ပွတ်သပ်မိသော ရင်ဘတ်

in #msu8 years ago

========= ========== =========

အချိန်တွေကြာလာ၍ ကိုယ့်နှလုံးသားကို ...
ပြန်ငုံ့ကြည့်မိတဲ့အခါ ....
ဒဏ်ရာ ဗရပွနဲ့ ငါ့နှလုံးသားလေး ....
သနားဖို့ကောင်းလွန်းနေပြီ။

ခံစားခဲ့ရတိုင်း ငါကိုက်ခဲ့တဲ့ ...
အောက်နှုတ်ခမ်းပါး...
ကိုက်ရာတွေနဲ့ ... စုတ်ပြတ်သတ် နေတာ ...
မွေးရာပါလို ဖြစ်တော့မယ် ..

ပဲ့တင်သံပြန်မလာတဲ့ ချစ်ခြင်းတရားတွေအတွက် ..
ဈေးတွက်မတွက်ပဲ ... အရိုးသားဆုံး ချစ်မိခဲ့တာ ...
အမှားအဖြစ် .... ငါ့သမိုင်းမှာ .. ကမ္ဗည်းထိုးကြတော့မလား ...

ယိုယွင်းပျက်စီး နေတဲ့ လူ့အသိုက်အမြုံထဲ
ရိုးသားဖြူစင်မှုနဲ့ စစ်မှန်တဲ့မေတ္တာတရားတွေ ...
အလဲထိုး အနိုင်ယူခံလိုက်ရတာ ....
ငါကိုယ်တိုင်က ရင်ဘတ်ကောင်းရှိခဲ့လို့ ...

နှမ်းတစ်စေ့ဖြစ်နေပါစေ ...
ဆီမဖြစ်ပေမယ့် ... နှမ်းရဲ့အရသာလေး ..
ခံစားစေချင်ခဲ့တာ ... သိပ်မှားသွားခဲ့တယ်.. .
အရသာကိုခံစားဖို့အတွက် ....
နှလုံးသားကောင်းတွေမရှိကြတော့ဘူးလေ။

                         ★★ : Lay Cho : ★ ★


========= ========== ==========

#LayCho
#MSU-061
#Photo-Google Image

Sort:  

Good poem .:-)

Thz a lot bro ..

ထိရှ..လွမ်းဆွတ်

ဘာတွေထိရှ ..

ထိတယ်ဗျာ

ကျေးဇူးပါဗျာ

ခေါင်းစဉ်​​လေးနဲ့ကဗျာ​လေးနဲ့လိုက်​ဖက်​ပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.077
BTC 65801.09
ETH 1737.85
USDT 1.00
SBD 0.42