"ရိုးရိုးလား၊ ရှယ်လား" (funny)
"ရှယ်" ဆိုသောစကားလုံးသည် အင်္ဂလိပ်စကား စပါယ်ရှယ်ကို အတိုကောက် သုံးနှုန်းခြင်းဟု ထင်မိပါသည်။ မည်သို့ပင်ဆိုစေကာမူ "ရှယ်" ဆိုသောစကားလုံးကို မြန်မာပြည်တွင် တွင်ကျယ်စွာ ပြောဆိုသုံးစွဲနေကြသည်ကား အမှန်ပင်။ လဖက်ရည်ဆိုင်တဆိုင်ဝင်လိုက်သည်နှင့် စားပွဲထိုးမေးတဲ့အသံက "အကို ရှယ်လား၊ ရိုးရိုးလား" တဲ့။
ဘာပဲဖြစ်ဖြစ် အဖြစ်ပျက်လေးတစ်ခုကို တင်ပြချင်ပါသည်။ နယ်မြို့လေးတစ်မြို့မှာ ဆရာဝန်တစ်ဦး ဆေးခန်းလာဖွင့်ပြီး ဆေးဖိုးဝါးခ အတောင်းကြမ်းလှသည်။ လူနာတစ်ယောက်ဝင်လာသည်နှင့် " ရှယ်လား၊ ရိုးရိုးလား" ဟု မေ့လေ့ရှိပါသည်။ ဆိုလိုသည်က ရှယ်ဆိုလျှင် update ဆေးအကောင်းစားများနှင့် ကုသပေးပြီး၊ ရိုးရိုးဆိုလျှင်တော့ အပေါစားဆေးများနှင့် ဖြစ်သလိုကုသပေးလေ့ရှိသည်။
Images Credit - Original Source
တစ်နေ့သောအခါ တောရွာတရွာမှ အဖွားကြီးတစ်ယောက် နေမကောင်း၍ ဆေးခန်းပြဖို့လာခဲ့ပါသည်။ အဖွားကြီး လှေဆိပ်မှတက်လိုက်သည်နှင့် အသင့်စောင့်ဆိုင်းနေသော ဆိုက်ကားဆရာများက သူ့ဆိုက်ကားတက်ပါ ငါ့ဆိုက်ကားတက်ပါဆိုပြီး အလုအယက်ခေါ်နေကြပါသည်။ အဖွားကြီးသည် ရုပ်ရည်သန့်သန့် ဆိုက်ကားသမားတယောက်ကိုခေါ်ပြီး
"သားလေး၊ အဖွား ဆေးခန်းသွားမလို့ လိုက်ပို့ပေးစမ်းပါ"
"ဟုတ် အဖွား၊ ဒါနဲ့ အဖွားက ဆိုက်ကားကို ရိုးရိုးစီးမလား၊ ရှယ်စီးမလား"
"ဟယ်….ဆိုက်ကားစီးတာလဲ "ရိုးရိုး" "ရှယ်" ဆိုပြီး ရှိသေးတာလား၊ ရိုးရိုးစီးတာနဲ့ ရှယ်စီးတာ ဘာကွာခြားသလဲကွယ်၊ ပြောပြစမ်းပါဦး"
"ကွာတာပေါ့အဖွားရယ်၊ ကွာတာမှ တော်တော့်ကိုကွာတာ၊ ဟိုမှာကြည့် ဒီမြို့ကလမ်းတွေ အဖွား မြင်တဲ့အတိုင်းပဲ။ ရိုးရိုးစီးမယ်ဆိုရင် ချိုက်တွေ၊ တွင်းတွေ၊ ကျောက်တုံးတွေကို မရှောင်ပဲ ဟုန်းဟင်းဒုန်းဒင်း မောင်းပစ်လိုက်တာပဲ၊ ရှယ်စီးမယ်ဆိုရင်တော့ အဲဒီချိုက်တွေ ကျောက်တုံးတွေကို ရှောင်ပြီး လမ်းကောင်းလေးတွေ ရွေးမောင်းပေးပါတယ်" ဟု ဆိုက်ကားဆရာပြောလိုက်တော့မှ အဖွား တုန်လှုပ်ကြောက်လန့်သွားသည်။
အမေလေးလေး လမ်းတွေကလဲဆိုးပါ့၊ နေမကောင်းရတဲ့အထဲ ဒီလမ်းမှာ သူပြောသလို ရိုးရိုးသာစီးသွားလိုက်မယ်ဆိုရင် သေရချေရဲ့။
"သားရေ အဖွားက နေမကောင်းလို့ ဆေးခန်းလာပြတာ၊ ခေါင်းကလဲမူးနေပြီ၊ အဖွားကို ရှယ်သာမောင်းပေးကွယ်"
Images Credit - Original Source
ဒီလိုနဲ့ အဖွားကြီးလည်း ဆိုက်ကားကို ရှယ်စီးပြီး ဆေးခန်းကို လာပါတော့တယ်။ တစ်လမ်းလုံး ကောင်းတဲ့နေရာဆိုလို့ တခုမှမရှိ၊ နဂိုထဲက ချိုက်တွေ ခွက်တွေ ကျောက်တုံးကြီးတွေနဲ့ ဆိုးပါတယ်ဆိုတဲ့လမ်း မိုးတွေရွာထားတော့ ရေခွက် ရေအိုင်ကြီးတွေနဲ့၊ သို့ပေမဲ့လည်း မိမိဆိုက်ကားကို ရှယ်စီးလာသော အဖွားအတွက် ချိုက်ခွက်တွေကို အတတ်နိုင်ဆုံးရှောင်ကာ ကောင်းနိုးရာရာလေးတွေရွေးပြီး မောင်းလာရင်း လမ်းချိုး လမ်းကွေ့တခုအရောက်မှာ "ဒုန်းး" ဆိုပြီး ဆိုက်ကားမှောက်သွားပါလေရော။ ဆိုက်ကားမှာပါလာတဲ့ အဖွားကြီးလည်း ကျောက်ခဲနဲ့ဆောင့်မိပြီး ခေါင်းကွဲသွားပါသည်။ ဆေးခန်းကိုရောက်လို့ ဆရာဝန်နဲ့တွေ့သောအခါ ဆရာဝန်က
"အဖွား ရိုးရိုးကုမလား၊ ရှယ်ကုမလား"
မေးလိုက်တဲ့အခါ အဖွားပြန်ပြောလိုက်တဲ့စကားကြောင့် ဆရာဝန်လည်း ဘာပြောလို့ ပြောရမှန်းမသိ၊ အနားမှာရှိနေတဲ့ nurse တွေလည်း ၀ါးခနဲ့ ပွဲကျသွားပါတော့သည်။
အဖွားပြောလိုက်သည့်စကားက-
"လာပြန်ပြီလား စောက်ရှယ်။ ငါ့မှာ နေမကောင်းလို့ဆေးခန်းလာပြတာ အဲဒီစောက်ရှယ်လုပ်လို့ ခေါင်းပါကွဲသွားပြီ၊ အခုလည်းတခါ လာပြန်ပြီလား စောက်ရှယ်"
Images Credit - Original Source
ဟာသအမြင်ဖြင့် တင်ပြခြင်းသာဖြစ်ပါသည်
ရယ်မောပျော်ရွှင်နိုင်ကြပါစေ
@kyawhlaing
နာလည်း ဘားနေနေ ရှယ် မှကြိုက်
ရှယ်ဒေရမယ် ရှယ်
ရိုးရိုးဗုတ်ပေးရမလား
ရှယ်ဗုတ်ပေးရမလား 😁😁
ရှယ်ဗုတ်ပေးဘာ 😁
good lettetရီရတယ်
ကျေးဇူးပါ
ဇွန်းတက်လေးနဲ့ပေးပါ
ဟုဟု
အဟေးဟေး ဇွန်းတပ်ပေးပါ ကချစ်😌😌
အေးအေး တပ်ပေးမယ်သက်လား
ဟာသ ကတော့ရှယ်ပဲ
ကျေးဇူးပါ
ရှယ်voteပေးလိုက်ပါကြောင်း
ကျေးဇူးရှယ်တင်ပါတယ်လိုစ့်
သေရင်တောင် ရှယ်သေမှကောင်းမယ်ထင်ပါ့။
ဟားး ဆရာတော့လုပ်ပီ
Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ရီရတယ်။