မျှော်လင့်ချက်ရောင်ခြည်

in #myanmar8 years ago

Screenshot_5.jpg
Author : kyawhlaing
"မင်းဝတ်ထားတဲ့အကျီင်္နဲ့ ဖိနပ်တန်ဖိုးကိုပေါင်းလိုက်ရင်တောင် တစ်သိန်းကျော်နေတဲ့ ကောင်က ပုဇွန်ကင်တစ်စည်း ၁၀၀၀ ကို များတယ် ဟုတ်လား"
"အုန်း" ဆိုပြီး ကျောပြင်ကြီးကို တီးထည့်လိုက်တယ်။ လှမ်းကြည့်လိုက်တော့ ပင်လယ်ထဲ ရေဆော့ပြီးတက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။
ငွေဆောင်ကမ်းခြေ ပင်လယ်ပြင်ထဲ ရေဆော့ပြီး စောစောတက်သွားကာ အမောဖြေရင်းစားမလို့ မျိုးမင်း ပုဇွန်ကင်ဝယ်နေရာမှာ ဈေးကြီးလို့ဆိုပြီး ဈေးဆစ်နေတာကို ထွန်းသိန်းက ဒီလောက်လေးကို ဈေးဆစ်ရပါ့မလားဆိုပြီး ဝင်ဟန့်ရင်း စနောက်နေကြတာပါ။

ပုဇွန်တစ်ပိဿာ ဘယ်ဈေးပေါက်လဲ ကျနော် မသိပါဘူး။ အဲ့ဒီဈေးသည်က ဈေးကို အမှန်အတိုင်းပဲ ရောင်းနေတာလား။ ဂျင်းထည့်လို့ ရတာပဲဆိုပြီး ပိုတင်ထားတာလား ဆိုတာလည်း ကျနော် မသိပါဘူး။
သို့သော် ကျနော် သိတာတစ်ခုက ငွေဆောင်ကမ်းခြေမှာ ပုဇွန်ကင်တစည်းကို ၁၀၀၀ ဆိုတာဟာ သာမာန် ဝင်ငွေ အသင့်အတင့်ရှိသူတွေအတွက် ဈေးဆစ်ချဖို့တော့ မလိုလောက်ဘူး ဆိုတာပါ။ ပုဇွန်တွေလဲ အကောင်ကြီးပြီး လတ်ပါတယ်။
သူတို့နှစ်ယောက်ကို ကြည့်ရင်း ရယ်ကြဲကြဲဖြစ်နေတဲ့ ကျနော့်ကို ဈေးဆစ်နေတဲ့ သူငယ်ချင်း မျိုးမင်းက လှမ်းကြည့်ပါတယ်။ သဘောကတော့ "ဈေးဆစ်တာ မှားနေလို့လား" ပေါ့ ။
"ဝယ်လိုက်ပါကွ တန်ပါတယ်။ ငါလည်း မနေ့ညက အဲ့ဒီဈေးနဲ့ပဲ ဝယ်စားတာ" ဆိုပြီး လှမ်းပြောတော့မှ ထပ်မဆစ်တော့ဘဲ ဝယ်လိုက်ပါတော့တယ်။ အဲ့ဒီအခါကျတော့လည်း မျိုးမင်း သဘောကောင်းချက်က ပြန်အမ်းတဲ့ ပိုက်ဆံကိုတောင် မယူတော့ပါဘူး။
“ကျေးဇူးပါရှင့်” လို့ ရေရွတ်ရင်း ဈေးသည်ညီမလေးက မစည်းဘဲလွတ်နေတဲ့ ပုဇွန်ကင် ၂ကောင်ကိုပါ ပေးနေလေရဲ့။
သြော် အေးချမ်းသွားလိုက်တဲ့ မြင်ကွင်းလေး။

ဟုတ်ပါတယ်။ ကားတွေ ရထားတွေနဲ့ ခရီးတွေ ထွက်ကြတဲ့အခါ ဒေသထွက်ကုန်တွေကို ဒေသခံတွေဆီကနေ အားပေးတာဟာ အဲ့ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လှမ်းကနေ ကူညီရာ ရောက်ပါတယ်တဲ့။
ကျနော် ခရီးထွက်တဲ့အခါတိုင်း အဲ့ဒီစကားလေးကို အမြဲ ကြားယောင်နေလေ့ ရှိပါတယ်။
ခရီးတစ်ထောက်နားလို့ ကားကိုထိုးရပ်လိုက်တိုင်း ဝိုင်းအုံလာတဲ့ ကိုယ့်ညီအရွယ်၊ ညီမအရွယ်၊ အမေ အရွယ်၊ အဘွားအရွယ်၊ သားသမီးအရွယ်၊ တူမအရွယ် စသဖြင့် သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ ဈေးဗန်းကြီးတွေ တောင်းတွေပလုံးတွေနဲ့ နေလောင်ခံထားရတဲ့ အသားအရည် ညိုမောင်းမောင်းတွေနဲ့၊ ခပ်နွမ်းနွမ်းအင်္ကျီလေးတွေနဲ့ ဈေးသည်တွေကိုတွေ့မိတိုင်း စိတ်ထဲမှာ အတော် မကောင်း ဖြစ်မိပါတယ်။
25-3.jpg
Images Credit - Original Source
" ဘီယာတ၀ိုင်းထိုင်ရင်တောင် ကုန်သေးတာပဲကွာ"။ ကလပ် တစ်ညသွားရင် ဘယ်လောက် ယူသွားရသလဲ ရောက်ဖူးတဲ့ သူတွေအသိဆုံး"။ "မင်းဝတ်ထားတဲ့ အင်္ကျီကို မြန်မာငွေနဲ့ မြှောက်ချ လိုက်ရင် ဘယ်လောက်ကျလဲ " စသဖြင့် တွေးမိလိုက်တဲ့အခါ သူတို့ဆီမှာ ဈေးဝယ်မိတိုင်း ထိုင်ဆစ်နေတာဟာ ဖြစ်သင့် သေးရဲ့လားပေါ့။
နေကာမျက်မှန်ကြီးတွေ၊ ဝတ်ကောင်းစားလှတွေ၊ ကင်မရာကြီးတွေနဲ့ ကြွကြွ ရွရွ ဆင်းလာကြတဲ့ ကျနော်တို့လို ခရီးသွားတွေဟာ သူတို့လေးတွေအတွက် မျှော်လင့်ချက်၊ လှမ်းကြည့်ပြီး လက်ယှက် ခေါ်လိုက်မယ့် လက်အစုံဟာ သူတို့လေးတွေအတွက် အိပ်မက်၊ ကျနော်တို့ အိတ်ထဲက အကြွေ အနှုတ်လေးတွေဟာ သူတို့ ဘဝအတွက် ရည်မှန်းချက်တွေပါ။
25-4.jpg
Images Credit - Original Source
တစ်ခါတစ်လေလည်း ရှိမှာပေါ့။ သူတို့တွေ ထဲမှာလည်း စုန်းပြူးလေးတွေ။ အရည်အသွေး မမှန်တဲ့ ပစ္စည်းတွေ ရောင်းတာတို့၊ ဈေးကိုအဆမတန် တင်ပြီး ဂျင်းထည့်တာတို့ စသဖြင့်။
ဒါပေမဲ့ ကျနော်ကတော့ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းကို သူတို့ဆီမှာရှိနေရင် တချက်ကြည့်လိုက်တယ်။ ပစ္စည်းက အဆင်ပြေတယ်ဆိုရင် ဈေးကိုသိပ်ပြီး ဆစ်မနေတော့ဘူး။ သိပ်မများရင် ဝယ်ချလိုက်တာပဲ။ တခါတလေ မလိုလည်း ဝယ်ချလာခဲ့ လိုက်တာပဲ။ ပြန်ရောက်လာရင် ကိုယ့်မှာ အထုပ်တွေ အပိုးတွေ နဲ့ စုံလို့ ။
ကိုယ်က ဝယ်လိုက်တဲ့အခါ ရောင်းလိုက်ရလို့ဆိုပြီး ပြုံးပျော်သွားကြတဲ့ သူတို့ကိုကြည့်ရတာ ကိုယ်လည်း အရမ်းပီတိ ဖြစ်ရတယ်။ အဲ့လိုအခါများ နည်းနည်းလောက် စကား စလိုက်ရင် သူတို့က ပြောပြကြတော့တာပဲ။ "ဒီမှာဘယ်နေရာတွေ လည်စရာရှိတယ်။ ဘယ်ဆိုင်မှာ စားလို့ကောင်းတယ် ။ ဘယ်လမ်းကို ဘယ်လို သွားရတယ်။ သူတို့က ဘယ်ရွာမှာနေတယ် စသဖြင့် ရွှန်းရွှန်းကိုဝေလို့"။
တခါတလေ ယုံကြည်နေမိတယ်။ ကျနော်တို့ အိတ်ထဲက ငါးရာတန် တစ်ရွက်ဟာ ရိုးရိုးသားသားနဲ့ ဈေးရောင်းနေရှာတဲ့ ညီမငယ် တစ်ယောက် ကေတီဗီ နဲ့ မာဆတ် ရောက်သွားပြီး ကြယ်စင် တို့၊ စနိုးတို့လို နာမည်တွေရလာမယ့်အဖြစ်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင် လိမ့်မယ် လို့ပေါ့။

ငွေဆောင်အပိုင်းအစ
@kyawhlaing

Sort:  

ကချစ် နာ ပုစွန်တွေ စားချင်တယ် ဒါထက် ငါလဲ ဈေးမစစ်တတ်ဘူးဟာ တချို့ကလဲ စစ်နိုင်မှ အခြေကြေည့်ရမာပဟ နော့ ဒါထက် နိ ပုံတေ တင်ဖို့ ကျန်ခဲ့သလိုဖဲ ဟိ😉😉

စာရေးဖို့တွေးနေတုန်း

ဥဥ 😂😂😂

တခါတလေကျတော့လဲ ချဉ်သီးပင်အောက် ချဉ်သီးရှားတာကြုံဖူးပါတယ်ရှင်

ဟုတ်ပါတယ်ဗျာ

ပုဇွန်​​တွေစားချင်​လိုက်​တာ။ရေးထားတာအရမ်း​ကောင်းပါတယ်​ရှင်​။တချို့လူ​တွေချမ်းသာရက်​နဲ့ဘာမဟုတ်​တဲ့ကင်​ဇွန်းရွက်​ဝယ်​တာကို​ဈေးဆစ်​​နေတာမြင်​ဖူးပါရဲ့။

ဟုတ်ပါ့ဗျာ၊ တော်တော်ခက်တဲ့လူတွေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရေးထားတာ ကောင်းတယ်ကိုချစ်ရေ

ကျေးဇူး ကိုမြင့်ရေ

သူ‌ဌေးမကြီး‌တွေ ကို ‌တွေ့ဘူးတယ်‌။ ‌ကန်‌စွန်းရွက်‌သည်‌ ၊ဟင်းသီးဟင်းရွက်‌ သယ်‌‌တွေကို ‌ဈေးစစ်‌‌နေတာ မြင်‌လို့‌တောင်‌ မ‌ကောင်းဘူး။

ဟုတ်တယ်ဗျာ ဘာမှမဟုတ်တာလေးတွေကိုလည်း ဈေးဆစ်ကြတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60785.45
ETH 1557.47
USDT 1.00
SBD 0.47