ချယ်ရီပန်းကိုချစ်သော ကျွန်တော် (လင်းညို့တာရာ)

in #myanmar7 years ago

image

ကျွန်တော်က ချယ်ရီပန်းကို သိပ်ကြိုက်တာဗျ။ ယောင်္ကျားလေးတန်မဲ့ ပန်းကြိုက်ရလားလို့မေးရင်လည်း ပန်းကြိုက်တာ အလှတရားတစ်မျိုးကို ချစ်မြတ်နိုးတာပဲလေ။ အလှတရားဆိုတာ ယောင်္ကျားလည်း ခံစားခွင့်ရှိသလို မိန်းမလည်းခံစားခွင့်ရှိတယ် ။ ထပ်ပြီး လိင်ပိုင်းဆိုင်ရာထပ်ခွဲလိုက်လို့ Gay တို့ Lesbian တို့လည်း အလှတရားကို ခံစားခွင့်ရှိမယ်။ အဓိက ချယ်ရီပန်းကို စရင်းနှီးခဲ့တာ ငယ်ငယ်တုန်းက အွန်စော ဂျွန်စောတို့ ကိုးရီးယားကားတွေကနေ စရင်းနှီးခဲ့တာ အဓိက ချယ်ရီပန်းကို နှင်းနဲ့အတူတူ ရောပြီးချစ်ခဲ့တာ။ ကလေးဘဝတုန်းက ဖြူစင်သောအလှတရားနဲ့ ပထမဆုံးစချစ်ခဲ့တဲ့ ပန်းကိုပြောပါဆိုရင် ဒီချယ်ရီပန်းပဲ ပြောပြရမှာဗျ။ ဒါပေမယ့်နော် အခုအချိန်ထိ မမြင်ဘူးသေးဘူး။ မမြင်ဘူးပေမယ့် ဘာကြောင့်ကြိုက်လဲမေးရင် အကယ်၍ မြင်ဘူးသွားရင်လည်း ဒီထက်ပိုကြိုက်လာအုန်းမှာပဲ။ တစ်ခါတစ်လေဗျာ မင်း ဘာပန်းကြိုက်လဲမေးရင် ကျနော်ဖြေတဲ့အထဲမှာ ချယ်ရီပန်းမပါဘူးဗျ။ ဘာလို့ မပါတာလဲဆိုတော့ ကျနော် ချယ်ရီပန်းကို ကြိုက်တာ မြတ်နိုးတယ်ဆိုတာ မသိစေချင်တာလည်းပါတယ်။ ပန်းမှန်ရင် အကုန်ချစ်တယ် အကုန်ကြိုက်တယ် တစ်ခါတစ်လေ ပန်းတောကြီးထဲ လျှောက်ပြေးပြီး ဆော့ချင်မိတယ်။ အသက်အရွယ်ကလည်း ကလေးမကျ လူကြီးမကျဆိုပေမယ့် လွတ်လပ်မှုတစ်ခုရဲ့ အရသာကတော့ ကလေးရော လူကြီးရော ခံစားရနိုင်တာပဲလေနော်။ ချယ်ရီပန်းက ဂျပန်နိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိနေတဲ့ ပန်းတစ်မျိုးဖြစ်တာကို သိလာတော့ ဂျပန်ပါရောချစ်လာရောဗျာ။ အဲ့ကနေ Japan Anime တွေကို ရင်းနှီးလာခဲ့တယ်။ အဓိက ဇာတ်လမ်းတွဲထက် Movies လေးတွေကိုပေါ့။ အဲ့ Movies ထဲမှာဆိုရင် အခြားနိုင်ငံက ကားတွေနဲ့မတူတာက အဲ့ကားတွေမှာ သဘာဝတရားကို နက်ရှိုင်းစွာပေါ်လွင်အောင် ပြထားတယ်ဗျာ။ အဲ့တော့ ကျနော်ချစ်ပါတယ်ဆိုတဲ့ ချယ်ရီပန်းလည်း အဲ့ကားတွေထဲမှာ ဇာတ်ပိုတစ်ခုအနေနဲ့ သရုပ်ဆောင်ရပြန်လေရောဗျာ။

image

မသိဘူး ချယ်ရီသီးပါ ရောကြိုက်လိုက်တယ်။ သူလည်း စားလို့ကောင်းတာပဲလေနော်။ တစ်ခါတစ်လေ ချယ်ရီပန်းတွေကိုတောင် အကယ်၍ ငါ ချယ်ရီပန်းတွေမြင်ရင် ပြုတ် သုတ် စားလိုက်မယ်တောင်တွေးထားတာ ဟဲဟဲ ချစ်လွန်းလို့ ဗိုက်ထဲထည့်ထားလိုက်မလို့ စဉ်းစားထားတာ။
ဒါပေမယ့်ဗျာ ချယ်ရီပန်းကို မြင်ရင်တော့ တကယ်တမ်းဆို စားဖို့ထက်ဗျာ ခူးဖို့တောင် ဝန်လေးမိလိမ့်မယ်ဗျ။ ကြားဘူးတာက ချယ်ရီပန်း ဆိုတာ အပွင့်ကိုလိုချင်ရင် အကိုင်းကို ချိုးမှရတာပါ။ နှင်းဆီပန်းတွေလို အပွင့်လေးပဲ ရွေးပြီး ခူးလို့မရပြန်ဘူး။ နောက်ပြီး ချယ်ရီပန်း ဆိုတာ အကိုင်းအခက်နဲ့ တွဲနေမှ လှတာပါ။ ဒီတော့ ချယ်ရီပန်း ခူးပြီဆိုရင် အကိုင်းလိုက် ချိုးပစ်ကြတဲ့သဘောပေါ့။ ဒီတော့ ရိုးရိုးလေး နားလည်ရရင် ချယ်ရီပန်းကို မြတ်နိုးလို့ ချစ်လို့ ခူးတယ် ချိုးတယ်လို့ပေါ့။ အဲ့ကျရင် သဘာဝတရားအပေါ် မတရားလုပ်ရာကျလေမလားပေါ့ဗျာ ။ အပင်ပေါ်က ချယ်ရီပန်းဟာ ပွင့်ပြီးရင် တဖြေးဖြေးနဲ့ ချယ်ရီသီး ဆိုပြီး ဖြစ်လာတယ် အသီးဟာ တဖြေးဖြေး မှည့်လာပြီးရင် ကြွေကျတယ် တောငှက် တိရစ္ဆာန် လေးတွေ ခြွေယူစားသောက်ရင်းဖြစ်ဖြစ် သယ်ယူရင်းဖြစ်ဖြစ် ကြွေကျရင်ဖြစ်ဖြစ် လေတိုက်ရင်း လွှင့်ပါသွားရင်ဖြစ်ဖြစ် အသီးထဲမှာ အစေ့ပါတာကြောင့် တချိန်ချိန် တနေနေရာမှာ မျိုးစေ့အောင်ရင် အပင်လေး အဖြစ်ပြန်လည် မွေးဖွားရှင်သန်လာပါတယ်။ လူတွေနဲ့ ဝေးရာ ဒေသတွေမှာဆိုရင် သူတို့ပြန်လည်ရှင်သန်လာဖို့ လွယ်ကူပေမယ့် လူတွေနဲ့ နီးတဲ့အရပ်တွေမှာဆိုရင် သူတို့ရှင်သန်ဖို့ သိပ်ခက်ခဲစေတယ်။ ကျွန်တော်ချစ်တဲ့ ချယ်ရီကိုလည်း အဲ့ဂလိုပဲ ရှင်သန်စေချင်တယ်လေ။ အဲ့ကြောင့်မို့ ချယ်ရီဆိုရင် ချယ်ရီပန်းအောက် ထိုင်မယ် သူကြွေကျရင် ဝမ်းသာအားကျ ခုန်ပေါက်မယ်။ နှင်းပါကျနေမယ်ဆိုရင်ဗျာ နှင်းရော ချယ်ရီပန်းတောကြားထဲမှာ အသက်ငါးနှစ်အရွယ် ကလေးလေးတစ်ယောက်လို ပျော်လေ့မိမှာပါ။

image

ဂျပန်နိုင်ငံမှာ နာမည်ကြီးသီချင်းတစ်ပုဒ်ရှိတယ်ဗျ။ ဂျပန်လူမျိုးတွေ ချယ်ရီပန်းကို ဘယ်လောက်တန်ဖိုးထားကြောင်းပေါ့ဗျာ။ အကယ်၍ နားထောင်ချင်တယ်ဆိုရင် အောက်မှာ Youtube Link လေး ပေးထားတယ် နားထောင်ကြည့်ဗျာ။ ဂျပန်စကားနားမလည်တောင်မှ ချယ်ရီပန်းအငွေ့အသက်တော့ ရရှိစေလိမ့်မယ်ဗျ။

ပန်းတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိတယ်ဗျ။ အဲ့မှာ ချယ်ရီပန်းရဲ့ အဓိပ္ပာယ်တော့ သိပ်မကြိုက်လှဘူးဗျာ။ တစ်နေ့နေ့တော့ ဝေးရဦးမယ်တဲ့။ အခြားပန်းတွေမှာ သူ့သက်ဆိုင်တဲ့ အဓိပ္ပာယ်ရှိတယ်။ မသိတဲ့သူတွေသိအောင်လို့ ထည့်ပေးထားတယ်နော်။

၁. ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်
၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃. ခတ္တာပန်း =အားငယ်သူမို့ညှာတာပါ
၎. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်
၅. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်
၆. ဂန္ဓမာပန်း (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ ယုံလည်း ယုံကြည်ပါတယ်ကွယ်
၇. ဂန္ဓမာပန်း (အ၀ါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ
၈. ခရေပန်း = Don’t forget me
၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ
၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
၁၁. ဆပ်သွားဖူးပန်း = သစ်စာမရှိတဲ့သူအတွက် ၀မ်းနည်းတယ်
၁၂. ဆောင်တော်ကူးပန်း =မင်းကြောင့်ကိုယ့်မှာရူးပြီ
၁၃. ဆယ့်နှစ်ရာသီပန်း =ရိုးသားဖြူစင်ခြင်း
၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်
၁၅. ဒေလီယာပန်း =မကြာခင်မှာဆုံတွေ့ကြရအောင်
၁၆. ဒန်းပန်း = ဘ၀ကိုအရှုံးမပေးပါနဲ့
၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့
၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ
၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်
၂၀. နေကြာပန်း = မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ
၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ
၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း
၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း
၂၅. မိုးမခပန်း = မင်းအပေါ်မှာချစ်နေမိတဲ့စိတ်ကိုစွန့်ပယ်လိုက်ပါပြီကွယ်
၂၆. သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း
၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ
၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း
၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်
၃၁. ၀ိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ
၃၂. အုန်းပန်း = ကံကောင်းခြင်း
၃၃. ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ်
၃၄. ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်း အဖြစ်သည်းလွန်းမနေစမ်းပါနဲ့
၃၅. ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ။
၃၆. ဘိန်းပန်း = စိတ်ညစ်ညူးနေခြင်းမှသက်သာမှုရပါတော့မယ်ကွာ
၃၇. အပြာရောင်ခေါင်းလောင်းပန်း = ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ

image

ဂျပန်နိုင်ငံမှ ပွဲတော်တစ်ခုရှိတယ်။ ဟနမိနေ့ (ပန်းကြည့်နေ့) တဲ့။ Hanami ဆိုတာ ဂျပန်ရိုးရာ ဓလေ့ ချယ်ရီပန်း တွေ ကြည့် တဲ့ ပွဲတော်လေး တစ်ခုပါ။ ဂျပန်က sakura ပန်းတွေက မတ်လ အစောပိုင်းကနေဧပြီလအစောပိုင်းလောက် အထိ ဘဲ ပွင့်ကြပါတယ်။ ချယ်ရီပန်း ပွင့်တဲ့ သက်တမ်း က အများဆုံး တစ်ပတ် နှစ်ပတ် လောက် ပဲ ကြာပါတယ်။ဂျပန် တွေက sakura တွေ ပွင့်တဲ့ ရာသီဆိုရင် မိသားစုတွေ ပျော်ပျော်ပါးပါး ပျော်ပွဲစား ထွက်ကြပါတယ်။ Sakura တွေ ပွင့်တဲ့ ပန်းခြံတွေ၊မြစ်ကမ်းနံဘေး တွေကိုသွားပြီး မိသားစုတွေ၊သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ သောက်ကြ၊စားကြ ရင်း ချယ်ရီပန်း တွေကို ကြည့်ကြပါတယ်။ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ ဂျပန်ရိုးရာ ဓလေ့ ပွဲတော်လေး တစ်ခုပေါ့ဗျာ။ ညနေပိုင်းဆို ပန်းပွင့်ဖတ်တွေကြွေပြီး အရမ်းလှတာပေါ့။ ဂျပန်တွေလည်း အဲဒီနွေညမှာ ပန်းပင်အောက်ဖြစ်ချင်တိုင်းဖြစ်ကြတာပေါ့..။ အဲဒီရာသီဆို တီဗီကနေ မိုးလေ၀သပြသလိုကို တစ်နိုင်ငံလုံးပန်းပွင့်တဲ့နေရာတွေ မြေပုံနဲ့ပြပါတယ်။ မြန်မာနိုင်ငံမှာ ပန်းတွေပေါပေမယ့် ဟနမိမလုပ်ကြတော့ ဝမ်းတော့နည်းမိသားဗျာ။

image

ကိုးရီးယားမှလည်း နွေဦးပွဲတော်တစ်ခုမှာ ချယ်ရီပန်းတွေနဲ့အတူ ဖြတ်သန်းတဲ့ ပွဲတော်လည်းရှိပါတယ်။ နွေဦးရာသီတွင် ရောင်စုံပန်းများက ဝေဝေဆာဆာ၊ လှလှပပ ပွင့်ဖူးကြသဖြင့် ပန်းကိုချစ်သောပန်းချစ်သူသာမက ပန်း၏အလှအပကိုကြည့်သူ၏ မျက်စိအမြင်အာရုံကိုဖမ်းစားနိုင်သလို လူ့ရဲ့စိတ်ကိုလည်း ညှို့စားနိုင်ပါတယ်။ ပန်းများပွင့်ချိန်တွင် ကိုရီးယားလူမျိုးများသည် ပန်းပွင့်တာကို မမြင်ဖူးသလို၊ မတွေ့ဖူးကြသလို “ပန်းပွင့်ပြီ”ဟုလည်း တဖွဖွပြောတတ်ကြပါတယ်။ နွေဦး၏အလှပန်းချီသည် ပန်းကိုချစ်မြတ်နိုးသော ကိုရီးယားလူမျိုးများကိုမနေနိုင်အောင် နှိုးဆွနေသလို နွေဦးပန်းပွင့်ချိန်တွင် ကိုရီးယားနိုင်ငံ၏ အလှသဘာဝကဘယ်ပန်းချီရေးလို့ မှီမယ်မထင်ပါဘူးဗျာ။ နွေဦးတွင်ပွင့်ဖူးသော ပန်းနုရောင်ချယ်ရီပန်းကလည်း ကိုရီးယား၏အလှသဘာဝကိုပိုမိုအသက်ဝင်စေပါတယ်။ ပန်းနုရောင်ချယ်ရီပန်းများ မြင်ရသူအဖို့လူဖြစ်ရကျိုးနပ်သလို စိတ်ထဲ၌ခံစားရပြီး ချယ်ရီပန်း၏အလှကရှုမ၀နိုင်အောင်ပါ။ ချယ်ရီပန်းများအကြား ဂစ်တာတစ်လက်ဖြင့် တေးသီချင်းသီကျူးနေသော တေးဆိုရှင်၏ လေထုထဲတွင်လူးလွန်နေ့သော စာသားနှင့်တေးသွားများလည်း ကြားမိသူ၏စိတ်ထဲ၌ကြည်နူးစိတ်များ တည်ဆောက်ပေးနေပါတယ်။ ချယ်ရီပန်းများပွင့်ရာ လမ်းမအတိုင်း လမ်းလျှောက်သွားလာနေကြသော လူပုံရိပ်များလည်း မရေတွက်နိုင်အောင်ပါ။ မိသားစုနှင့်ပျော်ပျော်ရွှင်ရွှင် ချယ်ရီပန်း၏အလှကိုခံစားနေသူများ၊ ချယ်ရီပန်းအလှကို ဓာတ်ပုံရိုက်သူများ၊ လက်ချင်းတွဲလျက်လမ်းလျှောက်ရင်း ကြည်နူးစွာ ရယ်မောနေကြသူချစ်သူစုံတွဲများ၏ ပုံရိပ်များသည် ပန်းပွင့်တပွင့်ပမာ ရှုမောစရာကောင်းလှပါတယ်ဗျာ။

image

ဘာပဲဖြစ်ဖြစ် ချင်းပြည်နယ်မှာရော မိုးကုတ်မှာရော ချယ်ရီပန်းတွေ ပွင့်တယ်လို့ကြားလို့ ဟိုး ဂျပန်တွေ ကိုးရီးယားတွေ မရောက်တောင်မှပဲ မြန်မာပြည်တွင်းက ချယ်ရီပန်းရှိတဲ့နေရာတော့ သေချာပေါက်သွားအုန်းမယ်လို့ စိတ်ထဲ ဆုံးဖြတ်ထားလိုက်ပါတယ်ဗျာ။ ရှားပါးစွာပဲ တရုတ်နိုင်ငံမှာလည်း ချယ်ရီပန်းပွဲတော် ရှိပါသတဲ့။ ယ၂၀၁၈ ရှန်ဟိုင်းချယ်ရီပန်းပွဲတော်ကို မတ်လ ၁၆ရက် ကနေ ဧပြီ ၁၅ရက်နေ့ အထိ Gucun ပန်းခြံမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲတော်မှာ ချယ်ရီပန်းပင်ပေါင်း ၁၂၀၀၀ ကျော် နဲ့ မျိုးစိတ်ပေါင်း ၈၂မျိုးတို့ကို ပြသထားပါတယ်တဲ့ဗျာ။ အကယ်၍ သွားချင်တဲ့သူတွေလည်း သွားနိုင်တာပေါ့ဗျာ။

image

ချယ်ရီအကြောင်းလေးနဲ့ ပတ်သက်ပြီး Wikipedia ရော ဘာသာပြန်တွေရော လိုက်ရှာပြီးသကာလ အချို့အချက်လေးတွေ ထွက်လာပါတယ်။ မသိတဲ့သူတွေအတွက် ဖော်ပြပေးလိုက်တယ်နော်။

ချယ်ရီပင်က နှင်းဆီမျိုးရင်းဝင် အပင်ဖြစ်၍ ယင်း၏ မျိုးစုအမည်မှာ ပရုနပ်ဖြစ်ပါတယ်။ ချယ်ရီအချိုမျိုး၊ အချဉ်မျိုး ဟူ၍ ၂ မျိုးရှိရာ အချိုမျိုးကို ပရုနပ်အဗီယမ်ဟူ၍ လည်း ကောင်း၊ အချဉ်မျိုးကို ပရုနပ်စီရာဆပ်ဟူ၍ လည်းကောင်း ခေါ်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းရှိ တောင်ကုန်းများ၌ အချို မျိုးဖြစ်သော ပရုနပ်အဗီယမ်ချယ်ရီပင်များကို တွေ့ရတတ်ပါတယ်။
ဂျပန်နိုင်ငံ၌ ချယ်ရီပန်းများပွင့်သော နွေဦးပေါက်ချိန်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြပါတယ်။ ချယ်ရီအချို သီးမှည့်များကို အသီးမှည့်အတိုင်း စားသုံးကြပါတယ်။ ချယ်ရီအချဉ်သီးကိုမူ သနပ်၊ ချဉ်ရည် စသည်တို့ပြုလုပ် ရန် အသုံးချကြပါတယ်။ ချယ်ရီသီးအရည်ကို အရက်ချက်ကြပါတယ်။ ချယ်ရီသားဖြင့် အကောင်းစားအိမ်ထောင် ပစ္စည်းများကို ပြုလုပ်ကြပါတယ်။ ချယ်ရီပင်၏ အခေါက်မှာ ဆေးဘက်ဝင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း၌ ရုက္ခဗေဒအမည် ပရုနပ်ပဒ္ဒမ်ခေါ် ဟင်မားလယန် ချယ်ရီမျိုးလည်း ပေါက်ပါတယ်။ ထိုချယ်ရီပင်ကို ကချင်တို့က ပန်နု၊ ပန္နီဗျင်ဗျိုင်းဟူ၍လည်းကောင်း၊ ရှမ်းတို့က မိုင်စိုင်ဟူ၍လည်းကောင်း ခေါ်ကြပါတယ်။

ချယ်ရီအမျိုးအစားကတော့ ၁၂ မျိုးတောင်ရှိပါတယ်။ အဲဒီ ၁၂ မျိုးထဲက အသီးသီးတဲ့အမျိုးအစားကတော့၂ မျိုးပဲရှိပါတယ်။ အချိုသီးနှင့် အချဉ်သီးအမျိုးအစားဖြစ်ပါတယ်။ အချဉ်အမျိုးအစားကတော့ သကြားဓာတ် နည်းတာမို့ သူ့ကို မစားကြပါဘူး။ အဲဒီအချဉ်အမျိုးအစားကို လူတို့ရဲ့စားသောက်ုန်ဖြစ်တဲ့ ဂျယ်လီ၊ ချယ်ရီပိုင်း၊ ချယ်ရီဝိုင်အဖြစ် ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ Michagan ပြည်နယ်က ချယ်ရီသီးရဲ့အချဉ်အမျိုးအစားကို အဓိကစိုက်ပျိုးထုတ်လုပ်ပါတယ်။
ချယ်ရီသီးရဲ့အချိုအမျိုးအစားကတော့ အချိုဓာတ် သကြားဓာတ်အားကောင်းတာမို့ သူ့ကို ပင်မှည့်အသီးအဖြစ် အဓိကစားသုံးကြသလို အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်
နယ်က အဓိကထုတ်လုပ်စိုက်ပျိုးပြီး ကယ်လီဖိုးနီးယားနှင့် အော်ရ်ဂန်ပြည်နယ်က နောက်ကနေလိုက်ပါတယ်။ အမေရိကန်အပြင် အီရန်၊ တူရကီနိုင်ငံတွေမှာလည်း ချယ်ရီသီးရဲ့ အချိုအမျိုးအစားကို အဓိကထုတ်လုပ်ပျိုးပါတယ်။ အမေရိကန်မှာတော့ ၂၀၀၄ တုန်းက အသီးခူးပြီးတာနဲ့ ၂၀ ရာခိုင်နှုန်း လောက်ကို ခုတ်လှဲလျှော့ချသွားတယ် လို့ဆိုပါတယ်။ ချယ်ရီအသီးတွေကတော့ အခြားအသီးတွေလိုမျိုး ကြာရှည်အထားမခံတာမို့ ခူးပြီးပြီးချင်း ဈေးကွက်ထဲ တင်ပို့ရတာမို့ အခြားသောအသီးများထက် ဈေးပိုကြီးရတယ်လို့လည်းဆိုပါတယ်။ ချယ်ရီကို စိုက်ပျိုးတဲ့အခါ ကိုင်းကူးပြီးစိုက်ပျိုးကြတာ ပိုပြီးကြီးထွားမြန်တာမို့ အများစု ကိုင်းကူးစိုက်ပျိုးကြပါတယ်။ ချယ်ရီကတော့ အသီးကတန်ဖိုးကြီးတဲ့အပြင် ဆောင်းရာသီချိန်မှာလည်း ချယ်ရီပွင့်
ကတန်ဖိုးကြီးပါတယ်။ အာရှနိုင်ငံများနဲ့ ဥရောပနိုင်ငံအချို့မှာ ဆောင်းရာသီချယ်ရီပွင့်နဲ့ နာမည်ကြီးနေကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ဝါရှင်တန်ဒီစီမြို့တော်က
တော့ ကမ္ဘာမှာ နာမည်အကြီးဆုံးချယ်ရီရှိတယ်လို့ဆိုပါတယ်။ ၁၉၁၂-ခု မှာတော့ ဂျပန်က အမေရိကန်ကို မိတ်ဆွေချစ်ကြည်ရေးအဖြစ် ချယ်ရီပင်ပေါင်း သုံးထောင်ပေးခဲ့ပါတယ်။ အဲဒီထဲမှာမှ အမျိုးအစား၁၂ မျိုးအထိပါဝင်ပါတယ်။
အဲဒီအမျိုးစားတွေက Yoshinoအမျိုးအစားက အများစုဖြစ်ပါတယ်။ နောက်များမကြာခင်မှာပဲ ဂျပန်က အမေရိကန်ကို ချယ်ရီပင်ပေါင်း ၃၈၀၀ လောက် လက်ဆောင်အဖြစ်
ထပ်ပေးပါတယ်။ ဒါပေမယ့် ၁၉၈၀ မှာတော့ ဝါရှင်တန်မှာရှိတဲ့ Yoshino ချယ်ရီအမျိုးအစားကို ဂျပန်မှာ ရေကြီးတဲ့အထဲ ဆုံးရှုံးသွားတဲ့သစ်ပင်တွေကို အစားထိုးဖို့အတွက်ဂျပန်ကို ကူညီထောက်ပံ့ပေးတဲ့အနေနဲ့ ပြန်ပေးခဲ့တယ်လို့ဆိုပါတယ်။

image

အချက်အလက်များအတွက် wikipedia မှ မှတ်တမ်းများ ၊ အင်တာနက်မှမှတ်တမ်းများကို အသုံးပြုထားပါတယ်။ သက်ဆိုင်သူများကို Credit ပေးပါတယ်။ ပုံများကိုတော့ အင်တာနက်မှ ပုံများအား ယူထားပါတယ်။

Photo from Internet and wikipedia
@လင်းညို့တာရာ
@linnhyotaryar
MSC - 226

Sort:  

ဗဟုသုတစုံပါ​ပေတယ်​ အစ်​ကို​ရေ ..​ရေးထားတာလည်း ဖတ်​လို့​ကောင်းပါ့ဗျား.. ပန်းတစ်​မျိုးစီရဲ့ အဓိပ္ပါယ်​​လေး​တွေ သိရတာ ​ကျေးဇူးဗျို့

ချယ်ရီပန်းအကြောင်းစုံသွားတာပဲ။ good

ခုချိန်ဆို ဂျပန်မှာ ချယ်ရီတွေပွင့်နေရောပေါ့ 😁

အခုပွင့်နေချိန်ပဲ

အချက်လက်တွေသဘောကျ လို့ resteem တယ်ဗျာ

good ပါဟယ်
အဲ့ထဲမှာ နာသုပ်စားလို့ရတဲ့ပန်း သိပ် ရှိဘူးတော့
ဒါပေမယ့် အဲ့ပန်တွေ ကုန်လုံး နောက်နေ့ သုပ်စားပြိုက်မယ်

သုပ်စားမယ်ဆိုတာချည်းပဲ အမရယ်

အိုးးအာ့ဆိုချယ်ရီပန်းကိုချစ်တဲ့ ချယ်ရီလင်းပေါ့။

ချယ်ရီလင်း ဆိုတာကြီးက ဘယ်လိုကြီးလား

ဟယ်ရီလင်းရဲ့ ညီမဖြစ်မှာပေါ့.. :P

အဲ့ပန်းတွေ အကုန်@mamamyanmar လက်ထဲထည့်လိုက်ရင် အရသာအရမ်းရှိသွားမယ် ထင်တယ်

အရှင်ဘုရားတော့ အသုပ်တွေဖြစ်အောင်လုက်နေတာလား

ပန်းအကြောင်းလေးတွေ တော်တော်များများ ဗဟုသုတရလိုက်ပါတယ်

ဟုတ်ကဲ့ အမရေ

မြန်​မာ ပြည်​မှ​တော့ စပယ်​​တွေလှိုင်​​နေပြီ
စပယ်​ပန်းပန်​ထားတဲ့အမျိုးသမီး​လေး
တစ်​ဦးတစ်​လေ​များဖြတ်​သွားရင်
စပယ်​ရနံ့​လေးကသင်းပျံ​မွှေးပါ့

စံပယ်အကြောင်းလည်း တင်အုန်းမယ်

စုံပါပေ့ဗျာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 65676.04
ETH 2615.45
USDT 1.00
SBD 2.65