အောင်​မြင်​မှုနဲ့​ဝေး​စေမယ့်​အ​တွေး

in #myanmar7 years ago (edited)

image
လူ​တော်​​တော်​များများ ချမ်းသာကြွယ်​၀ချင်​ပါလျက်​နဲ့ ဆင်းရဲတွင်းထဲကမတက်​နိုင်​တာ ချမ်းသာကြွယ်​၀​ရေးအ​ပေါ် အာရုံစိုက်​ထားရမယ့်​အစား ဆင်းရဲတာကိုပဲလက်​ခံ အာရုံစိုက်​နေလို့ဖြစ်​ပါတယ်​။ ယုံကြည်​မှု​တွေရှိရမယ့်​အစား သံသယ​တွေပဲရှိ​နေကြလို့ ဖြစ်​ပါတယ်​။ သံသယအ​တွေး​တွေ၊ စကားလုံး​တွေဟာ ​အောင်​မြင်​မှုနဲ့​ဝေး​စေမယ့်​အရာ​တွေဖြစ်​ပါတယ်​။
"ဖစ်​မှဖြစ်​ပါ့မလား''
''ရှုံးသွားရင်​ ဘယ်​လိုလုပ်​မလဲ''
''ငါ​တော့ ချမ်းသာမယ့်​ထဲမှာ ပါမှာမဟုတ်​ပါဘူး
''​ငွေရဖို့ဆိုတာ ခက်​တယ်​၊ ချမ်းသာဖို့ဆိုတာ လွယ်​တာမှတ်​လို့''
''ရိုးရိုးသားသားရှာတဲ့သူက​တော့ ဆင်းရဲမှာပဲ၊ ဆင်းရဲတာကို ငါဂုဏ်​ယူတယ်​''
''မချမ်းသာရင်​​နေပါ​စေ၊ မဆင်းရဲရင်​ ​ကျေနပ်​ပါပြီ'' ဟူ​သော အ​တွေးများသည်​ ကြီးပွားချမ်းသာ​ရေးကို ​ဘောင်​ခတ်​ပြီး ကန့်​သတ်​လိုက်​ခြင်​ပင်​ဖြစ်​ပါသည်​။
အောင်​မြင်​မှုဆိုတာ အကန့်​အသတ်​မရှိပါဘူး။ ကိုယ့်​အ​တွေး​တွေကသာ ​အောင်​မြင်​မှုကို ကန့်​သတ်​လိုက်​တာပါ။ ​လောကရဲ့ သဘာဝက "မဖြစ်​နိုင်​ဘူး" လို့ထင်​ရင်​ မဖြစ်​ပါဘူး။" ဖြစ်​နိုင်​တယ်​" လို့ထင်​ရင်​ ဖြစ်​ကိုဖြစ်​ပါတယ်​။ အဓိကက​တော့ "စိတ်​" ပဲ ဖြစ်​ပါတယ်​။
အောင်​မြင်​ချမ်းသာသူ​တွေဟာ ဆုံးရှုံးနိုင်​မဲ့အန္တရာယ်​တွေကို ကြိုတင်​တွက်​ဆတယ်​၊ ကာကွယ်​မှု​တွေပြုလုပ်တယ်​၊ စွန့်​စားမှုနည်းနည်းနဲ့ ရင်းနှီးမြုတ်​နှံနိုင်​​အောင်​ အစီအစဉ်​​ကောင်း​တွေ ချမှတ်​တတ်​ကြပါတယ်။ စီမံကိန်း​ကောင်း​ကောင်း​တွေကို လက်​ကိုင်​ထားတတ်​ကြပါတယ်​။ ဘယ်​​တော့မှ "မဖြစ်​နိုင်​ဘူး" လို့ မ​တွေးပါဘူး၊ "ဖြစ်​​အောင်​ ဘယ်​လိုလုပ်​ရင်​ရမလဲ" ဆိုတာကိုသာ အာရုံစိုက်​ပါကြတယ်​။
steemit ချစ်​သူမိတ်​​ဆွေများလည်း သံသယအ​တွေးများကိုဖယ်​ရှားကာ ခရီးဆက်​​လျှောက်​ရင်း အကန့်​အသတ်​မဲ့​အောင်​မြင်​မှုရကြပါ​စေဗျာ
image
@kyawhlaing

Sort:  

တကယ်​ဖြစ်​ချင်​ တကယ်​လုပ်
အဟုတ်​ဖြစ်​ရမည်​ ဆိုသည့်​အတိုင်း
စိတ်​ကိုဖြစ်​ရမည်​ဟု စိတ်​ကိုဆုံးဖြတ်​နိုင်​ကြပါ​စေ။

ဟုတ် ကျေးဇူးပါ

မဖြစ်သေးရင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေ ပိုင်ဆိုင်ထားရင် အောင်မြင်လာကြမှာပါဗျ

မှန်တာပေါ့ဗျာ

လောကတွင် လူတွေ ဆင်းရဲရခြင်းအကြောင်းထဲမှ အောင်စိတ် မရှိခြင်းသည် အရေးကြီးသော အချက် ဖြစ်ပေမည်။

အမှန်ပါပဲ

အတွေးလေး တစ်ချက်မှားတာ့ ခံစားလိုက်ရတာက တစ်နှတြစ်ပိုး

သတိထားစရာပေါ့

steemit မှာလုပ်ကိုင်နေကြတဲ့သူတွေအကုန်လုံးတွက်အကျိုးရှိစေတဲ့post ကောင်းတစ်ခုပါ

ဖတ်ပေးတာကျေးဇူးပါ

This post has received a 1.36 % upvote from @booster thanks to: @kyawhlaing.

This post has received gratitude of 1.82% from @appreciator courtesy of @kyawhlaing!

သံသယ က အကုန်​ဖျက်​စီးတတ်​တယ်​ဗျ
ကောင်းတယ်​ bro.

ဟုတ်တာပေါ့ဗျာ

ကောင်းပါတယ်​သံသယကရည်​မှန်းချက်​ကိုပျက်​ပြား​စေနိုင်​ပါတယ်

You got a 2.27% upvote from @buildawhale courtesy of @kyawhlaing!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 76027.52
ETH 2923.44
USDT 1.00
SBD 2.62