ေအာင္ျမင္မႈကို တားဆီးေနတာ ဘာေတြလဲ?

in #esteem6 years ago

image
Thank For Reading My Post
Kyaw Zin Win(MSU-016)
Zawgyi Version
လူတိုင္းမွာဟာ ေအာင္ျမင္မႈေနာက္ကို လိုက္ေနၾကသူေတြဆိုတာ လက္ခံၾကမွာပါ ေအာင္ျမင္သူေတြ ရွိသလိုပဲ မေအာင္ျမင္ပဲ က်ရွံုးေနသူေတြလည္း မနည္းပါဘူး။
ကၽြန္ေတာ္ ဒီေန႔ ေျပာခ်င္တာေလးကေတာ ေအာင္ျမင္မႈကို တားဆီးေနတဲ့ အရာေလးေတြကို ေျပာျပခ်င္ပါတယ္။ပါ

၁။ဆင္ေျခမ်ားျခင္း
အလုပ္တစ္ခုကို တကယ္မလုပ္ကိုင္လိုလၽွင္ အေၾကာင္းျပခ်က္(ဆင္ေျခ)ဆိုတာ ေပၚလာတတ္ပါတယ္။ မလုပ္လိုသူအတြက္ပဲ ဆင္ေျခဆိုတာ ျဖစ္ေပၚလာတာပါ။ တကယ္ ႀကိဳးစားလုပ္ကိုင္လူသူအတြက္ကေတာ့ ဆင္ေျခဆိုတာ မရွိပါဘူး။ သင္ဟာ ဆင္ေျခမ်ားေနရင္ေတာ့ ေအာင္ျမင္မႈကို အဟန႔အတား ျဖစ္ေနအံုးမွာပါ။

၂။အေၾကာက္တရား
ေအာင္ျမင္မႈကို လိုခ်င္ရင္ေတာ့ အေၾကာက္တရားဆိုတာကို တြန္းလွႏိုင္ဖို႔ လိုပါတယ္။ ဆံုးရွံုးမွာ၊ ဂုဏ္ငယ္မွာ၊ သူမ်ားေတြ ဝိုင္းဟားခံရမွာ၊ တစ္ခုခုဆို အဆင္မေျပမွာ စတဲ့ အေၾကာက္ သံသရာကေန ရုန္းမထြက္ႏိုင္ေသးရင္ေတာ့ ေအာင္ျမင္မႈဆိုတာ ေဝးသထက္ ေဝးေနအံုးမွာပဲ။

၃။သင္ယူလိုစိတ္ မရွိျခင္း
လူအခ်ိဳ႕ဟာ ေငြမ်ားမ်ားရၿပီးေတာ့ ေအာင္ေတာင္ေအာင္ျမင္ခ်င္တယ္။ မငိမတတ္တာကို သင္ယူလိုစိတ္မရွိၾကဘူး။ သင္ယူဖို႔ အခ်ိန္ကို မေပးၾကဘူး။ အခုေရတြင္းတူး၊ ခုေရၾကည္ေသာက္ခ်င္ၾကတယ္။ သင္ယူလိုစိတ္မရွိျခင္းက ေအာင္ျမင္မႈကို အဟန္႔အတား ျဖစ္ေစျပန္တယ္။

၄။ဆံုးျဖတ္ခ်က္မျပက္သားျခင္း
ကိစၥတစ္ခုခုဆို နားေယာင္လြယ္ျခင္း၊ မိမိရဲ႕ ဆံုးျဖတ္ခ်က္ထက္ သူမ်ားဆီက အၾကံေတာင္းလြန္းျခင္း၊ ဟိုဟာလုပ္ရမလိုလို ဒီဟာလုပ္ရမလိုလိုနဲ႔ ခ်ီတံုခ်တံု ျဖစ္ျခင္းေတြ စတဲ့ ဆံုးျဖတ္ခ်က္ မျပက္သားျခင္းေတြကလည္း ေအာင္ျမင္မႈနဲ႔ အေဝးဆံုးကို ေခၚေဆာင္သြားေနပါတယ္။

၅။အခ်ိန္မေလးစားျခင္းနဲ႔အခ်ိန္ဆြဲျခင္း
ျမန္မာလူမ်ိဳးေတြက အခ်ိန္မေလးစားဘူးဆိုတဲ့ နာမည္ဆိုး ရွိဖူးတယ္။ ခ်ိန္ဆိုထားတာထက္ ေနာက္က်တတ္ၾကတယ္။ အေစာေရာက္ရိုး ထံုးစံမရွိၾကဘဘူး။ ၿပီးေတာ့ အလုပ္တစ္ခုကို အခ်ိန္ဆြဲတက္ၾကတယ္။ မၿပီးဆံုးႏိုင္တဲ့ မနက္ျဖန္ေတြနဲ႔ အခ်ိန္ေတြ ေရြ႕ေနၾကတယ္။ ဒီလိုနဲ႔ အလုပ္တစ္ခုကို စႏိုးစႏိုးနဲ႔ မစျဖစ္ဘဲ ေအာင္ျမင္မႈက ေဝးေဝးသြားျပန္တယ္။

၆။ေကာက္ရိုးမီးနဲ႔ တူျခင္း
အလုပ္တစ္ခုကို အစပိုင္းသား တက္တက္ႂကြႂကြ လုပ္ၿပီး ေနာက္ပိုင္မွာ အဖ်ားခ်ဴးသြားျခင္းဟာ ေအာင္ျမင္ဖို႔ လမ္းစကို ဖ်က္လိုက္သလို ျဖစ္သြားပါတယ္။

၇။စည္းေဘာင္ထဲက မထြက္ႏိုင္ျခင္း
စည္းနဲ႔ေဘာင္နဲ႔ ေနတာဟာ ေနရာတိုင္းမွာ မေကာင္းပါဘူး။ ဟိုအလုပ္က မိမိနဲ႔ မသင့္ေတာ္ဘူး ဒီအလုပ္က အဆင္မေျပဘူး။ နယ္ထြက္လုပ္ရတာ အဆင္မေျပဘူး။ မိဘနဲ႔ ေဝးၿပီး မေနႏိုင္ဘူး။ ဇာတိေျမကေန အေဝးႀကီးကို မသြားႏိုင္ဘူး စတာေတြဟာ မိမိကိုယ္ကို ေဘာင္ခတ္ေနတာပါပဲ။ အဲ့ေဘာင္ေတြထဲကေန မထြက္ေသးရင္ေတာ့ ေအာင္ျမင္မႈက အဲ့ဒီေဘာက္အတြင္း ဝင္လာမွာ မဟုတ္ပါဘူး။

၈။စိတ္ကူးယဥ္ကမၻာထဲက ရုန္းမထြက္ႏိုင္ျခင္း
လူတိုင္းမွာ စိတ္ကူေတြရွိတယ္။ ရည္မွန္းခ်က္တယ္ ရွိတယ္။ စိတ္ကူးယဥ္တယ္ဆိုတာ အေကာင္ထည္ေဖာ္ျခင္းရဲ႕ ပထမအဆင့္ပါ။ ဒါေပမဲ့ စိတ္ကူးပဲ ယဥ္ေနၿပီး စိတ္ကူးယဥ္ကမၻာထဲက ရုန္းမထြက္ပဲ အေကာင္ထည္ မေဖာ္ျဖစ္ေနရင္ေတာ့ ေအာင္ျမင္မႈ လမ္းစ ေပၚလာမွာ မဟုတ္ပါဘူး။

ကၽြန္ေတာ္အခုေျပာခဲ့တဲ့ အရာေတြနဲ႔ ၿငိေနေသးရင္ ေတာ့ အျမန္ဆံုး ရုန္းထြက္ဖို႔ လိုအပ္ပါတယ္။ဒါမွသာ ေအာင္ျမင္မႈကို လက္ဝယ္ေဆာင္ထားႏိုင္မွာပါ ။ ေအာင္ျမင္ခ်င္ရင္ ေအာင္ျမင္မႈရေလာက္တဲ့ က်င့္ၾကံမႈ၊ ႀကိဳးစားမႈလိုအပ္ပါတယ္။ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ဆို အဟန္႔အတားျဖစ္ေနတဲ့ အရာတိုင္းကို ဖယ္ရွားျပစ္ဖို႔လိုပါတယ္။
မိတ္ေဆြတို႔လည္း ေအာင္ျမင္ေအာင္ က်င့္ၾကံေနထိုင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း......
Unicode Version
လူတိုင်းမှာဟာ အောင်မြင်မှုနောက်ကို လိုက်နေကြသူတွေဆိုတာ လက်ခံကြမှာပါ အောင်မြင်သူတွေ ရှိသလိုပဲ မအောင်မြင်ပဲ ကျရှုံးနေသူတွေလည်း မနည်းပါဘူး။
ကျွန်တော် ဒီနေ့ ပြောချင်တာလေးကတော အောင်မြင်မှုကို တားဆီးနေတဲ့ အရာလေးတွေကို ပြောပြချင်ပါတယ်။ပါ

၁။ဆင်ခြေများခြင်း
အလုပ်တစ်ခုကို တကယ်မလုပ်ကိုင်လိုလျှင် အကြောင်းပြချက်(ဆင်ခြေ)ဆိုတာ ပေါ်လာတတ်ပါတယ်။ မလုပ်လိုသူအတွက်ပဲ ဆင်ခြေဆိုတာ ဖြစ်ပေါ်လာတာပါ။ တကယ် ကြိုးစားလုပ်ကိုင်လူသူအတွက်ကတော့ ဆင်ခြေဆိုတာ မရှိပါဘူး။ သင်ဟာ ဆင်ခြေများနေရင်တော့ အောင်မြင်မှုကို အဟန့အတား ဖြစ်နေအုံးမှာပါ။

၂။အကြောက်တရား
အောင်မြင်မှုကို လိုချင်ရင်တော့ အကြောက်တရားဆိုတာကို တွန်းလှနိုင်ဖို့ လိုပါတယ်။ ဆုံးရှုံးမှာ၊ ဂုဏ်ငယ်မှာ၊ သူများတွေ ဝိုင်းဟားခံရမှာ၊ တစ်ခုခုဆို အဆင်မပြေမှာ စတဲ့ အကြောက် သံသရာကနေ ရုန်းမထွက်နိုင်သေးရင်တော့ အောင်မြင်မှုဆိုတာ ဝေးသထက် ဝေးနေအုံးမှာပဲ။

၃။သင်ယူလိုစိတ် မရှိခြင်း
လူအချို့ဟာ ငွေများများရပြီးတော့ အောင်တောင်အောင်မြင်ချင်တယ်။ မငိမတတ်တာကို သင်ယူလိုစိတ်မရှိကြဘူး။ သင်ယူဖို့ အချိန်ကို မပေးကြဘူး။ အခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်ကြတယ်။ သင်ယူလိုစိတ်မရှိခြင်းက အောင်မြင်မှုကို အဟန့်အတား ဖြစ်စေပြန်တယ်။

၄။ဆုံးဖြတ်ချက်မပြက်သားခြင်း
ကိစ္စတစ်ခုခုဆို နားယောင်လွယ်ခြင်း၊ မိမိရဲ့ ဆုံးဖြတ်ချက်ထက် သူများဆီက အကြံတောင်းလွန်းခြင်း၊ ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုနဲ့ ချီတုံချတုံ ဖြစ်ခြင်းတွေ စတဲ့ ဆုံးဖြတ်ချက် မပြက်သားခြင်းတွေကလည်း အောင်မြင်မှုနဲ့ အဝေးဆုံးကို ခေါ်ဆောင်သွားနေပါတယ်။

၅။အချိန်မလေးစားခြင်းနဲ့အချိန်ဆွဲခြင်း
မြန်မာလူမျိုးတွေက အချိန်မလေးစားဘူးဆိုတဲ့ နာမည်ဆိုး ရှိဖူးတယ်။ ချိန်ဆိုထားတာထက် နောက်ကျတတ်ကြတယ်။ အစောရောက်ရိုး ထုံးစံမရှိကြဘဘူး။ ပြီးတော့ အလုပ်တစ်ခုကို အချိန်ဆွဲတက်ကြတယ်။ မပြီးဆုံးနိုင်တဲ့ မနက်ဖြန်တွေနဲ့ အချိန်တွေ ရွေ့နေကြတယ်။ ဒီလိုနဲ့ အလုပ်တစ်ခုကို စနိုးစနိုးနဲ့ မစဖြစ်ဘဲ အောင်မြင်မှုက ဝေးဝေးသွားပြန်တယ်။

၆။ကောက်ရိုးမီးနဲ့ တူခြင်း
အလုပ်တစ်ခုကို အစပိုင်းသား တက်တက်ကြွကြွ လုပ်ပြီး နောက်ပိုင်မှာ အဖျားချူးသွားခြင်းဟာ အောင်မြင်ဖို့ လမ်းစကို ဖျက်လိုက်သလို ဖြစ်သွားပါတယ်။

၇။စည်းဘောင်ထဲက မထွက်နိုင်ခြင်း
စည်းနဲ့ဘောင်နဲ့ နေတာဟာ နေရာတိုင်းမှာ မကောင်းပါဘူး။ ဟိုအလုပ်က မိမိနဲ့ မသင့်တော်ဘူး ဒီအလုပ်က အဆင်မပြေဘူး။ နယ်ထွက်လုပ်ရတာ အဆင်မပြေဘူး။ မိဘနဲ့ ဝေးပြီး မနေနိုင်ဘူး။ ဇာတိမြေကနေ အဝေးကြီးကို မသွားနိုင်ဘူး စတာတွေဟာ မိမိကိုယ်ကို ဘောင်ခတ်နေတာပါပဲ။ အဲ့ဘောင်တွေထဲကနေ မထွက်သေးရင်တော့ အောင်မြင်မှုက အဲ့ဒီဘောက်အတွင်း ဝင်လာမှာ မဟုတ်ပါဘူး။

၈။စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းမထွက်နိုင်ခြင်း
လူတိုင်းမှာ စိတ်ကူတွေရှိတယ်။ ရည်မှန်းချက်တယ် ရှိတယ်။ စိတ်ကူးယဉ်တယ်ဆိုတာ အကောင်ထည်ဖော်ခြင်းရဲ့ ပထမအဆင့်ပါ။ ဒါပေမဲ့ စိတ်ကူးပဲ ယဉ်နေပြီး စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းမထွက်ပဲ အကောင်ထည် မဖော်ဖြစ်နေရင်တော့ အောင်မြင်မှု လမ်းစ ပေါ်လာမှာ မဟုတ်ပါဘူး။

ကျွန်တော်အခုပြောခဲ့တဲ့ အရာတွေနဲ့ ငြိနေသေးရင် တော့ အမြန်ဆုံး ရုန်းထွက်ဖို့ လိုအပ်ပါတယ်။ဒါမှသာ အောင်မြင်မှုကို လက်ဝယ်ဆောင်ထားနိုင်မှာပါ ။ အောင်မြင်ချင်ရင် အောင်မြင်မှုရလောက်တဲ့ ကျင့်ကြံမှု၊ ကြိုးစားမှုလိုအပ်ပါတယ်။ အောင်မြင်မှု ရရှိဖို့အတွက်ဆို အဟန့်အတားဖြစ်နေတဲ့ အရာတိုင်းကို ဖယ်ရှားပြစ်ဖို့လိုပါတယ်။
မိတ်ဆွေတို့လည်း အောင်မြင်အောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း......

Sort:  

Hi, @kyawzinwin14!

You just got a 0.37% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ေတာ္ေတာ္ဆိုးတဲ့ @cheetah

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawzinwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဘရိုေရးတာေတြေကာင္းတယ္ ဘရို။ စာေကာင္းေတြဆက္ေရးေနဖို့ေမွ်ာ္လင့္ပါတယ္။

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58211.02
ETH 2483.87
USDT 1.00
SBD 2.37