ချစ်ခြင်းအားဖြင့်

in #myanmar6 years ago (edited)


photo credit by facebook

ချစ်ခြင်းအားဖြင့်ကြည့်ခဲ့စဉ်က သူမရဲ့ခြေအစုံပေါ်မှာတင်ကျန်နေတဲ့ သဲမှုန်ကလေးတွေကိုတောင်မြတ်နိုးခဲ့ဘူးတယ်။လသာတဲ့ညတွေကိုသဘောကျတတ်တဲ့ကိုယ်က အမှောင်ထဲမှာကြယ်တွေကြည့်ရတာ အရမ်းစိတ်ချမ်းသာတာပဲဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် ချစ်ခြင်းအားဖြင့် လမိုက်ညတွေဆက်တိုက်ဖြစ်စေချင်ခဲ့မိတယ်။

လျှပ်စီးတွေလက်ပီးမိုးချိန်းသံတွေဆူညံနေတဲ့ မိုးသည်းညမျိုးတွေဆို သူမလေးကြောက်နေရှာမှာပဲဆိုတဲ့ အတွေးဝင်လာတိုင်း အတ္တတွေမာနတွေကြီးလွန်းတဲ့ သိကြားမင်းနဲ့အသူရာတို့ကို စစ်ပြေငြိမ်းရေးတရားလေးတစ်ပုဒ်လောက်သွားဟောချင်မိခဲ့တယ်။

ဗေဒင်တွေယတြာတွေအယုံအကြည်မရှိတဲ့ကိုယ်က သူမနဲ့ပတ်သတ်လာရင် ပညတ်သွားရာဓါတ်သတ်ပါဆိုတဲ့ စကားပုံလေးတစ်ခုကြောင့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ လရိပ်ချို ဆိုတဲ့သီချင်းကို ယောင်ယမ်းပြီးတောင်မဆိုခဲ့ပါဘူး။ချစ်ခြင်းအားဖြင့် သူငယ်ချင်းအဖြစ်နဲ့ပဲ ရပ်တန့်မသွားစေချင်ဘူးကွယ်။

ဒီလိုနဲ့ကျောင်းကြီးပိတ်လို့သွားချိန်မှာတော့ သူမဆီကအဖြေတစ်ခုကိုတိတိကျကျတောင်းတော့ ရယ်ကျဲကျဲမျက်နှာနဲ့ ချစ်ခြင်းအားဖြင့် နောက်တစ်နှစ်တော့စောင့်ပါအုံးလို့ပြန်ပြောခဲ့တယ်။ဒါပေမယ့် နောက်တစ်နှစ်ရောက်တော့အချိန်မှာတော့ သူမရဲ့ကတိအတိုင်း ကိုယ့်ကိုအဖြေပြန်ပေးခဲ့တယ်။သူမရဲ့ချစ်တယ်ဆိုတဲ့စကားကိုကြားရတဲ့အချိန်ကစပီး သုံးရက်လောက်ဘာစားစားမဝင်ခဲ့ပါဘူး ရင်ဘတ်ကြီးတစ်ခုလုံးအပျော်တွေနဲ့ပြည့်နေပေါ့။

ကိုယ်သူ့ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပီးချစ်ခဲ့တယ်။သူ့ရဲ့လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တယ်။ကိုယ်ဖြည့်ဆည်းပေးနေသမျှကာလပတ်လုံးကတော့ အရာအားလုံးက OK ပေါ့။ကိုယ့်ဘက်ကပျက်ကွက်ခဲ့တာများရှိခဲ့ရင် သူမရဲ့မျက်နှာကတင်းမာပီးခက်ထန်နေခဲ့တယ်။

သူမကကိုယ့်ကို ကိုယ်ချစ်သလောက်ပြန်မချစ်ခဲ့ဘူးဆိုတာကို ကိုယ်ဘယ်တုန်းကမှသံသယမဝင်ခဲ့ပါဘူး။အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာကိုမသိချင်ခဲ့ပါဘူး။သိအောင်လည်းမကြိုးစားခဲ့ဘူး။ကိုယ့်ဘက်ကချစ်နေရရင်ကို ကျေနပ်နေခဲ့မိသူပေါ့။ချစ်ခြင်းတစ်ခုမှာယှဉ်ပြိုင်ခြင်းတွေ မရှိစေချင်ခဲ့ဘူး။ချစ်နိုင်တဲ့သူကပဲ ပိုချစ်ခဲ့တယ်။

လက်ထပ်ခြင်းဆိုတာ လူနှစ်ယောက်ကိုချည်နှောင်တဲ့ကြိုးလို့ လူတစ်ချို့ကပြောကြပေမယ့် ကိုယ်ကတော့လက်မခံခဲ့ပါဘူး။ချစ်ခြင်းတစ်ခုမှာချည်နှောင်ခြင်းတွေရှိမနေစေချင်ဘူး ကွယ်။ချည်နှောင်ခြင်းတွေရှိနေရင် ရုန်းကန်ခြင်းတွေရှိနေမှာပဲလေ။သူမကိုရုန်းကန်ခြင်းတွေမရှိစေချင်လို့ ဘယ်တုန်းကမှချည်နှောင်ဖို့မကြိုးစားခဲ့ပါဘူး။သူမကိုကိုယ့်အင်အားနဲ့ အမြင့်ဆုံးမှာပျံသန်းစေခဲ့တယ်။

ယုံကြည်မှုနဲ့တည်ဆောက်ထားခဲ့တဲ့ ကိုယ်တို့ရဲ့ကမ္ဘာမှာသူမပျော်ရွှင်ဖို့ ကိုယ်ကြိုးစားရင်းနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုကိုမေ့ထားခဲ့မိတယ်။ကိုယ့်ရဲ့ဝင်သက်ထွက်သက်တိုင်းက သူမရဲ့ပျော်ရွှင်မှုအတွက်ဖြစ်တည်နေခဲ့တယ်ဆိုရင်မမှားခဲ့ပါဘူး။သူမကတော့အမြင့်ဆုံးပျံသန်းရင်း ကိုယ့်ကိုမေ့နေမယ်ဆိုတာ ကိုယ်မသိလိုက်ဘူး။

photo credit by facebook
သူမဘဝကိုပြည့်စုံအောင်ထားပေးနိုင်ဖို့ကြိုးစားနေတဲ့အချိန်မှာ သူမကကိုယ့်ကိုသစ္စာဖောက်သွားလိမ့်မယ်လို့ ကိုယ်မတွေးခဲ့ပေမယ် ကိုယ်ရှေ့ရောက်ဖို့ကြိုးစားနေချိန်မှာ နောက်ကိုပြန်လှည့်ကြည့်တော့ သူမကဟိုးအဝေးမှာ ခပ်ပျပျပဲမြင်ရတော့တော့ကွယ်။အဲဒီအချိန်မှာ ကိုယ်စဉ်းစားကြည့်ခဲ့တယ် အရှေ့ကိုဆက်သွားရမလား သူမ ရှိတဲ့ဘက်ကိုပြန်သွားရမလားလို့ပေါ့။

ရင်နာစရာအကြောင်းတွေကို မတွေ့ချင်မမြင်ချင်တဲ့ကိုယ့်အတွက် ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ်သွားမယ့်အဖြစ်မျိုးကြုံတွေ့ခဲ့ချိန်မှာတော့ ကိုယ့်ကမ္ဘာကိုဘယ်လိုဆက်လည်ပတ်ရမလဲဆိုတာ စဉ်းစားလို့မရနိုင်ခဲ့ဘူး။အဲဒီနေရာမှာပဲ အချိန်တွေရပ်တန့်ပစ်လိုက်ချင်ခဲ့တယ်။ဒါပေမယ့်လည်း အချိန်တွေနေရာတွေဆိုတာ ကိုယ်မှမပိုင်ဘဲလေ။

ကိုယ့်ဦးနှောက်တစ်ခုလုံးသူမအတွက်ပဲ စဉ်းစားရင်းရှင်သန်လာခဲ့တာဘယ်လောက်ကြာသွားတယ်မသိလိုက်ဘူး သူမအတွက်ရင်ဘက်ကြီးနဲ့အပြည့်ရှိခဲ့တဲ့ကိုယ့်အချစ်တွေကခုချိန်မှာတော့ ကိုယ့်နှလုံးသားကို အင်္ဂတေလောင်းထားသလို မာတင်းနေခဲ့ပေါ့။

ကိုယ့်အသက်ထက်သူမကိုပိုပီးချစ်ခဲ့တဲ့ ကိုယ့်ကို ရူးနေပီလို့လူတွေသတ်မှတ်ခဲ့ကြတယ်။ကိုယ်ကတော့ ကိုယ့်ဘဝတစ်ခုလုံးသူမကိုချစ်ခဲ့သမျှ ကိုယ့်ရဲ့ဦးနှောက်ပုံမှန်အချိန်မှာပဲဖြစ်ဖြစ် ဖောက်ပြန်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် သူမကိုချစ်နေမိတယ်ကွယ်။

@leeshang
MSC 230

Sort:  

ချစ်တဲ့သူနဲ့ဖူးစာဆုံသူထပ်တူကျပါစေလို့ ဆုတောင်းပေးပါတယ်ရှင်

ပြည့်ပါရစေ

အေးကွယ်​ချစ်​လို.ဘဲမပြီးနိုင်​ပါ့လား

အလွမ်းပီးတော့ ခုတဖန်အလှည့်ကျတာကတော့အချစ်ပါ

ချစ်​တတ်​လိုက်​တာရှင်​။ကံ​ကောင်းပါ​စေ။

ချစ်တတ်သူတစ်ယောက်ပါ

ကံ​ကောင်းပါ​စေဗျာ

ကံကောင်းနေပါတယ်

ရေးတတ်​လိုက်​တာ။

ချစ်​တတ်​လိုက်​တာ​ဗျာ

ro လိုက်တာ . . ဒါပမယ့် အရမ်းချစ်တတ်သူတွေဆို ကံတရားက ဘယ်တော့မှ မျက်နှာသာမပေးတတ်တာ ထုံးစံလိုဖြစ်နေပြီ :(

အော်​အချစ်​ကြီးတဲ့သူကြီးပဲ

အေးဆို

Good writing.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65359.95
ETH 3492.90
USDT 1.00
SBD 2.51