အတိတ်က သျှစ်သောင်းဘုရားပွဲ (၃)

in #myanmar6 years ago

အဖိုးပြောပြသော မြောက်ဦးမြို့အကြောင်း
ကျွန်တော်တို့ရောက်ခဲ့စဉ်က အဖိုး အသက် ၇၀ ကျော်နေပါပြီ၊ မြောက်ဦးမြို့ရှိ ထင်ရှားသော သျှစ်သောင်းဘုရားဂေါပက၊ ဘုရားပေါ်ဘုရားဂေါပက၊ လောကမာရ်အောင်ဘုရားဂေါပက၊ စန္ဒမုနိဘုရားဂေါပက တာဝန်များကိုယူထားသည်။ ဘုရားသမိုင်းတော်တော်များများကို သိထားပြီး ခုနှစ် သက္ကရာဇ်ကအစ ပြောပြနိုင်တယ်။ ကျွန်တော်မြောက်ဦးကို ပထမဆုံးရောက်တဲ့နေ့ညမှာပဲ အိမ်ရှေ့မှာဖျာခင်းပြီး ကျွန်တော်တို့ လူငယ်များကို မြောက်ဦးမြို့သမိုင်းကြောင်းများ ပြောပြပါတယ်။
A.jpg
Images Credit - Original Source
မြောက်ဦးမြို့ကို ရှေးအခါက မြို့ဟောင်းမြို့ဟုခေါ်တယ်။ မြို့တော်၏ အကျယ်အ၀န်းဟာ ၁၂၀၀၀၀ ဧကအထိရှိလာသည်ဟု ဆိုပါတယ်။ မြို့ဟောင်းမြို့မှ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေးဗီးယား၊ ပါးရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ဆန်စပါး၊ ဆင်၊ ကျွဲနွား၊ ကျေးကျွန်၊ ဆင်စွယ်၊ မြင်း၊ ချည်မျှင်၊ ဟင်းခတ် အမွှေးအကြိုင်စသည်များ ကူးသန်းရောင်းဝယ်မှုများ ပြုခဲ့ကြတယ်။
ထိုခောတ်ထိုအခါက ဒါကာနဲ့စစ်တကောင်း အပါအ၀င် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ် တစ်ဝက်၊ ယခုလက်ရှိ ရခိုင်ပြည်နယ်တ၀ှမ်းနဲ့ မြန်မာပြည်အောက်ပိုင်းတခွင်အထိ ရခိုင်ဘုရင်၏ အာဏာစက် သက်ရောက်ခဲ့တယ်။ ရှေးခေတ်က ဓည၀တီရခိုင်မြို့ဟူ၍၄င်း၊ မြို့ဟောင်းမြို့ဟူ၍၄င်းတွင်ခဲ့ပြီး ရခိုင်မင်းအဆက်ဆက်တို့ နန်းစိုက်ရာမြို့တော်ဖြစ်တယ်။ မြောက်ဦးမြို့တော်မှာ နန်းတော်အမှုထမ်းများနဲ့ စစ်သေနာပတိများသာ နေထိုင်ခဲ့ကြတယ်။ ထီးနန်းစိုးစံခဲ့ချိန်က လူနေရပ်ကွက် အဆောက်အဦးများကို တည်ဆောက်နေထိုင်ခွင့် မပြုခဲ့ပေ။ ထိုအကြောင်းအရာများကို ၂၁-ရာစုနောက်ပိုင်းမှာ မွေးဖွားလာသော လူငယ်များအား ပြောပြရင် ယုံနိုင်ဖွယ်တောင်မရှိ။ ကျွန်တော်တို့လည်း အံ့သြခဲ့ရပါတယ်။ သို့သော် ဒါသည် အမှန်တရားပင်။
B.jpg
Images Credit - Original Source
ရှေးရခိုင်မင်းတွေဟာ မင်းကျင့်တရားဆယ်ပါးနဲ့အညီ တိုင်းပြည်ကိုအုပ်ပြီး သဒ္ဓါတရားလည်းပြည့်စုံကြတယ်။ မြို့အနှံ့ နေရာအများအပြားတွင် ဘုရားပုထိုးများစွာ တည်ထားကိုးကွယ်ခဲ့ကြတယ်။ သျှစ်သောင်းပုထိုးတော်ကြီး၊ အံတော်သိမ်၊ ထုက္ကံသိမ်ပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ မာန်ငါးပါး စေတီပုထိုးများအပြင် နန်းတော်ရာ၊ မြို့တံတိုင်းပျက်များကို ယခုတိုင် တွေ့မြင်နိုင်ဆဲဖြစ်ပါတယ်။
မြောက်ဦး (မြို့ဟောင်းမြို့)သည် ကုလားတန်မြစ်၏ လက်တက်တစ်ခုဖြစ်သော ရွှေနတ်ပြင်ချောင်းကမ်းပါတွင် တည်ရှိပါ၏။ သင်္ဘောဆိုက်ကပ်သောအခါ သင်္ဘောဆိပ်မှာ မြို့နှင့်အတန်ငယ်ကွာသဖြင့် သင်္ဘောဆိပ်မှတဆင့် မြို့ဟောင်းမြို့တွင်းသို့ ကူတိုးတတန်ထပ်ကူးရတယ်လို့ ဆိုပါတယ်။ (ယခုကားထိုနေရာကို တံတားထိုးထားလေပြီ) ထိုမှတဖန် မိုင်ဝက်ခန့် ကုန်းကြောင်းလျှောက်သွားမှ မြို့ဟောင်းမြို့တွင်းသို့ ရောက်တယ်။ မြို့အနေအထားမှာ သဘာဝအားဖြင့် ချောင်းမြောင်းများဖြင့် ရစ်သန်းနေသ၍ လုံခြုံလှပေတယ်။ မြို့တစ်ဖက်တွင် လွင်ပြင်ကြီးရှိ၍ ထိုလွန်ပြင်ကြီးကိုကျော်လွန်သောအခါ တောင်တန်းတောင်ရိုးများ ပိတ်ဆီးကာရံလျက်ရှိပေသည်။
ရာဇ၀င်ထဲက မြို့ဟောင်းမြို့ကား အဆန်းတကြယ်ပင်။ မြို့မျက်နှာပြင်ဟာ မြေညီမြေပြန့်မဟုတ်ဘဲ တောင်ကုန်း တောင်ပူစာတို့ဖြင့် အလွန်သာယာပြီး ရာသီဥတုညီမျှတယ်။ နန်းတော်သည် ကုန်းမြင့် (တောင်ညိုကုန်းထိပ်)တွင် ရှုမောဖွယ်ရာ ခန့်ညားထည်ဝါခဲ့တယ်။
C.jpg
Images Credit - Original Source
C 2.jpg
Images Credit - Original Source
မြို့ဟောင်းမြို့ကို မင်းနေပြည်တော်အဖြစ် ဦးစွာတည်ထောင်သူမှာ ပဲဖြူမင်းဖြစ်ပါတယ်။ ပဲဖြူမင်းသည် ဝေသာလီကိုစွန့်၍ မြို့ဟောင်းမြို့ကို မြို့ပြ ဗိသုကာအဆောက်အဦး၊ ကျောက်ဆစ်လက်ရာ၊ ပုထိုး၊ ကျောက်စာနှင့် ပင်မထီးနန်း၊ ယာယီနန်း၊ တောင်/မြောက် မြင့်မိုရ် နန်းနဲ့ ကျောင်းသင်္ခန်းများအပြင် သူရဲပြေး၊ သူရဲခို၊ ကျူံး၊ ရင်းတား၊ ခံတပ် စတဲ့ မြို့တော်တစ်ခု၏ အင်္ဂါရပ်များနဲ့ ပြီးပြည့်စုံအောင် တည်ထောင်ကာ သက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်ထိ စိုးစံခဲ့တယ်။
D.jpg
Images Credit - Original Source
ထိုနောက် မင်းစောမွန်သည် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ထီးနန်းကို ဆက်ခံစိုးစံခဲ့၍ ၇၆၈ ခုနှစ်တွင် လောင်းကြက်မြို့ကို မြန်မာတို့ သိမ်းယူကြတယ်။ ထို့နောက် မွန်တို့တိုက်ခိုက်ကြပြန်ရာ ရခိုင်နိုင်ငံသည် ဖရိုဖရဲဖြစ်ကာ မင်းစောမွန်သည်လည်း အနောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာမှ သူရတန်မင်း အကူအညီဖြင့် ထီးနန်းပြန်ရသောအခါ သက္ကရာဇ် ၇၉၂ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် မြောက်ဦးမြို့ကိုတည်ထောင်တယ်။ ရာဇ၀င်တွင် ပဲဖြူမင်း ပထမမြောက်ဦးမြို့တည်သည်ကို မရေတွက်ဘဲ မင်းစောမွန်ကိုသာ ပထမမြောက်ဦးမြို့တည်မင်းဟု ရေတွက်ပါတယ်။ ထိုမင်းမှစ၍ မင်ပေါင်း ၁၂ ပါး ဆက်လက်စိုးစံခဲ့ရာ မင်းခေါင်ရာဇာ လက်ထက်အထိ စည်ပင်လာခဲ့ပါတယ်။
H.jpg
Images Credit - Original Source
မင်းခေါင်ရာဇာ၏ သားတော် သံတွဲစား မင်းဘာကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ်တွင် နန်းတက်ပြီး မြောက်ဦးမြို့တော်ကို ထပ်မံ၍ အကြီးအကျယ် တည်ဆောက်ပြုစုတယ်။ မင်းဘာကြီးမှစ၍ မင်းဆက် ၉ ဆက် ဆက်လက်အုပ်စိုးလေရာ မင်းစနေလက်ထက် တိုင်လေသည်။ မင်းစနေ နတ်ရွာစံသော် မင်းဘာကြီး၏မြစ် နရပတိမင်းမှစ၍ မင်းပေါင်း ၂၈ ဆက် ဆက်လက်အုပ်စိုးပြန်ရာ သက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလ်လဆုတ် ၇ ရက်နေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားက သိမ်းယူလေတယ်။
ရာဇ၀င်သမိုင်းကြောင်းများကို စီကာပတ်ကုံးပြောပြနေသော အဖိုးရဲ့ အသံဟာ တိမ်ဝင်သွားပြီး ခနရပ်ဆိုင်းသွားတယ်။ စိတ်ဝင်တစားနားထောင်နေကြတဲ့ ကျွန်တော်တို့အထဲမှ မောင်လှတင်က " ဆက်ပြောလေ အဖိုး " လို့ပြောလိုက်မှ " အဟမ်းး …အေး အေး ပြောပြမယ်၊ မင်းတို့သေချာနားထောင်နော်၊ မအိပ်ကြနဲ့ " ဆိုပြီး ရေနွေးကြမ်းတငုံမောသောက်ကာ ဆက်ပြောပြပါတယ်။
J.jpg
Images Credit - Original Source
ရခိုင်းဘုရင် စစ်ရှုံး၍ နန်းတော် အမှုထမ်းများလည်း မြောက်ဦးကိုစွန်းခဲ့ကြပြီး ကျန်ရစ်သူများဟာလည်း ကွပ်မျက်ခံခဲ့ရတယ်။ ထီးနန်းမဲ့ တော်ဝင်ဆွေတော်မျိုးတော်များ မရှိတော့တဲ့ စစ်ရှုံး-မြောက်ဦးဟာ ဆိတ်သုံးခဲ့ရပြီး နေထိုင်ရဲသူ မရှိတော့ပါ။ ထိုနှစ်မှစ၍ ဘိုးတော်ဘုရားက မြောက်ဦးမြို့မှာ မြို့ဝန်များခန့်၍ အုပ်စိုးစေခဲ့တယ်။ ပထမမြို့ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ နန္ဒပကြန်။ နန္ဒပကြန်၏နောက် မြို့ဝန် ၈ ဦး ဆက်လက်အုပ်ချုပ်ခဲ့တယ်။
ခရစ် ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အတွင်း အင်္ဂလိပ်စစ်ဗိုလ်ကြီး မော်ရစ်ဆန်၏ စစ်တပ်များဟာ မြို့ဟောင်းမြို့၌ စခန်းချရာ အဖျားရောဂါဖြင့် စစ်သားများစွာ သေဆုံးရုံမက စစ်ဗိုလ်ချုပ်ကိုယ်တိုင်လည်း မကျမ်းမာ၍ ပြန်ရသဖြင့် လမ်းခရီးတွင် ကွယ်လွန်သွားတယ်။ ထိုစစ်အပြီးတွင် စစ်တွေမြို့ကိုတည်၍ မြို့တော်ကို ပြောင်းရွှေ့လိုက်တယ်။
စစ်ပွဲလွန် အာရုဏ်ဦးကာလတွေမှာ ရခိုင်လူမျိုးများ တစတစ ပြန်လည်နေထိုင်လာခဲ့ကြပါတယ်။ ယဉ်ကျေးမှုမရှိ၊ ဥပဒေမရှိ၊ အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်မှုများ မရှိတဲ့ စစ်ခေတ်ကြီးမှာ အဆင်ပြေသလို စုဝေးနေထိုင်ရာက ကျေးရွာ ရပ်ကွက်သစ်များနဲ့အတူ စည်ပင်လာခဲ့ပါတယ်။ ဒါကြောင့် ယခင် “နန်းမြို့တော် မြောက်ဦး” မြို့တည် ဖွဲ့စည်းပုံများနဲ့ ယခု မြောက်ဦးမြို့ဖွဲ့စည်းပုံ သွင်ပြင်လက္ခဏာ ကွဲပြားနေတာ ဖြစ်ပါတယ်။
K1.jpg
Images Credit - Original Source
အသွင်ပြောင်းသွားတဲ့ “မြောက်ဦး” မှာ ယဉ်ကျေးမှုသစ်၊ အမွေအနှစ်သစ်တို့နှင့် နေထိုင်သူများလည်း ရောယှက်လာကြတယ်။ ဒီကနေ့ ထင်ရှားနေတဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းအပြင် ချူံနွယ်များအောက်က လူသူအရောက်ပေါက်နည်းလွန်းတဲ့ တောတောင်နံရံ မြေသားတွေမှာ မြောက်ဦးရဲ့ အမွေအနှစ်တွေ အများအပြား ရှိနေပါတယ်။
"ကဲ ကဲ… ပြောတာလည်းများသွားပြီ၊ ညည့်လည်းနက်ပြီ၊ ငါ့မြေးတို့ အိပ်ကြတော့" ဟု အဖိုးက ရေနွေးခွက်ကိုလှမ်းယူရင်း မြောက်ဦးမြို့အကြောင်းကို အဆုံးသတ်လိုက်ပါတယ်။
L.jpg
Images Credit - Original Source
ဒီလို ယဉ်ကျေးမှုသစ်၊ အမွေနှစ်သစ်တွေနဲ့ ရောပြွန်းနေတဲ့ မြောက်ဦးနန်းမြို့ကို အလည်သက်သက်ဖြစ်ဖြစ် ရှေးဟောင်း ဗိသုကာလက်ရာများနှင့် သမိုင်းအမွေအနှစ်တွေကို စိတ်ဝင်စားလို့ လေ့လာလို၍ဖြစ်ဖြစ် အခါအခွင့်သင့်ရင် အရောက်လာခဲ့ကြပါလို့ ဖိတ်ခေါ်ရင်းး

@kyawhlaing
MSC-015

Sort:  

သွားချင်​တယ်​ဗျ

သွားလိုက်ပါဗျာ ၂၉ ရက်နေ့ ဘုရားပွဲရှိတယ်

တ​ခေါက်​​လောက်​​တော့​ရောက်​​အောင်​သွားဦးမယ်​။

ဟုတ် သွားကြည့်ပါ

ရှေးရခိုင်မင်းတွေရဲ့ အငွေ့အသက် တွေ ကိုယ်တိုင်ခံစားကြည့်ချင်လိုက်တာ
ရခိုင်ဘက်ကိုမရောက်ဖူးသေးဘူး

ခုဆို ကားနဲ့ရော သင်္ဘောနဲ့ပါ သွားလို့ရနေပါပြီ

ဟုတ်ကဲ့

တော်​​တော်​​လေ့လာခဲ့တာပဲ

အင်း သမိုင်းတွေ လေ့လာဖို့လိုနေပါသေးတယ်ဗျာ

တကယ့် အမွေနှစ်နေရာတစ်ခုပါ။မရောက်ဖူးသေးဘူး။

လာခဲ့လေ ကိုမြင့်

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မြောက်ဦးကိုရှေးဟောင်းကမ္ဘာ့အမွေအနစ်အဖြစ်သတ်မှတ်မယ်လို့ ကြားပါတယ်။

ဟုတ် ရှေးဟောင်းအမွေအနှစ်ဇုံသတ်မှတ်ဖို့လုပ်နေကြပါတယ်

သျှစ်သောင်း ကိုးသောင်းဘုရားတို့ကို ဦးခိုက်ဖူးပါသည်။ရခိုင်စကားကိုလည်း ရေလည်အောင်ပြောတတ်ခဲ့ပါတယ်

aww ရခိုင်မှာ ကြာကြာနေဖူးပုံပဲ

ငါးနှစ်ကြာနေခဲ့ဖူးပါတယ်ဗျာ...

မြောက်ဦးမြို့အကြောင်း ဗဟုသုတရပါတယ်။

ဖတ်ပေးတာကျေးဇူးတင်ပါတယ်

ရောက်ဖူးအောင်သွားအုံးမယ်

သွားစေသတည်း

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63277.21
ETH 2487.51
USDT 1.00
SBD 2.71