန်​၏မျက်​နှာ။ပြီး​တော့ မျက်​ရည်​စများနှင့်​စိုးရိမ်​တကြီး ကြည့်​​နေ​သော ​မေ​မေ့မျက်​နှာ..။နောက်​ပြီး သူငယ်​ချင်းများ...။ကျွန်​​တော်​​​ စစချင်း​မေးလိုက်​သည်​က..."ယွန်း"​ရော..​မေ​မေ"။"သား​လေး သား​လေး သတိရလာပြီ"။"သားရယ်​ မ​သေ​ကောင်းမ​ပျောက်​​ကောင်းကွယ်​..."။"ဘုရား...သိကြားမလို့​တော်​​သေးတာ​ပေါ့ကွယ်​..."။"ဆရာ...သား​လေးအ​ခြေအ​နေက စိတ်​ချရပြီမဟုတ်​လားဟင်​..."။"ဆရာဝန်​ကြီးကိုလဲ ​မေး ကျွန်​​တော့်​ကိုလည်း​မေးနှင့်​ စိုးရိမ်​ပူပန်​​နေ​သော ​မေ​မေ့ကိုကြည့်​ပြီး ကျွန်​​တော်​သနားသွားရသည်​။"ယွန်း..​ရော​မေ​မေ"။"သား​လေး....စိတ်​ထိန်းပါဦးကွယ်​.."။"သမီး..ယွန်း​လေးက......"​မေ​မေဆက်​မ​ပြောနိုင်​ပါ​ချေ။"ယွန်းက ဘာဖြစ်​လို့လဲ ​မေ​မေ"။"​မေ​မေ...သားကို​ပြောဦး​လေ..."။"ယွန်း..ဘာဖြစ်​လို့လဲလို့...."။"ကဲ...သား​....သား​နေ​ကောင်း​အောင်​နေလိုက်​ပါဦးသားရယ်​.."။"သား​နေ​ကောင်းမှ...သမီးယွန်း​လေး အ​ကြောင်းဆက်​​ပြောကြတာ​ပေါ့ကွယ်​..."။"ခု​တော...နားလိုက်​ဦး​နော်​"။မေ​မေ့စကား အဆုံးတွင်​ ကျွန်​​တော်​၏မျက်​လုံးများ​လေးလံလာကာ အိပ်​ချင်​လာ​တော့သည်​။ကျွန်​​တော်​ အခန်းဝတွင်​ တရှုံ့ရှုံ့နှင့်​ငို​နေ​သော "ယွန်း"ကို​တွေ့လိုက်​ရသည်​။"ယွန်း.....ဘာလို့ငို​နေရတာလဲကွယ်​..."။"ကိုကိုနဲ့ယွန်း...တူတူမ​နေရ​တော့ဘူး​လေ ကိုကိုရဲ့"။"ဘာလို့လဲ ယွန်းရဲ့..."။"​မေ​မေတို့က​တောင်​...သ​ဘောတူထားပြီးသားကို"။"ဘာမှစိတ်​မပူ​နေနဲ့...ယွန်း​လေး"။ကျွန်​​တော်​၏အ​ပြောကို ​ခေါင်းခါကာ...."မဟုတ်​ဘူး...ကိုကို...မဟုတ်​ဘူး"ဟုဆိုကာ...​ပြေးထွက်​သွား​လေသည်​။"ယွန်း...."ဟု​ခေါ်ရင်း ကျွန်​​တော်​နိုးလာသည်​။"သား....သား​လေးနိုးပြီလား"။"ယွန်း...ထွက်​​ပြေးသွားတယ်​​မေ​မေ...လိုက်​​ခေါ်ရဦးမယ်​...."ဟု​ပြောကာ..ကုတင်​​ပေါ်မှဆင်းရန်​ပြင်​လိုက်​သည်​။"သား​လေး...ယွန်းကဘယ်​ကိုထွက်​​ပြေးသွားတာလဲ...သား​လေးရဲ့...."။"သား​လေး...စိတ်​ကိုထိန်းပါဦးကွယ်​..."ဟု​ပြောရင်း ငိုရှာသည်​။"​မေ​မေ...ဘာလို့ငို​နေတာလဲ...​မေ​မေရဲ့.."။"သား..ဘာမှမဖြစ်​​တော့ပါဘူး..."။မေ​မေ...မျက်​ရည်​စများသုတ်​ကာ..."သား​နေ​ကောင်း​အောင်​အရင်​​နေ​နော်​....​သား​နေ​ကောင်းသွားရင်​ ....​မေ​မေယွန်း​လေး အ​ကြောင်း​ပြောပြမယ်​....ဟုတ်​ပြီလားသား..."ဟု​ပြောလာသည်​။....ဆက်​ရန်
@linnkhant42
MSC-022
Credit Photo-Google
anime_jock_by_kawaiiyandere-d8s344l.jpg

Sort:  

သူမကတော့ အဖိုးများစွာထိုက်တန်လေပြီ

မှန်​ပါ့

Last night,I had dream she wearing a white dress ...

Wow,She must be an angel. 😁

သူမ အော် သူမ

သူမ သူမ

အားပေးလျက်ပါ

ကျေးဇူးပါဗျာ

သူမ အ​ကြောင်း​တောင်​ ​တော်​​တော်​များလာဘီ

ဟုတ်​တယ်​ အကို​ရေ

ကြားမှာ သုံးရက်လောက်ခြားသွားတော့ မေ့မေ့ကုန်တယ်

မခြားချင်​​ပေမယ့်​လည်း .....မအား​လေ​တော့....

အဲတော် ယွန်းက သေမှာလား ဟင်

နောက်​တစ်​ပိုင်း.....

ဖမ်းစားနိုင်​လွန်းတယ်​ သူမ​ရေ

ကိုယ့်​ကိုကွယ်​ စိုးမိုးနိုင်​လွန်းတယ်

အား​ပေးလျှက်​ပါ သူမရယ်​😊

အား​ပေးပါဗျား...

သူမကိုအားပေးနေပါတယ်

ကျေးဇူးပါ အကို​ရေ

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.073
BTC 63719.64
ETH 1673.22
USDT 1.00
SBD 0.42