ထုတ်လွှင့်ပြသနေသော
မွန်တို့ဌာနေ
ရာမညမြေက
စိတ်ထားဖြူစင်
သည်းဦးသခင်
သံယောဇဉ်
ညီမလေးရယ်
ရာမညမြေ
တစ်မိုးအောက်မှာ
အတူတူပန်းကောက်
ပျော်ခဲ့ကြတဲ့
အချိန်ကလေးတွေလည်းရင်ထဲမှာ
အမြဲတမ်းတ
သတိရနေဆဲပါ
ညီမလေးရယ်
သြော်
အခုများတော့လည်း
ကံအခြေအတူ
မထပ်လို့သံဖြူဇရပ်သူ
ညီမလေးနဲ့ဝေးခဲ့ရတဲ့
အချိန်တွေလည်း
ရင်ထဲမှာကြာခဲ့ပါပြီ
ညီမလေးရယ်
ရာမညမြေမှာ
နှင်းတွေဝေတယ်ဆိုတာကိုယ့်ရင်ထဲက
ညီမလေးအပေါ်ထားတဲ့
အချစ်နှင်းတွေလောက်တော့ဝေမယ်မထင်ပါဘူးလေ