ညီမလေး...သို့

in #myanmar8 years ago (edited)

image

ညီမလေးရေ
မမရှေ့ ငိုနေတဲ့ ညီမလေးကိုကြည့်ရင်း
စိတ်မကောင်း ဖြစ်နေမိတယ်ကွယ်..။ညီမလေးရေ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ချစ်တတ်ရင် သဝန်တိုတတ်ကြတာချည့်ပဲ ညီမလေး..။

image

ဒါပေမဲ့ ကိုယ်ချစ်ခင်နှစ်သက်လို့မှ ခင်ပွန်း (သို့) ချစ်သူ တော်ပီးမှတော့ အတတ်နိုင်ဆုံး နားလည် ခွင့်လွတ်ပေးရမယ်မဟုတ်လားကွယ်..။ ညီမလေးရေ တစ်မိသားစုထဲ မွေးထားတဲ့ မောင်နှမတွေတောင် စိတ်ချင်းမတူနိုင်တာ သူစိမ်းနှစ်ယောက်ဆိုရင် ပိုဆိုးပြီ မဟုတ်လား..။ သူ့မှာလဲ လူမူ့ရေး ကိစ္စတွေ ရှိမယ်..။မမတို့ ညီမလေးတို့မှာလဲ ရှိတာပဲလေ..။

image

ပီးတော့ လူတိုင်းမှာ သူငယ်ချင်းကောင်း လိုအပ်ပါတယ် ညီမလေး..။ကိုယ့်စိတ်အခန့်မသင့်တဲ့အခါ လုပ်ငန်းခွင်ထဲ အဆင်မပြေတဲ့အခါဖြစ်ဖြစ် ကိုယ့်ချစ်တဲ့သူကို နားမပူချင်လို့ သူငယ်ချင်းတွေကိုတော့ စကားပြောရင်း ရင်ဖွင့်ဖြစ်တယ်မလားကွယ်..။

image

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို ကောင်းတာလေးပဲ ပြောချင်ကြတယ်အပျော်သာ မျှဝေချင်တယ်..။စိတ်ဆင်းရဲစရာတွေ ကိုယ့်ကိုသာ ကြိတ်ခံချင်တာ လူတိုင်းလို့ မမထင်မိတယ် ညီမလေးရေ..။

image

ညီမလေးရေ နားလည်မူ့ရှိပါ တစ်ကိုယ်ကောင်းမဆန်ပါနဲ့..။ကိုယ်ကို ချစ်လို့ သူက အလိုလိုက်တာမလားကွယ်..။ငါပြောတာလုပ်၊ ငါ့ကိုပဲဂရုစိုက်၊ အချိန်တွေ ငါ့ပဲပေး ဆိုပြီး တစ်ကိုယ်ကောင်းမဆန်စေချင်ဘူးကွယ်..။ ညီမလေးရေ အချစ်မှာ နားလည်မူ့မရှိရင် ညီမလေးတို့ အဆုံးသတ်က လမ်းခွဲရခြင်းပဲ ဖြစ်မယ် ညီမလေး..။

image

သဝန်တိုတာ ချစ်လို့ ဆိုတာ လက်ခံပေမဲ့ တစ်ဖက်လူအပေါ် မယုံသင်္ကာ ဖြစ်သလို ဖြစ်မှာကိုတော့ စိုးရိမ်ရမယ်မလား ညီမလေး ရေ..။ အတင်းကြီး အလျော့ပေး အောက်ကျို့ရမယ် မဆိုလိုပါဘူး ညီမလေး..။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြောဆို ဆက်ဆံတတ်ပါစေ ညီမလေးရေ...။

image

နောက်မှ နောင်တတွေ ရပြီး ခုလို နောင်တခါ မငိုစေချင်ဘူး...။ ကိုယ့်ကိုချစ်တဲ့သူကို ပြန်ပြီးဂရုစိုက် ချစ်ရတာ မင်္ဂလာ တစ်ပါးပဲ မဟုတ်လားကွယ်...။အခုချိန်က စပြီးတော့ ညီမလေး ကိုယ်ချင်းစာစိတ်လေးတွေနက် ညီမလေး ချစ်သူကို ပြန် ဂရုစိုက်ပေး ၊ နားလည်မူ့တွေပေး ၊ အစစပြန်အဆင်ပြေလာမှာပါကွယ်..။

image

နောက်တစ်ခါ မငိုရအောင်လို့ သတိဆိုတဲ့ ချွန်းလေးအုပ်ပြီး နေထိုင်သွားပါ ညီမလေးရေ...။
ချစ်တဲ့ မမ
Author @kyi
MSC 050
Photo google image

received_1812282122405096.gif

Sort:  

v 100%$0.06

Good post မမ

အေးပါခွာ

Good post

😍😘😍

ဟုတ်ကဲ့

ဟုတ် ဟုတ်😊😊

Wow!... ချစ်ဆုးံမမ . .. တော်ချက်.. လက်လန်... အိုက်စ်😍😍😍😍

ခေး မမဖဲ😘😍😘

မိသားစုရေးနှင့် လူမှု့ရေးကို ခွဲခြားနားလည်ပေးစေချင်ပါတယ် ညီမလေးရယ်.........
ထပ်ဖြည့်ပေးလိုက်ရင် ပိုမိုက်သွားမယ်လို့......ငိ..ငိ

အေးပါခွာ😊😊

ဟုတ်ကဲ့ မမကြည်

ချေ့ယူ စုရေ😍😘😍

ဟုတ်​ပါတယ်​မမ နားလည်းခွင့်​လွှတ်​​ပေးရင်​ဖြင့်

မမခေးက တော်ပီးသားခွယ် ဟုပုလား😁😁

အမ ကြီးတော့ အမိရာပေါ့ နော်။

ဟုပါ့😁😁

ကိုယ်ချင်းစာတရားလက်ဝယ်ကိုင်ထားတက်တဲ့ကြည်ပါလား
အရမ်း ကောင်းတယ် စိတ်ချမ်းသာမှု့ရစေတယ် ကြည်ရေ

စိတ်ချမ်းသာပါစေ ကွီးရေ😍😍

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 63095.06
ETH 1654.42
USDT 1.00
SBD 0.42