Voting Bots Tracker

in #voting7 years ago (edited)

အခုနောက်ပိုင်း Steemit မှာပိုစ့်တွေကို Bot တွေနဲ့ငွေပေးပြီး Self-Vote ပြန်လုပ်တာအတော်များလာတာတွေ့ရပါတယ်၊ အဲဒီလိုလုပ်တဲ့နေရာမှာတစ်ချို့မြတ်ကြသလိုတချို့ကလဲရှုံးတယ်ဆိုပြီးငြီးကြတာတွေကြားနေရပါတယ်၊ အဲဒါကြောင့် Voting Bot သုံးတဲ့သူတွေအတွက်နည်းနည်းဖြစ်ဖြစ်အထောက်အကူဖြစ်အောင်ကျွန်တော်သိသလောက်လေးပြန်ပြီးမျှဝေပေးပေးလိုက်ပါတယ်။
ကျွန်တော်အခုပြောမယ့်အရာကတော့ငွေပို့ပြီး Voting မလုပ်ခင် Bot တွေရဲ့အခြေအနေကိုကြည့်နိုင်မယ့် Web App တစ်ခုဖြစ်ပါတယ်။ (Link ကိုအောက်ဆုံးမှာထည့်ပေးထားပါတယ်)

Bot တွေရဲ့အခြေအနေတွေဆိုတာ...
Vote Value, Min Bid, Max Post Age, Total Bid Value, Max Profitable Bid, Last Vote, Next Vote စတာတွေအပြင်တခြား Function တွေလဲအများအပြားရှိပါသေးတယ်။ အောက်ပါပုံကိုကြည့်ပါ...

ဘယ်ဘက်ဆုံး Bot Name ဆိုတာကတော့ငွေပေးပြီး Vote နိုင်မယ့် Bot တွေရဲ့ List ဖြစ်ပါတယ်သူတို့နဲ့တစ်တန်းထဲမှာတော့ Bot တစ်ခုချင်းစီရဲ့သိသင့်တဲ့အချက်အလက်တွေကိုဖော်ပြပေးထားပါတယ်။
Bot ရဲ့အခြေအနေကို Real Time (Live) ဖော်ပြပေးထားတာဖြစ်ပါတယ်၊ အဲဒါတွေကြည့်ပြီးဘာတွေအသုံးဝင်လဲဆိုတာနည်းနည်းရှင်းပြပေးပါ့မယ်။

Vote Value
၎င်း Bot 100% Voting Power နဲ့ Vote တဲ့အခါရမယ့်ပမာဏပါ။

Min Bid
Voting ရရန်အတွက်အနည်းဆုံးလွှဲရမယ့်ပမာဏပါ။

Max Post Age
Vote နိုင်မည့်အများဆုံးပိုစ့်သက်တမ်း (ဥပမာ။ 5 or 6 Days Ago)

Total Bid Value
မိမိတို့လို Post များ Vote ရန် Bot ဆီကိုလွှဲထားတဲ့စုစုပေါင်း SBD တန်ဖိုးပါ။

Max Profitable Bid
အမြတ်ရရှိရန်အများဆုံးလွှဲနိုင်သည့်ပမာဏ (ကိုယ့်အတွက် Bid Chance ဘယ်လောက်ကျန်လဲကြည့်ဖို့အတွက်ပဲသုံးပါလုံးဝသူတို့ပြထားသလောက်မလွှဲပါနဲ့)

Last Vote
နောက်ဆုံး Vote ပေးခဲ့သည့်အချိန်

Next Vote
နောက်ထပ် Vote ပေးမည့်အချိန်

သိထားရမှာကအဲဒီက Bot တွေက @minnowbooster တို့လိုမဟုတ်ပါဘူး၊ Bidding System (လေလံစနစ်) နဲ့သွားတဲ့ကောင်တွေပါ Bid Bot အများစုက 2 နာရီ 40 မိနစ်ခန့်ကြာရင်တစ်ခါ Vote ပေးပါတယ်၊ တစ်ခါ Vote ရင် 100% Vote ပါတယ်။ 100% ဆိုတာသူတို့ရဲ့ Round တစ်ခု 2 နာရီ မိနစ် 40 တွင်းသူတို့ကို Vote ဖို့ငွေပို့ထားတဲ့သူတွေဆီကိုပို့ထားတဲ့ငွေပမာဏနဲ့ 100% ကိုအချိုးကျခွဲဝေပြီး Vote ပေးတာပါ။ အဲဒါကြောင့်ကျွန်တော်တို့ကငွေမလွှဲခင်သူတို့ရဲ့ Vote Value ဘယ်လောက်ရှိလဲ? သူတို့ရဲ့ Total Bid Value ဘယ်လောက်ရှိလဲဆိုတာကြည့်ရပါမယ်။
ဥပမာ။ Bot A က 100% နဲ့ Vote တဲ့အခါ $300 ရမယ်ဆိုပါတော့၊ သူ့ကို Vote ဖို့လွှဲထားတဲ့ငွေစုစုပေါင်းက $100 ရှိတယ်ဆိုရင် Vote လုပ်ဖို့လွှဲထားတဲ့သူတွေအနေနဲ့သူတို့လွှဲတဲ့ပမာဏရဲ့ 3 ဆရပါလိမ့်မယ်။ လက်ရှိ Round အတွင်းဘယ်သူတွေလွှဲထားလဲဆိုတာကိုလဲအောက်ပါပုံအတိုင်း Detalis ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။

Poost တွေ Vote ဖို့အတွက် Bot တွေသုံးတဲ့နေရာမှာအပေါ်ကကျွန်တော်ပြောတဲ့အချက်တွေအပြင်ပြန်ခွဲပေးရမယ့် Curation Reward 25% ကိုပါထည့်စဉ်းစားသင့်ပါတယ်။
Total Bid Value ကြည့်တဲ့နေရာမှာလဲနောက်တစ်ခါ Vote ဖို့ကြာမယ့်အချိန်ကိုလဲထည့်တွက်ရပါမယ် Round ပြီးဖို့ 2 နာရီလောက်လိုသေးတဲ့အချိန် Total Bid နည်းတယ်ဆိုပြီးအားရပါးရလုပ်ပြီးမှနောက်ပိုင်းပို့တဲ့လူတွေကြောင့် Bid ပမာဏများလာပြီးတော့လဲအရှုံးပေါ်နိုင်တာကိုသတိထားစေချင်ပါတယ်။ Bot သုံးတဲ့သူတွေအတွက်အနည်းငယ်တော့အထောက်အကူပြုနိုင်လိမ့်မယ်လို့ထင်ပါတယ်၊ ဒီလောက်နဲ့ပဲနားပါရစေအချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...

ဒီမှာနှိပ်ပြီးသွားနိုင်ပါတယ် >>> Click Here!

Kyawsantun
MSC-024
KST.png

Sort:  

သိရှိခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဟုတ်ကျေးဇူးပါ

Thanks for sharing bro..

ဟုတ်ဗျ

ဗဟုသုတတိုးစေပါတယ် ကျေးဇူးပါ

ကျေးဇူးပါ

အော်အဲ့လိုဆိုနောက်သတိထားမှပဲ

ဟုတ်ဗျ

ကျေးဇူးပါအကိုရေ

ဟုတ်ဗျကျေးဇူးပါ

အခုလိုသိခွင့်ရတာ ကျေးဇူးပါဗျ

အာ့မြန်မြန်ပြည့်တာပဲ 😂

The @OriginalWorks bot has determined this post by @kyawsantun to be original material and upvoted it!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

ချစ်ချစ်က လာမvote ဖူးလား

ပါဝါနည်းနေလို့နားခိုင်းထားတာ :D

ဆြာ တင်​​ပေးသမျှ ဗဟုသုတ အပြည့်​ပါပဲ😃😃

ပုံမှန်အားပေးတယ် :D

မှတ်သားထိုက်ပါပေတယ်ဘရိုရေ…ကျေးကျေး

ဟုတ်ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59601.30
ETH 2583.48
USDT 1.00
SBD 2.48