အလင်းမဲ့ကျိန်စာ (၈)

in #myanmar6 years ago

image

" ကဲ အဲ့ဒါဆိုရင် မနက်ကျရင် မင်းသားလေး နရဏီဆီကို သွားရလိမ့်မယ် "

" ဟုတ်ကဲ့ ဆရာကြီး "

မောရိယသည် ဆရာကြီးအား ပြောလိုက်ပြီးနောက် ဆေးအိမ်တော်ထဲ ဝင်ရောက်သွားလေသည်။ ထိုအချိန်တွက် ဆရာကြီးသည် လေချွန်သံတစ်ချက်ပေးလိုက်လေသည်။ ကောင်းကင်မှ လင်းယုန်ငှက်တစ်ကောင်သည် အတောင်ပံကို ခတ်ရင်းနဲ့ ဆရာကြီး၏ညာဘက်ပခုံးပေါ်သို့ ဆင်းသက်လာလေသည်။ လင်းယုန်ငှက်၏ ဘယ်ဘက်ခြေထောက်တွင် သေချာတပ်ထားသော ကြုတ်လေးတစ်ခုရှိချေသည်။ ဆရာကြီးသည် ထိုကြုတ်လေးထဲကို သူ ၏ အကျီအတွင်းမှ စာရွက်လိပ်တစ်ခုထည့်ကာ လင်းယုန်ငှက်အား ပြန်လွှတ်ပေးလိုက်လေသည်။

ထိုလင်းယုန်ငှက်သည် အရှိန်ပြင်းစွာဖြင့် တစ်နေရာသို့ သွားနေလေတော့သည်။ ထိုလင်းယုန်သွားသောနေရာသည် နရဏီမင်းသားလေး၏ နန်းတော်ကြီးအတွင်းရှိ စစ်သူကြီးဆီသို့ ဖြစ်သည်။ စစ်သူကြီးလည်း ထိုလင်းယုန်မှစာကိုဖတ်ကာ ချက်ချင်း မင်းကြီးစံမြန်းရာနေရာသို့ ထွက်လာလိုက်လေသည်။ မင်းကြီးရှိသောနေရာသို့ရောက်သောအခါ မင်းကြီးအား လျှောက်တင်လိုက်လေသည်။

" အရှင်မင်းကြီး မင်းသားလေး ထွက်ခွာဖို့အတွက် မြင့်မြတ်သော သက်တော်စောင့်တစ်ဦး ဒီနန်းတော်ကို လာနေပြီလို့ ဆေးဆရာကြီးက သတင်းပို့လာပါတယ် အရှင်မင်းကြီး "

" ဟေ ဟုတ်သလား မင်းတို့ ဆေးဆရာကြီးတွေကလည်း အမြဲတမ်းအတွေးတစ်ခုခုနဲ့ အမြဲဖန်တီးထားတယ်နော် "

" ဟေ့ တစ်ယောက်လာစမ်း မင်းသားလေးကို ပြင်ဆင်ပြီးရင် မင်းကြီးထံ အခစားဝင်အုန်းလို့ သွားပြောကြစမ်း "

" အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီး "

နရဏီမင်းသားလေးသည် လိုအပ်သည့်အရာများကို ပြင်ဆင်လျက် အဝတ်အစားများအား အိတ်ရှုံတစ်လုံးထဲကိုထည့်လျက်ရှိနေပေသည်။ ထည့်သောအဝတ်အစားများသည်လည်း နန်းတော်တွင်းအဝတ်အစားမျိုးမဟုတ်ဘဲ တောတွင်းသားအဝတ်အစားဖြစ်သောကြောင့် အလွန်လိုက်ဖက်လျက်ရှိနေချေသည်။ အစိမ်းရောင်အဝတ်အစားဖြစ်တာမို့ အရပ်ရှည်လှသော သူ့ခန္ဓာကိုယ်နဲ့ ပနံသင့်အောင်ကို လှပကျော့ရှင်းလျက်ရှိနေသည်။ အသားအရည်က ဖွေးဥနေသောကြောင့် ထိုအစိမ်းရောင်အောက်မှ ချစ်စရာလူဖြူလေးကဲ့သို့ ဖြစ်နေချေသည်။ ထို့နောက် ဓားတစ်ချောင်းအား အခန်းအတွင်းရှိ နဂါးပုံသဏ္ဍာန်ထွင်းထုထားသည့် ဗီရိုတစ်ခုအား ဖွင့်ကာ ယူလိုက်လေသည်။ ထိုဓားနာမည်ရှိသည်။ လောကပါလနဂါးဓား ဟူ၍ ဖြစ်လေသည်။

လောကပါလဓားအကြောင်းပတ်သက်ပြီး ပြောစရာကရှိလာပေမည်။ ဒီဓားသည် နရဏီမင်းသားလေးကြီး အဘေးဖြစ်သော နဂါးမင်းစောင့်ရှောက်ခံ ရဇိန္တဘုရင်ကြီး၏ ဓားဖြစ်လေသည်။ ဓားကို လူတိုင်း သိကြပါသည်။ ဓားကို ပုံစံ အမျိုးမျိုး လုပ်ကြပါသည်။ ဂေါ်ရခါးဓား ။ ငှက်ကြီးတောင်ဓား ။ ကိုင်းခုတ်ဓား ။ ထန်းလှီးဓါး။ မြက်ရမ်း ဓါးကောက် အိပ်ဆောင် ဓားမြောင် အမျိုးမျိုး။ မီးဖိုချောင်သုံး သားလှီးဓား ။ ဟင်းခုတ်ဓား ။ အသီးအရွက်လှီးဓား ။ ထင်းခုတ်ဓားအမျိုးမျိုး ။ ပန်းပု မှာ သုံးသောဓား ။ လယ်ယာ / တောင်ယာသုံး / လက်သမားသုံး ဓားအမျိုးမျိုးလည်းရှိကြပါသည်။ ဓားပြုလုပ်သော သံကလည်း အမျိုးမျိုး
ရှိကြပါသည်။ ရိုးရိုးသံပုပ် ။ လေးသံ ။ စက်ပစ္စည်း အဟောင်း တကျော့ပြန် သံထည်များ ။ သံမဏိ စသည်တို့ ကိုလည်း ဓားအဖြစ် အလိုရှိသော ဒီဇိုင်း ပြုလုပ်ကြပါသည်။ ဒီလောကပါလဓားကိုတော့ နဂါးသံဟုခေါ်သည့် နဂါးခံတွင်းမှ မီးမှုတ်ပေးသည့် သံကျောက်များဖြင့် ပြုလုပ်ထားသော နဂါးခံတွင်းမီးတောက်သံအမျိုးအစားဖြစ်လေသည်။ ထို့ကြောင့်မို့ နဂါးသံဖြင့် ပန်းပဲဖိုတွင် သွန်းလုပ်သောအခါတွင် မြောက်မြားစွာသော အခြေအနေများဖြင့် ပြုလုပ်စီမံရလေတော့သည်။ ဓားတစ်လက်လုပ်ရာ မှာ အရေးကြီး
ကုန်ကြမ်းဟာ သံထည် ။ မီးသွေး နှင့် ဆေးသားလုပ် ဆေးပစ္စည်းပါ။ သံထည်တွေမှာ ခြသံ ။ သံပုပ် ။ရေသံတို့  ရှိပါသည်။ မီးသွေး မှာ သျှား သား မီးသွေးကို အကောင်းဆုံးးလို့ ပြောပါသည်။ မီးအား အပြင်း အပျော့  လိုအပ်သလို ထိန်းရလို့ ပါ။ ဆေးသား စပ်တာကလည်း ဆရာကျ ပါသည်။ ပန်းဘဲဆရာတွေ အရည်အချင်းကွာတာ ဒီအချက်ပါဘဲ။ နဂါးသံကို ထွန်းထုသည့် ပန်းပဲဆရာမှာ နာမ်လောကဖြင့် ချိတ်မိပြီးနောက် ထူးဆန်းသည့်သူ့ဘဝတွင် ဒီဓားအား ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။

ပန်းပဲဆရာမှာ ဓားလုပ်မည့် အမျိုးအစား / သံ အမျိုးအစား / ကိုင်ဆောင်မည့်သူ၏ နေ့ နာမ် လုပ်မည့်သူ၏ နေ့ နာမ်တို့ နှင့် ကိုက်ညီမည့် အခိုက်ဓါတ်လွတ်မည့် အချိန်
အခါ နရီ နက္ခတ်များကို ရွေးချယ်ရခြင်း ၊ နေ့ နံကိုက်သော မီးသွေး အမျိုးအစားကို ရွေးချယ်ရခြင်း ။ အခိုက်ဓါတ်လွတ်ပြီး အရည်အသွေး ကောင်းသောဆေးသားများကို အချိန်ကိုက် ဖေါ်စပ်တတ်ခြင်း ။ ဓားလုပ်သောသူသည် ကိုယ်ကျင့်တရားကောင်းရခြင်းတို့ကို ဆောင်ရွက်ရလေသည်။ ဒီလောကပါလနဂါးဓားအတွက် အချိန်လေးလကျော်ကုန်ခဲ့လေသည်။ လက်ကိုင်တွင် ပြဒါးဓာတ်လုံး နှင့် သံဓာတ်လုံးနှစ်လုံးရှိလေသည်။ ဒီဓားအတွင်းတွင် နဂါးဝိညာဉ်အချို့ ကိန်းအောင်းနေပြီး တိုက်ပွဲဝင်သည့်အခါမျိုးတွင် မတူညီသောစွမ်းအားကို ဖြစ်ပေါ်စေသည်။ ဘုရင်ကြီးနတ်ရွာစံပြီးနောက် ဘုရင်ကြီးမှ ဒီဓားကို နဂါးပုံသဏ္ဍာန်ပြုလုပ်ထားသောဗီရိုအတွင်းထားခဲ့ပြီး ဒီဓားနဲ့ ထိုက်တန်သူသာ ဒီဗီရိုကိုဖွင့်ရလိမ့်မည်။ ဖွင့်သောသူက ဒီဓား၏ပိုင်ရှင်ဖြစ်မည်ဟု သစ္စာဆိုခဲ့လေသည်။ ထိုနောက်ပိုင်း ဘယ်သူမှ ဗီရိုကိုဖွင့်၍ မရခဲ့။ နရဏီမင်းသားလေးမွေးဖွားလာချိန်ဝယ် ထိုဗီရိုကြီးသည် ထူးခြားသည်အခြင်းအရာများဖြင့် အလင်းရောင်များလင်းတက်လာပြီး တံခါးသည် ထူးဆန်းစွာ မည်သူမှ မဖွင့်ဘဲ ပွင့်သွားလေသည်။ ထိုနောက်ပိုင်း ဒီဓားသည် မင်းသားလေးနဲ့ သက်ဆိုင်သော ဓားဖြစ်ကြေုာ်း သတိထားမိလာသဖြင့် မင်းကြီးဖြစ်သူမှာ ထိုဗီရိုအား မင်းသားလေးအခန်းအား ရွှေ့ထားလေသည်။ ထိုဗီရိုကိုဖွင့်ပြီး အတွင်းမှ လောကပါလနဂါးဓားအား မင်းသားလေး ကိုင်ဆောင်လိုက်သောအခါဝယ် ဥယျာဉ်အတွင်းတွင်ရှိသော ရေအိုင်များသည် ပြင်းထန်စွာလှုပ်ခတ်လာလေသည်။ တိုင်းပြည်ကြီး၏ရှိနေသော စမ်းချောင်းများ ၊ ရေတွင်းများ ၊ ရေကန်တို့သည်လည်း ပြင်းထန်သော အသံများဖြင့် မြည်ဟီးကြလေသည်။ ဒါကို မင်းသားလေးက မသိရှိပေ။ ဒါပေမယ့် ဓားအတွင်းရှိစွမ်းအားစုသည် မင်းသားလေး၏လက်တွင်သွားရောက်စုမိနေပီဖြစ်သည်။ ထို့ကြောင့် ပြင်းထန်သောဆွဲငင်မှုတစ်ခုကို ခံစားနေရလေသည်။ ထိုအချိန်တွင် အထောက်တော်ရောက်ရှိလာပီ မင်းကြီးက ကိစ္စပြီးပါက မင်းကြီးထံလာပြီး အခစားဝင်လှည့်ပါ ပြောကြောင်း လျှောက်တင်လိုက်လေတော့သည်။

မင်းသားလေးလည်းထည့်စရာရှိတာများထည့်ပြီးပီမို့ အထုတ်ကိုယူကာ မင်းကြီးစံမြန်းရာနေရာသို့ထွက်လာလိုက်လေသည်။ ထိုနေရာကိုရောက်သောအခါ ထူးခြားသောလူငယ်တစ်ယောက် နှင့် အဘိုးကြီးတစ်ယောက်အား တွေ့လိုက်ရလေသည်။

" ကဲ သားတော်လေး သားတော်လေးအတွက် လမ်းမှာ အကူညီအထောက်အပံ့ရစေဖို့အတွက် ဒါက သူဌေးကြီး မာဋ္ဌ၏သားတော်ဖြစ်တယ် မောရိယလို့ ခေါ်တယ် ။ သူ့က သားတော်လေးနဲ့အတူလိုက်ပြီး တာဝန်ကို ထမ်းဆောင်လိမ့်မယ်။ ထမ်းဆောင်ဖို့အတွက်လည်း သူ့မှာ လေ့ကျင့်မှုတွေ အများကြီးလုပ်ခဲ့ပြီးပြီ "

နရဏီလည်း မောရိယ ကို သေချာကြည့်လိုက်လေသည်။ ခိုင်မာတောင့်တင်းလှသော ရင်အုပ်များ နှင့် စူးရှတောက်ပသော မျက်လုံးတစ်စုံတွေနဲ့ ကြည့်နေသော မောရိယကို မြင်တော့ အလိုလိုကို သဘောကျသောစိတ်များပေါ်လာလေသည်။

" သားတော်ဘက်ကတော့ ငြင်းစရာတော့ မရှိပါဘူး သဘောကျပါတယ် "

"မောရိယ သင် ဘာတွေများတက်ကျွမ်းသလဲ ကျွန်ုပ်နဲ့လိုက်ရင် အခက်အခဲတွေ ပြသနာတွေနဲ့ တွေ့ကြုံရနိုင်တယ်။ ပြီးတော့ သေခြင်းတရားနဲ့လည်း မတွေ့နိုင်ဘူးလို့လည်း မပြောနိုင်ဘူး သင်ခံနိုင်ရည်ရှိပါ့မလား "

" မင်းသားလေး ကျွန်တော်မျိုးက ဆေးပညာတွေ သိုင်းပညာတွေ ဝိဇ္ဇာမယပညာအတတ်တွေနဲ့ ကြီးပြင်းလာသူတစ်ယောက်ပါ။ ဓားရေး (၃၇) ချင်းကိုလည်း တက်ကျွမ်းထားပီး ဘူတဝါဟနအတတ်ပညာတွေလည်း တက်ကျွမ်းထားပါတယ်။ "

[ ထိုဓါးရေး ၃၇ ချင်းဆိုသည်မှာ

  1. ဓားချီ
  2. ဓားခင်း
  3. မျက်နှာကာ
  4. ဓားလှ
  5. ဓားလျှိုး
  6. မှောက်ထိုးရပ်
  7. ရင်ခွဲ
  8. အသားလှန်
  9. ဓားခုတ်
  10. ဇင်ယော်သုတ်
  11. တဖက်ထိုး
  12. ရှေ့လှည်း
  13. နောက်လှည်း
  14. ရွှေနှုတ်မြွက်ယာလှ
  15. ရွှေနှုတ်မြွက်ဝဲလှ
  16. စွန်သုတ်
  17. ပါးကပ်
  18. ပန်းကုံးဖြတ်
  19. ဓားလွှင့်
  20. ပန်းကုံးသီ၊
  21. ဆက်ရက်ခုန်
  22. မီးတိုင်ပြ
  23. ပိုးချည်လွှား
  24. သက်တင်ရေသောက်
  25. ရွှေဘယက် လည်လျောက်
  26. ဒေါင်းမြီးကာ
  27. ကျားမြီးဆွဲ
  28. ဓားရွက်
  29. လက်ကောက်ဝတ်
  30. မောင်းကပ်
  31. ရွှေနှုတ်လည်လျောက်
  32. နောက်လည်လျောက်
  33. ဓားသွဲ့
  34. ဓားပြ
  35. တဖက်နှုတ်
  36. နှစ်ဖက်နှုတ်
  37. နောက်လှည့် တို့ဖြစ်ပါသည်။ ]

" အသင်သာ အဆင်ပြေတယ်ဆိုရင် ကျွန်ုပ်နဲ့အတူ ရွှေပန်းသီးအရှာတော်ထွက်ကြတာပေါ့ကွာ။ အခုပဲ သွားကြရအောင် "

" အမိန့်တော်အတိုင်းပါ အရှင်မင်းသားလေး "

" သွားရမဲ့နေရာက နန်းတော်လည်းမဟုတ်သလို ပြင်ပနေရာဖြစ်တယ်။ အဲ့ကြောင့် အသင်ကျွန်ုပ်ကို အကိုတော်လို့သာ ခေါ်ပါ။ အသင်လည်း ကျွန်ုပ်ထက် ငယ်တယ်မဟုတ်လား "

" ဟုတ်ပါပြီ အကိုတော် "

" ဖခမည်းတော် ကျွန်တော်တို့ သွားပါအုန်းမယ် "

" ဆရာ ကျွန်တော်တို့ သွားမယ်နော် "

" အေး မောရိယ မင်းအိတ်ထဲမှာ မြေပုံပါတယ်။ အဲ့မြေပုံကို ကြည့်ပြီး လိုအပ်တာတွေဝင်ယူသွား ပြီးတော့ အမိန့်စာလည်းပါတယ် အချို့ အမိန့်စာတွေက တကယ့်နေရာတွေမှာ အသုံးဝင်လိမ့်မယ် ။ လုပ်စရာရှိတာ လုပ်ခဲ့ ။ တာဝန်မပျက်စေနဲ့ ငါပြောတာတွေလည်း မမေ့နဲ့။ "

" ဟုတ်ကဲ့ အဘဆရာ "

နရဏီ နှင့် မောရိယမှ ပြောဆိုပြီးနောက် နန်းတွင်းထဲကနေ တစ်ရွေ့ရွေ့ထွက်ခွာသွားလေသည်။ ထိုထွက်ခွာနေသည့် ပုံရိပ်ကိုကြည့်နေသော သူတစ်ဦးတော့ ရှိနေပေသည်။


" ဟား ဟား ဟား နင်တို့ နှစ်ယောက် ထွက်ကြပီပေါ့လေ နရဏီ နဲ့ ဝီရ တို့ မင်းတို့လိုချင်တဲ့ ဆန္ဒတွေ ဖြစ်မလာစေရဘူး ဟား ဟား "

ထိုအခြင်းအရာကို ကြည့်နေသူမှာ မင်းသားလေးတို့ တိုင်းပြည်ရဲ့တောင်ဘက်တွင်ရှိသော မြစ်မခတောင်ထိပ်ပေါ်ရှိ မနုဿစုန်းကဝေမကြီး အာရှာလင် ဖြစ်ပေသည်။ အာရှာလင်သည်လည်း ထူးဆန်းသောအနက်ရောင်အငွေ့တန်းများအား လက်ဖြင့်တန်းလိုက်ပြီး သူကြည့်နေသည့် ဓာတ်ဖန်လုံးအတွင်းသို့ ထည့်လိုက်လေတော့သည်


အလင်းမဲ့ကျိန်စာ ၏ Season 1 ပြီးပါပြီခင်ဗျာ။ Season 2 အား ရေးသားလျက်ရှိနေသောကြောင့် စောင့်မျှော်ပေးကြပါအုန်းလို့ ဆိုချင်ပါတယ်။ ဒီကြားထဲမှာတော့ အခြားဗဟုသုတရစေမည့် အကြောင်းအရာများကို ဖော်ပြပေးမှာပါ။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော်။

@လင်းညို့တာရာ
@linnhyotaryar
MSC - 226

အပိုင်းတစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-1-dfb422788ad5c

အပိုင်းနှစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-2-07d7de12f3d07

အပိုင်းသုံးဖတ်ရန် -
https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-3-ebcbf47cde08c

အပိုင်းလေးဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-4-ec66d14e97865

အပိုင်းငါးဖတ်ရန် -
https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-5-9fe23592bf7dc

အပိုင်းခြောက်ဖတ်ရန်
https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-6-7476acd34d3e8

အပိုင်းခုနစ်ဖတ်ရန်
https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-7-35695d9732996

Sort:  

ယေး season-1 ပြီးပြီ 😁

အွင်းနော်

You have collected your daily Power Up! This post received an upvote worth of 0.25$.
Learn how to Power Up Smart here!

တကယ်​လည်း​ကောင်းမွန်​စွာတစ်​ခန်းချင်းချိတ်​ဆက်​​ရေးသားနိုင်​တာ​ဘေးကိုက​လေးစားပါတယ်​fri

ကျေးဇူးနော်

ရွှေပန်းသီးရှာပုံတော် ထွက်ကျတော့မယ်ပေါ့ စိတ်ဝင်စားစရာပါဘဲ နောက်တစ်ပိုင်းမျှော်နေပါတယ်

ဟဲဟဲ ရှာတော့မယ်

ဇာတ်ကောင်နာမည် အဆန်းတွေနဲ့  အချိတ်အဆက် မိမိ ရေးသားထားတာ ဖတ်လို့ ကောင်းပါတယ်။

သိုင်းကျူးပါ Brother

ဟာ အလင်းမဲ့ကျိန်စာ ၏ Season 1
ပြီပါ​ရောလား ​ရေးနိုင်​တယ်​ဗျ

အွင်း ရေးရတာပဲလေ ဟီး

ဇာတ်ရှန်တက်လာပီ ထပ်ရေးပါဗျို့

ဟုတ် ထပ်ဆရးပါ့မယ်ဗျ

မိုက်တယ်ဗျ။ဓါးရေးတွေဘာတွေရှင်းပြထားတာများ။ရေးတတ်လိုက်တာနော်။အားပေးနေမယ်အစ်ကိုရေ။

ဟုတ်ကဲ့ ဟုတ်ကဲ့

ဓားရေး ၃၇ခင်းဆိုတာကြားဖူးပေမယ့် ခုမှ အမည်တွေသိတော့တယ်

ဟုတ် အစက ထပ်အရစ်ရှည်ဖို့ရှိသေးတာ ဒီလောက်ပဲရပ်လိုက်တာ

ရေးလည်​​ရေးနိုင်​ ​ရေးလည်း​ရေးတတ်​ပါ့ဗျာ .. အားကျတယ်​ဗျာ ...

ဟုတ် တတ်နိုင်သလောက်လေး ရေးထားတာပါ

ခုလိုရေးသားနိုင်ဖို့ဆိုတာ မလွယ်လှဘူး။ဇာတ်ကောင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေရော စားကြောင်းချိတ်ဆက်မူတွေရော မိုက်တယ်ဗျာ။အတုယူ လေးစားလျှာက်ပါ

ကျေူဇူးပါဗျာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.035
BTC 66739.07
ETH 3228.97
USDT 1.00
SBD 4.23