မှန်ကန်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပါ
" ပတိရုပဒေသ၀ါသော စ "
" သင့်တင့်လျောက်ပတ်သောအရပ်မှာနေခြင်းသည် မင်္ဂလာမည်၏ " လို့ ဗုဒ္ဓမြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။ သင့်တင့်လျောက်ပတ်သောအရပ်ဒေသဆိုတာ ကုသိုလ် ပညာ ကျမ်းမာ စီးပွါးဥစ္စာ ဒီရေအလား တိုးတက်စေနိုင်တဲ့ ပတ်ဝန်းကျင်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တတွေဟာ တိုးတက်ချင်တယ် ကြီးပွါးချင်တယ်၊ ချမ်းသာချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် အမြန်ဆုံးနည်းလမ်းကတော့ ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဓိက ကိုယ့်ဘ၀ကို တိုးတက်ပြောင်းလဲစေနိုင်မယ့် ပတ်ဝန်းကျင်ထဲကို တိုးဝင်ဖို့ပါပဲ။
စာဖတ်သူဟာ အသိပညာတွေ လိုချင်တယ်ဆိုရင် စာကြည့်တိုက်တွေ စာအုပ်ဆိုင်တွေ သင်တန်းကျောင်းတွေ စတဲ့ အသိပညာရရှိစေမယ့် ပတ်ဝန်းကျင်ထဲ ၀င်တိုးပါ။ စာအုပ်တွေဖတ်ရှုပါ။ စာဖတ်သူများနဲ့ မိတ်ဆွေဖွဲ့ပါ။
ကျမ်းမာရေးကောင်းချင်တယ်ဆိုရင် အားကစားလေ့ကျင့်စင်တာတွေ၊ ကျမ်းမာရေးဟောပြောပွဲတွေ လမ်းလျှောက်အဖွဲ့တွေဆီကိုသွားပါ။ ကျမ်းမာရေးပညာချင်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ကျမ်းမာရေးဆိုင်ရာ ပတ်ဝန်းကျင်ထဲကို ၀င်တိုးပါ။
စိတ်ဓာတ်မြင့်မားချင်တယ်ဆိုရင် ဘုရားတွေ၊ တရားစခန်းတွေ တရားပွဲတွေ၊ ဓမ္မသင်တန်းကျောင်းတွေကိုသွားပါ။ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းပါ။ ဘာသာရေးတွေ၊ ပရဟိတအလုပ်တွေ များများလုပ်ပါ။
ချမ်းသာကြွယ်ဝချင်တယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ စုဝေးတဲ့နေရာတွေကိုသွားပါ။ သူတို့ကိုလေ့လာပါ။ မေးမြန်းပါ။ အကြံတောင်းပါ။ သူတို့ထံမှာ သင်ယူပါ။
အောင်မြင်ရေးအတွေးအခေါ်တွေ မျှဝေပေးနေတဲ့နေရာတွေကိုသွားပါ။ ဟောပြောပွဲတွေ နားထောင်ပါ။ အောင်မြင်ရေးသင်တန်းတွေ ငွေကြေးရင်းနှီးမှုသင်တန်းတွေမှာ ပါဝင်တက်ရောက်ပါ။ အောင်မြင်ချမ်းသာဖို့ ကြိုးပမ်းလေ့လာနေသူတွေနဲ့ အုပ်စုဖွဲ့ပြီး မိတ်ဆွေသစ်ရှာပါ။
ဒါဟာ ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲပြီး ကိုယ့်ဘ၀ကို ပြောင်းလဲပစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုပတ်ဝန်းကျင်ထဲကို ရောက်ပြီဆိုလို့ရှိရင် ဒီပတ်ဝန်းကျင်အတိုင်း စီးမျောလိုက်ပါသွားရုံပါပဲ။ ဒီပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အတွေးအခေါ်တွေ စိတ်ခံစားမှုတွေကို ရရှိလာစေပြီး သင့်ရဲ့ လုပ်ရပ်နဲ့ ရလာဒ်တွေ ဧကန်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
"လူနေခြုံကြား စိတ်နေဘုံဖျား" ဆိုသလို လူကဘာမှမဟုတ်ပေမယ့် စိတ်အာရုံနဲ့ အတွေးအခေါ်တွေဟာ အောင်မြင်မှုရရှိရေးကိုသာ ဦးတည်မျှော်မှန်းပြီး ကြိုးစားလုပ်ဆောင်နေဖို့ လိုပါတယ်။ ဥပမာ- ကိုယ်က ၀န်ထမ်းတစ်ယောက် ဖြစ်နေရင် နေ့စဉ် ၀န်ထမ်းတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ငန်းရှင်တစ်ယောက်လို အတွေးအခေါ်တွေကို ပြောင်းပစ်ရပါလိမ့်မယ်။ အခု ဘာဖြစ်နေတယ်ဆိုတာ အရေးမကြီးပဲ အနာဂတ်မှာ ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်။
ယခုလက်ရှိအချိန်မှာ ငွေကြေးအဆင်မပြေတာ အကြောင်းမဟုတ်ပါဘူး။ ယခုလက်ရှိအချိန်မှာ ဆင်းရဲကျပ်တည်းနေတာ အကြောင်းမဟုတ်ပါဘူး။ ယခုလက်ရှိအချိန်မှာ ရုန်းကန်ပြေးလွှားနေရတာ အကြောင်းမဟုတ်ပါဘူး။ အနာဂတ်မှာ ချမ်းသာအောင်မြင် လွတ်မြောက်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် မှန်ကန်တဲ့ အတွေးတွေ စိတ်ဓာတ်တွေ ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် မှန်ကန်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဒီနေ့ကစပြီး ပြောင်းလဲ ဖန်တီးလိုက်ပါလို့ တိုက်တွန်းရင်းးးး
@kyawhlaing
MSC-015
photo - google images
ကိုယ်လိုချင်တဲ့ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်လျှောက်လှမ်းကြဖို့လိုအပ်ပါတယ်ရှင်။
ဟုတ်တာပေါ့
မှန်ပါတယ်...လူဆိုတာ ပုတ်သင်ညိုလိုဘဲ ပတ်ဝန်းကျင်ကိုလိုက်ပြီးအရောင်ပြောင်းတတ်ကြတယ်..
ဖတ်ပေးတာကျေးဇူးပါ
သင့်တင့်လျောက်ပတ်သောပတ်ဝန်းကျင်တခုလူတိုင်းအတွက်လိုအပ်ပါတယ်ရှင်
အမှန်တကယ်လိုအပ်ပါတယ်
ပတ်ဝန်းကျင်ကောင်းတစ်ခုဆိုတာအရမ်းအရေးကြီးပါတယ်friရေအထူးသဖြင့်ငယ်ရွယ်တဲ့ခလေးငယ်တွေ ။ မိဘကိုကလန်ကဆန်လုပ်တက်တဲ့၁၄/၁၅ အရွယ်တွေအတွက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဟာအရမ်းပဲအရေးပါလွန်းတယ်။
ပတ်ဝန်းကျင် အသစ်ပြောင်းလဲဖို့ ခွန်အားတိပီးယေ အစ်ကို့ကို ကျေးဇူးအများကြီး တင်ပါယင့်
ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါယင့်
မင်္ဂလာရှိသောအရပ်ပေါ့
ဟုတ်ကဲ့ပါ
အားပေးနေတယ်ဆာချစ်
ဟုတ် ကျေးဇူးပါ
ခုတော့ steemit ပတ်ဝန်းကျင်လေးမှာ နေနေတယ်။
အဲဒါအမှန်ဆုံးပါပဲ
မှန်ပါတယ်ဗျာ ဘုရားကလည်းကုသိုလ် ပညာ ဥစ္စာရဖို့သင့်ရာဒေသအမြဲနေလို့မှာခဲ့တာပေါ့
မှန်တာပေါ့ဗျာ
ပတ်ဝန်းကျင်သစ်တွေ၊ပတ်ဝန်းကျင်ကောင်းတွေ တကယ်ကိုလိုအပ်ပါတယ်
အမှန်ပေါ့ဗျာ