လေးပွင့်ဆိုင်
ဓါတ်ကြီးလေးပါးရဲ့ ခြယ်လှယ်မှုအောက်မှာ
အားလုံးသော အရာတို့သည် ပြောင်းလဲနေကြတယ်
အဆိုးမရှိဘူး အကောင်းမရှိဘူး
အချစ်ဆိုတာ သတ်မှတ်ချက် တကယ်အရှိမဟုတ်
အရာအားလုံးက ဓါတ်လေးပါးရဲ့ မြေစာပင်ဘဲ
ရှိနေတာလဲ သူတို့ဘဲတဲ့
ဒါဆို ကျန်တာတွေက သဘောတရားလောက်သာ
အရာဝင်သော အခြေအနေပေါ့နော်
ဘာမှ တွယ်တာနေစရာမလိုတော့ဘူး
မေ့လိုက်နိုင်တယ် ဆိုတာ ဖြေသာခြင်းခံစားချက်ပါ
@ladyrose