သင်မကောင်းလည်း ကျွန်ုပ်မဆိုးပါ
အဆိုပါဆောင်ပုဒ်ကို စီးပွားရေးသမားအချို့က နရံကပ်စာတန်းအဖြစ် စတေလ်ကာများ၊ ဗီနိုင်းများ ရိုက်နှိပ်ထုတ်ဝေ ရောင်းချလျက်ရှိပါသည်။ ထိုဆောင်ပုဒ်ကို အမှန်တရားပမာထင်မှတ်လျက် မြတ်မြတ်နိုးနိုးတန်ဖိုးထားကာ အိမ်နရံတွင် ချိတ်ဆွဲထားလေ့ရှိပါသည်။ တချို့သောအိမ်များတွင် အများမြင်တွေ့နိုင်သော အိမ်မျက်နှာစာမှာ မြေဖြူများဖြင့်ပင် ရေးထိုးထားကြသည်။ တကယ်တော့ ယင်းစာတန်းမှာ ကျဉ်းမြောင်းသော ပုဂ္ဂလိကခံစားမှု၊ နှလုံးသားမရင့်ကျက်မှုနှင့် ဦးနှောက်အားနည်းမှုတို့၏ ရလဒ်အဖြစ် သီးပွင့်လာသော စာတန်းတခုအဖြစ် သုံးသပ်မိပါသည်။
လူသည် မိမိတို့၏ လုပ်ရပ်ကို မိမိတို့ကိုယ်တိုင် တာဝန်ခံနေကြရခြင်းဖြစ်ပါသည်။ မိမိပြုလုပ်ပြောဆိုကြံစည်သော ကံသုံးပါ၏ အကျိုးရလဒ်ကို မိမိသာ ခံစား၊စံစားရခြင်း ဖြစ်ပါ၏။
"သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ" ဆိုတော့ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ် ဆိုသည့် သဘောအဓိပ္ပါယ် သက်ရောက်နေပါသည်။
သင်မကောင်းလျှင် မိမိလည်းမကောင်းနိုင်ပါ ဟု ဆိုခြင်းမှာ သူတစ်ပါး၏ အတွင်းသန္တာန်၌ တောက်လောင်နေသောမီးကို မိမိ၏ နှလုံးသားထဲသို့ ကူးယူလိုက်သည်နှင့် ပမာတူပါ၏။ သူတစ်ပါး၏ မကောင်းမှု မိမိထံ ကူးစက်မလာပါစေနှင့်။ မကောင်းမှုဟူသည် အကုသိုလ်ဖြစ်သောကြောင့် သူတစ်ပါးထံမှ လက်ဆင့်ကမ်းမယူပါနှင့်။ သူ့မကောင်းမှုအတွက် သူဘာသာ တာဝန်ခံသွားပေလိမ့်မည်။
မိမိနှင့်ဆက်ဆံသူက မိမိအပေါ်မကောင်းလျှင် " ပြူသူအသစ် ဖြစ်သူအဟောင်း " ဟုသာ သဘောထားသင့်ပါသည်။ မိမိက သူ့အပေါ်ပြန်၍ မကောင်းစရာ မလိုပါ။ ပထမဦးဆုံးအကြိမ်အနေဖြင့် မိမိအပေါ်တွင် သူနားလည်သဘောပေါက်လာအောင် အကျိုးသင့် အကြောင်းသင့် ဖြောင်းဖြောင်းဖျဖျ ပြောဆိုဆွေးနွေးရပါမည်။ မိမိ၏စိတ်ရင်း ဖြောင့်မတ်မှန်ကန်မှု အပေါ် သူဘက်မှ မည်သို့မျှ လက်ခံလိုက်လျောမှု မရှိဘဲ မကောင်းမြဲ မကောင်းနေအုံးမည် ဆိုလျှင် ထိုသူနှင့် ဆက်ဆံရေးကို သိမ့်မွေ့စွာ ဖြတ်ချလိုက်ရုံသာ။ မိမိအပေါ် မကောင်းမြဲ မကောင်းနေသူအား လုံးဝ မဆက်ဆံတော့ပြီးသည့်နောက်မှာ သူ့အကြောင်းနှင့်ပတ်သတ်၍ ချိုသည်ဖြစ်စေ ခါးသည်ဖြစ်စေ (မှန်သည်ပင် ဖြစ်စေ) တစ်လုံးတစ်ပါဒမျှ ပြောဆိုဝေဖန်မနေပါနှင့်တော့။ ထိုသူနှင့် ပတ်သတ်သမျှ ယတိပြတ်သာ ပြည်ဖုံးကားချလိုက်ပါ။ ထိုသူထံမှ အကုသိုလ်များ မိမိထံကူးစက်လာအုံးမည် မဟုတ်ပါချေ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ၊ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည်ဟူသော သဘောတရားကို လက်ခံကျင့်သုံးနေကြမည် ဆိုလျှင် အဆိုးသံသရာသည် ရဟတ်ပမာ လည်မြဲ လည်လျက်ရှိပေတော့မည်။ အဆုံးသတ်တော့မည် မဟုတ်ပါ။ မကောင်းသော သဘောတရားတို့ကို လက်ခံသိမ်းပိုက်ခြင်း၊ ပြန့်ပွားအောင် ဖြန့်ဖြူးခြင်းကို မပြူအပ်ပါ။
ကျွန်တော်တို့ Steemit Myanmar user တော်တော်များများလည်း ထိုဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးနေကြသည်ကို တွေ့မြင်ရပါသည်။ promotion မရှိသောနေ့၌ တင်သောပိုစ့်များကို voting, comment ပေးမည့်သူ တယောက်မှပင် မရှိပဲ ခြောက်ကပ်နေပါသည်။ vote, comment တခုခုပေးတိုင်း rewards ပြန်ရတယ်ဆိုတာ မသိ၍တော့ ဟုတ်မည်မထင်ပါ။
ကိုယ့် post ကို သူ vote မှ သူ့ post ကို ကိုယ် vote မည်။ သူ comment ရေးမှ ကိုယ်ပြန်ရေးမည် ဟူသော စိတ်ဓာတ်ဖြင့် ခိုကပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့ Myanmar Steemit Community သည် တော်တော်နှင့် ခရီးမရောက်နိုင်ပဲ နောက်ကျကျန်နေခဲ့မှာ အမှန်ပင်ဖြစ်ပါသည်။
ယခု ကျွန်တော်တို့ Promotion ရနေတယ်ဆိုတာ သူများနှာခေါင်းနဲ့ အသက်ရှုနေကြရခြင်းသာဖြစ်ပါသည်။ Promotion မရှိ၊ steemit လုပ်နေသော မြန်မာများ အကုန်လုံး ၀ိုင်းအုံးပြီး voting ရင်တောင် လက်ရှိအချိန်မှာ $ 5 ရဖို့ မလွယ်ကူပါ။
ဘာကြောင့်လဲ ?
ကျွန်တော်တို့ မြန်မာများမှာ ဘယ်သူ့မှာမှ SP ထောင် သောင်းချီ၍ မရှိပါ။
ထိုအခြေနေမျိုးမှာ စိတ်မရှည်၍ နောက်ဆုတ်သွားကြသူများလည်း ရှိသလို အမှန်တကယ် ကြိုးစားအားထုတ်ကာ အနာဂါတ်ဆီ မလျော့သောဇွဲလုံ့လတို့ဖြင့် ချီတက်နေကြသူများလည်း အများအပြား ရှိနေကြပါသည်။
သည်ကြားထဲ ဂျင်း vote များလည်း ရှိနေပါသေးတယ်။ Myanmar Steemit Community သည် သက်တမ်းအားဖြင့် အင်မတန်မှ နုနယ်လွန်းပါသေးသည်။ မိမိမှာရှိသလောက် SP လေးနှင့် 100% voting ပေးလို့ ဘာမှမရသည်က ပြဿနာမဟုတ်ပါ။ တချို့သည် နောက်နေ့ ပြန်ပြည့်လာမည့် vote ကိုတောင် ကပ်စီးနဲနေကြပါသည်။ SP လဲမရှိဘဲ (%) လျှော့၍ vote နေခြင်းသည် ဂျင်း vote သာ ဖြစ်ပါသည်။ ရုပ်ဆိုး အကျဉ်းတန်လွန်းပါ၏။ သူ vote ကြောင့် တဖက်လူ ဘာမှမရသော်လည်း သူကတော့ 25% rewards ရရှိသွားပါသည်။ တကယ်မလုပ်အပ်သော လုပ်ရပ်ပင်ဖြစ်ပါသည်။
SP 500 ရှိမှ VP% အတိုးအလျော့လုပ်ဖို့ steemit မှ တရားဝင်ကြေငြာပြီးသားဖြစ်ပါသည်။ FAQ တွင် လေ့လာနိုင်ပါသည်။
Myanmar Steemit Community သည် သက်တမ်းနုနေသေးကာ ထိရှလွယ်သော အချိန်ဖြစ်နေသဖြင့် ကျွန်တော်တို့သည် အချင်းချင်း မခိုမကပ်ပဲ စည်းလုံးညီညွတ်စွာ ရိုင်းပင်းကူညီပြီး ဆက်လျှောက်သွားမှ အောင်မြင်မှု ရနိုင်ပါလိမ့်မည်။
ထို့ကြောင့် ကျွန်တော်တို့သည်
steemit platform ပေါ်မှာ မိမိနှာခေါင်းပေါက်ဖြင့် အသက်ရှုရပ်တည်နိုင်အောင် ကြိုးစားကြပါမည်။
သူ vote ပေးပေး မပေးပေး ကိုယ် vote ပေးနိုင်အောင် ကြိုးစားကြပါမည်။
သူ မန့််ရေးရေး မရေးရေး ကိုယ်ရေးနိုင်နိုင်အောင် ကြိုးစားကြပါမည်။
သင်မကောင်းလည်း ကျွန်ုပ်မဆိုးအောင် ကြိုးစားကြပါမည်။
ဒါပဲလေ ကချစ် သင်ကောင်သးည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကျနုပ်ကောင်းမည်ဖြစိသည်..😃😃မယ်ကြည့်ဆော်င်ပုဒ်
ဒါပဲလေ 😃
သင်ကောင်းလျှင်တော့လုပ်လိုက်ကချစ်
လုပ်ဘူးအေ ဒါဗြဲ
သင်မကောင်းလည်း ကျွန်ုပ်ကောင်းနေပါသည်
အာဆို ကျော်ဆိုးတော့မယ် :-P
ဟုတ်ကဲ့
thnaks
နိ ကို ဘူက 0.1% နဲ့ vote တွားလဲ ဟင်
များရီးပဲဟေးးးး
ဘူလဲဟင် အလင်းပြပါ
ပုံတင်လို့ရဘူး
စေတနာကောင်းရင် ကံကောင်းပါတယ်
ဟုတ်ကဲ့ပါ
မှန်ပါရဲ့ ဆရာချစ်ရယ်
အမှန်ပဲ အမှန်ပဲ
သင်ဆိုးလည်းကျွန်ုပ်မကောင်းပါ 😀😀😀 စတာဘာ
ကောင်းလိုက်ပါဆိုစ့်
good post thank for your sharing knowledge
ကျေးဇူးပါ bro