လိပ်ကလေးတွေပေးသော ဘဝခွန်အား

"ဆင်းရဲသည့် ဘဝဖြင့် မွေးဖွားလာရခြင်းသည်
သင်၏အပြစ်မဟုတ် သို့ရာတွင် ဆင်းဆင်းရဲရဲဘဝဖြင့်
ဘဝနိဂုံးချုပ်ရသည်ကာ သင့် အပြစ်သာဖြစ်ပေသည်" ဟု
မိုက္ကရိုဆော့ဖ်သူဋ္ဌေးကြီး ဘီလ်ဂိတ် ကဆိုသည် ။
ကိုယ့်ဘဝကိုအောင်မြင်အောင် ကိုယ့်ဘဝရဲ့အနာဂတ်ကို
လှပအောင် ကိုယ်ကိုတိုင်ဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ် ။
မိဘတွေ တည်ဆောက်ပေးခဲ့သည့် ဘဝဆိုတာ လောကဓံတွေနဲ့
ရင်ဆိုင်ရတဲ့အခါ ရင်ဆိုင်နိုင်စွမ်းရှိအောင် သတ္တိတွေကိုမွေးပေး
စွမ်းအားမျိုးစေ့တွေကို ချပေးခဲ့တာပါ ။
ဒါကြောင့် ။ ကိုယ့်ဘဝ အနာဂတ်လှပအောင် ကိုယ်ကိုတိုင်းပဲ
ကြိုးစားဖို့ လိုအပ်ပါတယ် ။လိုသလောက်ရချင်မှရမယ် ။ ဒါပေမဲ့ ။
လုပ်သလောက် ကြိုးစားသလောက်တော့ ရလာမှာ ဧကန်မလွဲပါဘူး ။
ဤသည်ကား ကြိုးစားခြင်း၏ ရလပ်ပါ ။
ထိုင်နေပြီး ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်သလို
ကိုယ့် ဘဝမြင့်မားတိုးတက်လာမှာလဲ မဟုတ်ပါဘူး ။
လက်ရှိဘဝထက် တစ်ဆင့်ပြီးတစ်ဆင့် နိမ့်ကျဖို့ပဲရှိပါတယ် ။
ကိုယ်သာလျှင် ကိုယ့်ဘဝ၏ ပဲ့ကိုင်ရှင် ကိုယ်သာလျှင် ကိုယ့်ဘဝ၏
မာလိန်မှူး ဖြစ်ပါတယ် ။
တိရစ္ဆာန်တွေထဲမှာလမ်းသွားရင် နှေးတယ်လို့ လူတိုင်းသတ်မှာထားတဲ့ လိပ်ကလေးတွေ၏ စိတ်ဓာတ်မျိုးရှိဖို့ လောကဓံတွေနဲ့ရင်ဆိုင်ရ ကြုံတွေ့ရတဲ့အခါ အမတန်လိုအပ်ပါတယ် ။
လိပ်ကလေးများ လောကထဲကိုရောက်ရှိလာကတည်းကကို
အန္တရာယ်တွေ ကြားကနေ ကြိုးစားကြရတာပါ ။
မိခင်လိပ်မကြီးဟာ လိပ်ကလေးများ ပေါက်ဖို့ ရှင်သန်ကြီးထွားလာဖို့
လှိုင်းနဲ့ဝေးသော သဲသောင်ပြင်မှာ သူ့ရဲ့ဥတွေကို ဥပြီး သဲများစွာနဲ့
ှုဥတွေကို ဖုံးလို့ ပင်လယ်ထဲကိုပြန်သွားကြတယ် ။
သူ့ရဲ့လိပ်ဥကလေးများ အန္တရာယ်ရှင်းရှင်း ဘေးကင်းကင်းနဲ့
ဥပေါက်လာဖို့အတွက်ကြတော့ အဝေးကနေပဲ ဆုတောင်းနေကြရတာ ။
ဥကထွက်လာတာနဲ့ လိပ်ကလေးများဟာ တစ်ကောင်ထဲ
ရပ်တည်ရတော့မယ် သူတို့ကို ကူညီမဲ့သူဆိုတာ မရှိပါဘူး
လိပ်ကလေးတွေ၏အခက်ခဲဟာ လောကထဲ စတင်ရောက်လာတဲ့
အချိန်မှာပဲ စတင်ကြုံတွေ့ရတာပါပဲ ။

သဲတွေရဲ့အပေါ်ကိုရောက်ဖို့ သဲများကိုစတင် ထိုးဖောက်ရတယ်
ပင်လယ်ပြင်ကြီးထဲကို ရောက်ဖို့ကျတော့ သဲသောင်ပြင်ကနေ
တဖြေးဖြေး ဖြတ်သန်းရတယ် ။
အဲ့ဒိအချိန်မှာပဲ လိပ်ကလေးတွေကို ထိုးချီစားဖို့ ငှက်ကြီးတွေကလဲ
အသင့်စောင့်နေလျှက်ပေါ့ ။
ငှက်တွေ တခြားတိရစ္ဆာန်များရဲ့ ရန်ကိုကြောက်လို့ သူတို့ရဲ့တွင်းထဲမှာ
ပုန်းအောင်းမနေကြသလို သူတို့ရဲ့ပန်းတိုင် ပင်လယ်ထဲကို
ရောက်ဖို့အတွက် ရှေ့ဆက်သွားလို့ နောက်ပြန်လှည့်ဖို့ မစဉ်းစားဘူး ။
သူတို့၏ ပန်းတိုင်ဖြစ်သော ပင်လယ်ထဲကို ရောက်ဖို့ပဲ ဦတည်သွားနေကြတာပါပဲ ။ အောင်နိုင်သော လိပ်ကလေးတွေဟာ သူတို့၏ ဦးတည်ရာထားတဲ့ပင်လယ်ထဲကိုရောက်လို့ ပျော်ရွှင်ကြရသလို ။
ပိုတော်တဲ့လိပ်ကလေးများ ဧရာမလိပ်ကြီးတွေအဖြစ်နဲ့စာရင်းဝင်လို့
ရှင်သန်စွာ နေထိုင်သွားကြတာပေါ့ ။
ဖြတ်သန်းရသော ဘဝလမ်းခရီးမှာ ငါတစ်ယောက်ဆိုပြီးတော့လဲ
စိတ်ပျက်အားငယ်နေဖို့ မလိုအပ်ပါဘူး ။
စိတ်ပျက်အားငယ်စိတ် ဖြစ်ခြင်းဟာ ကျရှုံးခြင်း၏ အဓိက အကြောင်းတရား
ဖြစ်မယ်ဆိုရင် မမှားပါဘူး ။
ရှေ့ဆက်လျှောက်လမ်းရမည့် ဘဝခရီးလမ်းမှာ ကျွန်တော်တို့အားလုံး
လိပ်ကလေးများ၏ စိတ်ဓာတ်မျိုးထားရှိဖို့ စိတ်ဖိစီး ဖိနှိပ်ခံခြင်းတွေက
ရုန်းထွက်ဖို့ပါပဲ ။
အပေါ်ကနေ ကိုယ့်ကို ဖိထားတဲ့သူတွေကို ခွန်အားတွေနဲ့
တွန်းထုတ်လိုက်ပါ ။
ကိုယ့်ဘဝကို မနာလို ဝန်တို ချောက်တွန်းမယ့်သူတွေကို
သတိထားပြီး လျှောက်လှမ်းပါ ။
ကိုယ်သွားမည့် ဦးတည်ချက် ရည်မှန်းချက်ကို မပျောင်းလဲပါနဲ့
လိပ်ကလေးများ၏ စိတ်ဓာတ်လို မဆုတ်မနစ် ဇွဲရှိရှိနဲ့
ကြိုးစားမယ်ဆိုရင် ကမ္ဘာကျော်သူဋ္ဌေးကြီး
ဧရာမလူသားကြီးတွေလဲ ဖြစ်နိုင်ပါတယ် ။
written by @ letwethondara
photos from google images
Congratulations! This post has been upvoted from the communal account, @minnowsupport, by letwethondara from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Good post
Good