ကိုယ့်အပြစ်ဒဏ်ကိုယ်ရွေးတဲ့ ကိုခြိုက်

in #myanmar9 years ago

Cryptocurrency တွေ ခေတ်စားလာတော့ ပရဟိတလုပ်နေတဲ့ ကိုခြိုက်တစ်ယောက် online ငွေရှာတဲ့ဖက်ကိုရောက်လာကာ free ပေးတဲ့ဆိုဒ်တွေ invest တွေ free mining တွေ တွေ့သမျှအကုန်လျှောက်လုပ်သော်လည်း အချိန်နဲ့ငွေကုန်တာသာများတယ်၊ ပြန်ရတော့ ဖုန်းဘေလ်တောင်မကာမိ၊ စိတ်ပျက်ပြီး Trading ဖက်ကူး အရင်းအနှီးတွေစိုက်ကာ coin မျိုးစုံ trade ပြန်တယ်။ အဆင်မပြေပြန်၊ သူဝယ်လိုက်တဲ့ coin တိုင်းက ၀ယ်ပြီးတာနဲ့ဈေးကျသွားရော။ တချိန်ဧကန်မုချတက်လာမယ်ထင်တဲ့ coin တစ်ခုကို အကြီးကြီးရင်းနှီးထားလိုက်တယ်။ သို့သော်လည်း သူ့အထင်နဲ့ တကယ်ဈေးကွက်က ပြောင်းပြန်ဖြစ်နေတယ်။ ဈေးတွေထိုးကျ သူအကြီးကြီးရင်းထားတဲ့ coin လဲ အဖတ်ဆည်မရအောင်ထိုးကျလာတော့ စိတ်ထိခိုက်ပြီး ရုတ်တရက် ကိုခြိုက်တစ်ယောက် သေသွားရှာပါတယ်။
Screenshot_40.jpg
သူသတိရတော့ ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင်ရပ်နေမိတာကိုတွေ့ရတယ်။ ဘုရားသခင်က ကိုခြိုက်ရဲ့အပေါ်မှာ မိုးရပ်နေပြီး " ကဲ ငခြိုက်ရေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်စိတ်ရှုတ်နေတယ်၊ မင်းကို ငရဲကိုပို့ရမလား၊ ကောင်းကင်ဘုံကိုပို့ရမလားဆိုတာ စဉ်းစားရသိပ်ကျပ်တာပဲ။ တကယ်တော့ မင်းက လူသားအကျိုးပြု ပရဟိတတွေလုပ်ခဲ့ပေမေ့ မင်းရဲ့ တခြားဟော့ရမ်းတဲ့လုပ်ရပ်တွေထဲမှာ ဆိုးရွာတာကတော့ Cryptocurrency trade တဲ့အခါ မင်းစိတ်မင်းမထိန်းနိုင် လောဘတက်တာပဲ။ အခုတော့ ငါဘယ်တုန်းကမှမလုပ်ခဲ့တဲ့လုပ်ရပ်ကို လုပ်ရတော့မယ်။ ဒီတော့ ငခြိုက်…မင်း ငရဲနဲ့ကောင်းကင်ဘုံ ဘယ်သွားမလဲဆိုတာကို ကိုယ်တိုင်ရွေးပေတော့" လို့ ပြောလိုက်ပါတယ်။
ကိုခြိုက်က သူ့မျက်နှာလေးကိုပင့်ပြီး ဘုရားသခင်ကို ပြန်ဖြေလိုက်တယ်။
" အရှင် အဲဒီ၂နေရာရဲ့ ကွာခြားချက်ကို အကျဉ်းချုပ်ရှင်းပြပေးပါလား"
ဘုရားသခင်က နည်းနည်းပဟေဠိဖြစ်သွားပြီး " အင်း…ပိုပြီးအဆင်ပြေသွားအောင် မင်းကို ၂နေရာစလုံး အလည်ပို့ပေးမယ်လေ။ ပြီးတော့ ဘယ်သွားမလဲ မင်းဘာသာရွေးပေါ့။ ကဲ…အခု မင်း ဘယ်ကိုအယင်သွားကြည့်မလဲ"
ကိုခြိုက်က ခဏလောက်ငြိမ်နေပြီးမှ ပြန်ဖြေတယ်။ "ကျွန်တော် ငရဲပြည်ကို အယင်သွားကြည့်မယ်"။
Beautiful-abstract-beautiful-heavenly-place-3-Sizes-Silk-Fabric-Canvas-Poster-Print.jpg
အဲဒီနောက် လျှပ်တပြက်အလင်းရောင်နဲ့ မီးခိုးငွေ့တွေပေါ်လာပြီး ကိုခြိုက် ငရဲပြည်ကိုရောက်သွားတယ်။ အဲဒီမှာ သူဟိုဟိုဒီဒီလျှောက်ကြည့်လိုက်တော့ ငရဲပြည်က လှပသန့်ရှင်းတဲ့နေရာတစ်ခုဖြစ်ပြီး နွေးနွေးထွေးထွေးရှိကာ သဲသောင်ကမ်းခြေတွေ၊ မြင့်မားတဲ့တောင်တန်းကြီးတွေ၊ ကြည်လင်တဲ့ကောင်းကင်၊ သန့်ပြန့်တဲ့ရေတွေနဲ့ မြူးထူးဆော့ကစားနေတဲ့ မိန်းမလှလေးတွေကိုတွေ့ရတယ်။

အဲဒီအခါ ကိုခြိုက်ရဲ့မျက်နှာပေါ်မှာ အပြုံတစ်ခုပေါ်လာပြီး လတ်ဆတ်တဲ့လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တယ်။ "မိုက်လိုက်တာ၊ ဒီလိုနေရာက ငရဲဆိုရင် ကောင်းကင်ဘုံကို ချက်ချင်းပဲ ပြေးကြည့်ချင်တယ် " လို့ တွေးလိုက်မိတယ်။
အတွေးမဆုံးခင်မှာပဲ လျှပ်တပြက်အလင်း၊ မီးခိုးငွေ့တွေနဲ့အတူ ကိုခြိုက် ကောင်းကင်ဘုံကိုရောက်သွားတယ်။
Screenshot_82.jpg
ကောင်းကင်ဘုံက တိမ်တိုက်တွေရဲ့အထက်မှာရှိတဲ့ နေရာတစ်ခုဖြစ်ပြီး အဲဒီမှာ နတ်သမီးတွေ စောင်းတီးပြီး သာယာနာပျော်ဖွယ် သံပြိုင်တေးသီကျုးရင်း မျောလွင့်နေကြတာကို တွေ့ရတယ်။ ကောင်းကင်ဘုံက တကယ့်ကို နေချင်စဖွယ်နေရာလေးပါ။ဒါပေမဲ့ ငရဲပြည်လောက်တော့ ဆွဲဆောင်အားမကောင်းဘူးလို့ ကိုခြိုက်က တွေးတယ်။ ပြီးတော့ ကိုခြိုက်တစ်ယောက် ဟိုဟိုဒီဒီလှည့်ကြည့်ပြီး လက်နှစ်ဖက်ကို ပါစပ်နားကပ်ကာ ဘုရားသခင်းကို လှမ်းအော်ခေါ်ပြီးပြောလိုက်တယ်။ "အရှင် ကျွန်တော့်ကို ငရဲပြည်ကိုပို့ပေးပါ"။
အဲဒီနောက် ကိုခြိုက်ဟာ ငရဲကို ထာဝရအပို့ခံလိုက်ရပါတော့တယ်။
150251.jpg
ဒီလိုနဲ့ အချိန်တွေကုန်လွန်သွားတော့ ဘုရားသခင်က ငခြိုက်တစ်ယောက် ငရဲပြည်မှာ ဘယ်လိုတိုးတက်မှုတွေဖြစ်နေတယ်ဆိုတာကို စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘုရားသခင် ငရဲပြည်ကိုရောက်တော့ မှောင်မည်းတဲ့ ဂူနံရံမှာ သေးငယ်တဲ့ အရိုးခြောက်လူတွေကြားမှာ လက်ထိပ်ခပ်ခံထားရပြီး မီးလျှံတွေကြား မီးလောင်တိုက်သွင်းကာ ညှင်းပန်းခံနေရတဲ့ ကိုခြိုက်ကိုတွေ့ရပါတယ်။
Ngayel.jpg
ဘုရားသခင်က "ဘာတွေဖြစ်သွားတာလဲ" လို့ မေးလိုက်တော့ ကိုခြိုက်က မချိတင်ကဲဝေဒနာခံစားနေရပြီး မကျေမနပ်တဲ့ တဗြစ်တောက်တောက်နဲ့ "ဒါကတော့ အရမ်းလွန်တာပဲ၊ ကျွန်တော် ပထမအကြိမ်သွားလည်ခဲ့တဲ့ ငရဲ့နဲ့ ဒါက တခြားစီ။ ဒီလိုတွေဖြစ်နေတာ ကျွန်တော် ယုံကိုမယုံနိုင်ဘူး။ သဲသောင်တွေ၊ တောင်တန်းကြီးတွေနဲ့ မိန်းမလှတွေရှိတဲ့နေရာက ဘာလို့ဒီလိုဖြစ်သွားတာလဲ" လို့ မေးလိုက်တယ်။
ဘုရားသခင်ပြန်ဖြေလိုက်တာကတော့…..
"အဲဒါတွေက demo လေ" လို့ပဲဖြစ်ပါတယ်။

online ငွေရှာသူများ အစစ်အမှန်ကိုခွဲခြားရွေးချယ်နိုင်ပြီး အောင်မြင်မှုရကြပါစေ
လေးစားစွာဖြင့်
@kyawhlaing
MSC=015
photo = google images

Sort:  

sir, your all post is so good

Good writing sir!

ဟုတ်ပါ့ဗျာ
Demo မှာတော့ ဟုတ်နေတာပဲ

Good post bro

ကျေးဇူးပါ

မသိတာတွေ သိရပါတယ်

ဟုတ်ကဲ့ပါ

နာတော့ free နဲ့ မွဲ

နိက free ပဲရှာနေတာကိုးး

အေးအေ နာ invest လုပ် လိုက် ရင် scan သွားလွန်းလို့
၇ ရက်သားသမီး တွေ ကိုသနားလို့ လုပ်တော့ဝူး

ကွကိုအားလူးပဲချက်နေဘာအေ

ရေးတတ်​တယ်​ဆရာသမား။ဒါနဲ့ trade နည်း​လေးသင်​​ပေးပါ။ကုန်​ချင်​လို့😁။စတာပါ။ဝါသနာပါတယ်​။သင်​​ပေးပါအုံး။နောက်​ကျ​မေးအုံးမယ်​။

ဟားး ကျွမ်းကျင်ပါဘူးဗျာ လေ့လာနေတုန်းပါ

မသိတာတွေသိရတာဘဲ့

ဟုတ် ဖတ်ပေးလို့ကျေးဇူးပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 62546.27
ETH 1774.38
USDT 1.00
SBD 0.38