စည်းကမ်း

in #myanmar8 years ago (edited)


photo credit by facebook
တစ်ခါတစ်လေမှာ တစ်ချို့သောသူတွေဟာ စည်းကမ်းဆိုတာကို နားလည်ချင်သလိုနားလည်ထားကြတယ်။ကိုယ်သိသလောက်စည်းကမ်းဆိုတာ လူတွေအားလုံးတစ်ညီတစ်ညွတ်တည်း လိုက်နာရမယ့်အရာလို့ထင်ခဲ့မိတယ်။စည်းကမ်းဆိုတာကို ပြောင်းတတ်ပြင်တတ်တဲ့သူတွေနဲ့ မဆုံခင်အချိန်ထိပေါ့။

စည်းကမ်းရှိမှတိုးတက်မည်ဆိုပီး စကားပုံလည်းရှိခဲ့တော့ လူတစ်ယောက်ရဲ့ဘဝမှာ စည်းကမ်းကအရေးအကြီးဆုံးနေရာကနေပါဝင်ခဲ့ရမယ်လို့လည်း ထင်ခဲ့မိပါတယ်။စည်းကမ်းဆိုတာကို လိုတိုးပိုလျှော့လုပ်တတ်တဲ့သူတွေနဲ့ မတွေ့ခင်အချိန်ထိပေါ့။

စည်းကမ်းဆိုတာကို အမျိုးမျိုးပြောင်းတတ်ပြင်တတ်တဲ့ ဦးလေးကြီးတစ်ယောက် ကိုယ်တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့နေ့ကစပီး ကိုယ့်အမေရဲ့ လက်တွေဟာကိုယ့်ရဲ့ဗိုက်ခေါက်ပေါ်က မဆင်းခဲ့ပါဘူး။ကလေးကကလေးလိုနေဆိုပီး ကိုယ့်ဗိုက်ကိုဆွဲလိမ်တတ်တဲ့ အမေက ကိုယ့်ကွယ်ရာမှာတော့ အဲဒီလူကလည်း ဘယ်လိုလူလည်းမသိပါဘူးဆိုပီး ညည်းညည်းညူညူပြောတတ်ရဲ့။

ကိုယ်တို့ဘေးအိမ်ကိုရောက်လာတဲ့ ဦးလေးကြီးမှာ သားသမီး သုံးဦးရှိပါတယ်။အကြီးဆုံးက အစ်ကိုကြီးပါ ဒုတိယကအမကြီးဖြစ်ပီး အငယ်ဆုံးကလည်း အစ်ကိုကြီးပါ။ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် စပ်စုတတ်တဲ့ကိုယ်က အဲဒီအိမ်ကဦးလေးကြီးရဲ့ ဘက်လိုက်မှုတွေကို မြင်နေရတဲ့အချိန်တိုင်း ဒေါသတွေထွက်နေမိပါတယ်။

ဘေးအိမ်ကဦးလေးကြီး ဘယ်လောက်အထိစည်းကမ်းကို ပြောင်းတတ်ပြင်တတ်သလဲဆိုတာ ကိုယ်မှတ်မိသလောက် ပြောပြချင်သေးရဲ့။ဦးလေးကြီးက သားအကြီးဆုံးကိုတော့ တော်တော်လေးချစ်တယ်ထင်ပါရဲ့။ဟင်းချက်မယ်ဆိုရင်တောင် သားကြီးဒီနေ့ဘာစားမှာလဲဆိုပီးမေးတတ်တယ်။သူ့သားကြီးဘာစားမယ်ဆိုတာပြောမှ ဈေးကိုဆွဲခြင်းတစ်လုံးနဲ့ သွားတတ်တယ်။

ဦးလေးကြီးရဲ့ ဒုတိယသမီးကဈေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ပါတယ်။အမကြီးကမိုးလင်းတာနဲ့ ဈေးထဲကိုသွားတော့ မနက်စာကိုလည်းဈေးထဲမှာပဲစားတယ်ထင်ပါတယ်။ထမင်းကိုလည်းဈေးမှာပဲစားတော့ အိမ်မှာသားအဖသုံးယောက်ပဲ စားကြပါတယ်။အဲဒီဦးလေးကြီးက ဘယ်လောက်မုန်းဖို့ကောင်းလည်းဆိုရင် အကြီးဆုံးအကိုကြီး ကထမင်းစားချိန်မှာမရှိရင် ဦးလေးကြီးကဟင်းတွေဖယ်ထားတတ်ပါတယ်။အငယ်ဆုံးအကိုကြီးထမင်းစားချိန်မှာမရှိရင် ဟင်းတွေချန်မထားတတ်ပဲ အကုန်စားပစ်တတ်ပါတယ်။

အငယ်ဆုံးအကိုကြီးက ထမင်းစားခါနီးဟင်းမရှိတော့လို့မေးရင် ဒီအိမ်မှာထမင်းဘယ်အချိန်စားရမလဲဆိုတဲ့ စည်းကမ်းရှိတာမင်းမသိဘူးလားတဲ့လေ။ဒီလိုဆို အကြီးဆုံးအကိုကြီး ထမင်းစားချိန်မမှီရင်တော့ စည်းကမ်းဆိုတာကို ဘေးချိတ်ထားတာ ဘာသဘောလဲလို့ သိချင်မိတယ်။

ကိုယ့်အမကတော့ သူတို့မိသားစုအကြောင်းရှိမှာပေါ့လို့ ကိုယ့်ကိုပြောတတ်ပါတယ်။အကြီးဆုံးအကိုကြီးက အလုပ်လုပ်နေပီး အငယ်ဆုံးတစ်ယောက်က ကလေကချေမို့နေမှာပေါ့တဲ့လေ။ဒါကို ကိုယ်လက်မခံချင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အကြီးဆုံးအကိုကြီး လမ်းထိပ်မှာ ဇယ်တောက်နေတတ်တာကို ကိုယ်မြင်ဘူးပီး အငယ်ဆုံးအကိုကြီးက ကျောင်းတတ်နေတုန်းပါ။

ဘေးအိမ်ကဦးလေးကြီးရဲ့ စည်းကမ်းပြင်တတ်မှုက တော်တော်ကိုသိသိသာသာနဲ့ မြင်သာထင်သာရှိပါတယ်။အကြီးဆုံးအကိုကြီးက ပိုက်ဆံတောင်းရင် လိုအပ်လို့တောင်းတာဖြစ်ပီး အငယ်ဆုံးအကိုကြီးက ပိုက်ဆံတောင်းရင် ပိုက်ဆံကိုဖြုန်းတီးတယ်လို့ပြောတတ်ပါသေးတယ်။

စည်းကမ်းရှိမှတိုးတက်မယ် စည်းကမ်းဟူသည်လူ့တန်ဖိုး အစရှိသဖြင့်ပြောနေကြပေမယ့်လည်း စည်းကမ်းကိုလူပေါ်လိုက်ပီး ပြောင်းလဲတတ်တဲ့ ဘေးအိမ်ကဦးလေးကြီးလို လူမျိုးတွေ များလာရင်တော့ ကိုယ်တို့ပတ်ဝန်းကျင်အတွက် ရင်လေးမိပါသေးတယ်ဆိုတာ တွေးမိရင်း သက်ပြင်းကိုသာချလိုက်မိပါတယ်။

@leeshang
MSC- 230

Sort:  

You got a 19.26% Upvote and Resteem from @ebargains, as well as upvotes from our curation trail followers!

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @ebargains by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting service's earnings based on your delegated SP's prorated share of the service's SP pool daily! That is up to 38.5% APR! You can also undelegate at anytime.

We are also a very profitable curation trail leader on https://steemauto.com/. Follow @ebargains today and earn more on curation rewards!

You got a 11.11% upvote from @bid4joy courtesy of @leeshang!

You got a 7.14% upvote from @cabbage-dealer courtesy of @leeshang!
100% of earnings are paid out to delegators daily! Delegate today!

အင်းးးး စည်းကမ်းကိုသတ်မှတ်ပြီးရင်တော့တိတိကျကျလိုက်နာတာကကောင်းပါတယ်၊တစ်ခုတော့ရှိတယ် မလိုက်နာနိုင်တဲ့စည်းကမ်းတွေကိုလည်းအစတည်းကမဆွဲဖို့လိုတယ်

စည်းကမ်းကိုပြောင်းနေပြင်နေကြတာပဲ

စည်းကမ်းကို လိုက်​နာ၇မဲ့သူနဲ့ကြမ်​မတ်​၇မဲ့ ဆိုတာရှိတယ်

ငါပြောသလိုလုပ် ငါလုပ်သလိုလုပ်လို့တော့ပြောနဲ့

သနားပါတယ် အငယ်ဆုံးအကိုကြီး။

အေးလေ

စည်းကမ်းနဲ့ တန်ဖိုးဖြတ်ရမယ်ဆိုရင်ပေါ့ဗျာ

တန်ဖိုးကို ဘယ်လိုတောင်ဖြတ်ရပါ့

လူကိုခင်ရင် မူကိုပြင်တယ်တဲ့၊လူကိုမုန်းရင် မူကိုသုံးတယ်တဲ့ 😁

တကယ်စိတ်ပျက်စရာကောင်းတယ်

You got a 2.70% upvote from @t50 courtesy of @leeshang!


To use this service send a minimum of 0.010 SBD or STEEM to @t50 with the post you want upvoted as the memo.
Low Minimum Bids!
Increase Your Rep!
Draw Attention To your Post.
Earn Passive Income By Delegating SP to the Bot.
Overbid Protection
Voting processed every 2.4h (2,880 blocks).
@t50 follows all followers!


Invest and earn daily by delegating to the bot, we match or beat popular competitors.


If you do not want to receive upvotes from @t50 you can ask to be blacklisted by replying to this comment.

You got a 3.07% upvote from @thebot courtesy of @leeshang!
Delegate us Steem Power & get 100% daily rewards share!

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.080
BTC 61714.34
ETH 1618.58
USDT 1.00
SBD 0.40