အလုပ်+၀ါသနာ+steem

in #myanmar7 years ago

download (2).jpg
အလုပ် အလုပ် လူတိုင်းလုပ်နေရတဲ့အလုပ်
လူရယ်လို့ဖြစ်လာရင် အလုပ်လုပ်ရမှာ ဘ၀ပေးတာဝန်ပါပဲ။ မိမိဘ၀အတွက် အလုပ်ကိုယ်စီလုပ်ကြရာဝယ် တစ်ယောက်နဲ့တစ်ယောက် ခံယူချက် ရည်မှန်းချက် မျှော်လင့်ချက်တွေ မတူညီနိုင်သလို ရလာဒ်လည်း တူညီကြမှာမဟုတ်ပါဘူး။
တချို့ကလည်း ကိုယ်ဝါသနာပါတာကိုလုပ်လို့ ဆိုကြတယ်။ တချို့တွေကလည်း အလုပ်ရွေးမနေနဲ့ ရတဲ့အလုပ်သာဝင်လုပ်၊ ၀ါသနာထက် ရေရှည်ရပ်တည်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။
ဆယ်တန်းပြီးတဲ့ သူတစ်ယောက်ကို ဘာဝါသနာပါလဲလို့ မေးလိုက်ရင် အင်း…. အဲ…ဖြစ်သူကဖြစ်၊ မဟုတ်ရင် ငယ်ငယ်က သင်ပေးထားတဲ့အတိုင်း ပြောတာတွေလည်း အများကြီးပါ။
ဝါသနာဆိုတာ ပြောင်းလဲတတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ၀ါသနာပြောင်းသွားတတ်ပါတယ်။ ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားရတာ ၀ါသနာပါပေမယ့် ကြီးလာတဲ့အခါ စစ်တိုက်ရတာ မကောင်းဘူးလို့ အမှန်တရားကို နားလည်လာတဲ့အချိန်မှာ ၀ါသနာပါတော့မှာ မဟုတ်ပါဘူး။
ဆရာဝန်လုပ်ချင်တယ်၊ ဆရာဝန်လုပ်ရတာ ၀ါသနာပါတယ်ဆိုတဲ့ လူတစ်ယောက်ဟာ အမှတ်မမီတဲ့အခါ သူတို့ဘ၀ကြီး အလကားဖြစ်သလိုခံစားသွားရတဲ့သူတွေလည်းရှိကြတယ်။ သူတို့ရဲ့ဝါသနာ ပျက်စီသွားပြီ သူတို့ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတော့ဘူးဆိုပြီး ရှေ့ဆက်ရမဲ့ဘ၀တွေကို ထိမ်းချုပ်ခံလိုက်ရသူတွေလဲ တွေ့ခဲ့ဖူးပါတယ်။
အဲတော့ " မကြောက်ပါနဲ့၊ မိမိဝါသနာပါတာကို မိဘနဲ့ဆွေးနွေးတိုင်ပင်ပါ။ ကျောင်းတက်ခြင်းဟာ ဘွဲ့ရဖို့အတွက်၊ အလုပ်ရဖို့မဟုတ်ဘူး။ အလုပ်ရဖို့က ပညာလိုပါတယ်။"
ဝါသနာပါတိုင်းလည်း ၀မ်းရေးအတွက်မဟုတ်တဲ့ ၀ါသနာတွေလည်းရှိအများကြီးရှိပါတယ်။ ဥပမာ- ခုခေတ်မှာ game ကစားတာတွေ၊ ၀ါသနာပါတာက ဂိမ်းကစားတာ၊ ဒါပေမေ့ ဂိမ်းကစားတာဟာ ဘ၀ရပ်တည်ဖို့ ၀င်ငွေမရှိပြန်တော့ ၀ါသနာပါပေမေ့ အလုပ်အတွက် စွန့်လွှတ်ရမှာပဲ။ ၀ါသနာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ် တထပ်တည်းကျဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် ၀ါသနာဆိုတာ အားတဲ့အချိန်မှာ စိတ်အပန်းဖြေဖို့အတွက်သာ အသုံးပြုရတဲ့အရာဖြစ်သွားတယ်။ တချို့ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေတဲ့ သူတွေလည်း ရှိကြပါတယ်။ ဒါပေမေ့ လူတိုင်း အဲလိုကံမကောင်းနိုင်ပါဘူး။
srs-jobmanager-young-pretty-business-woman-trnsp2-750x600.png
တခါတခါ ၀ါသနာပါတဲ့အလုပ်ကိုရဖို့အတွက် ၀ါသနာမပါတဲ့အလုပ်မှာ ရတုန်းခဏ၀င်လုပ်ပြီး အခွင့်အရေးစောင့်ရတာလည်းရှိတယ်။ ငါဝါသနာပါတာပဲလုပ်မယ်ဆိုပြီး ခေါင်းမာနေရင်တော့ အလုပ်တစ်ခုရဖို့ နှစ်နဲ့ချီပြီး ကြာသွားတတ်ပါတယ်။ နှစ်နဲ့ချီကြာသွားတာက အရေးမကြီးဘူး။ အရေးကြီးတာက depression ပါ။ ကိုယ်နဲ့ရွယ်တူတွေ ကျောင်းနေဖက်သူငယ်ချင်းတွေ အလုပ်လုပ်နေကြပြီ၊ ကိုယ်က အလုပ်မရ၊ အလုပ်မရှိ၊ အလုပ်လက်မဲ့ဖြစ်နေပြီး ၀င်ငွေမရှိ၊ ဖုန်းဘေလ်ထည့်ဖို့တောင် မိဘဆီမှ လက်ဖြန့်တောင်းရတဲ့အခါမှာတော့ depression စ၀င်လာတတ်ပါတယ်။ depression ၀င်လာပြီဆိုလျှင် ပတ်ဝန်းကျင်နှင့် အဆင်အပြေတာတွေ ပေါ်လာပြီး ကိုယ့်ကိုယ်ကိုလည်းအကျိုးမပြု ပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးတဲ့စိတ်အခြေအနေကို ရောက်လာတတ်ပါတယ်။ ဒါကြောင့် လက်ရှိ Trands နဲ့ပတ်သက်တာကို အလုပ်ရဖို့အတွက် ခဏလောက်ဖြစ်ဖြစ် သည်းခံပြီး လေ့လာတတ်ဖို့လိုသလို ၀ါသနာကိုလည်း ပြောင်းလဲသင့်ရင် ပြောင်းလဲလိုက်ရပါမယ်။ ၀ါသနာဆိုတာကလည်း ငယ်စဉ်ကသာ ဆုပ်ကိုင်ထားတဲ့ ဘ၀တွန်းအားတစ်ခုပါ။ အလုပ်လုပ်တဲ့အခါမှာ ၀ါသနာကိုအခြေခံပြီး လုပ်တဲ့သူတွေရှိသလို ကိုယ်နဲ့သင့်တော်မယ့်အလုပ်ရပြီး လုပ်တဲ့သူတွေလည်းရှိပါတယ်။ ဥပမာ- ခြေထောက်မသန်တဲ့သူတစ်ယောက် ဘောလုံးကန်တာ ဘယ်လောက်ပဲ ၀ါသနာပါပါ သူ့အနေနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ သူ့အနေနဲ့ ၀ါသနာမပါပေမဲ့ အခြားနေရာမှာ ထူးချွှန်တယ်၊ အဲဒီထူးချွှန်မှုကိုအသုံးချပြီး ကိုယ့်ဝါသနာအဖြစ် ပြောင်းလဲသင့်ရင် ပြောင်းလဲဖို့လိုပါတယ်။
အခုကျွန်တော်တို့ steem မှာ စာတွေရေးပြီး post တင်ကြတယ်။ pro တွေရ SBD တွေရတော့ အသစ်ဝင်ရောက်လာတဲ့သူတွေလည်းများလာတယ်။ ဒီထဲမှာ စာရေးတဲ့အလုပ်ကို ၀ါသနာပါတဲ့သူချည်း မဟုတ်ပါဘူး။ လူတိုင်းကတော့ ၀ါသနာပါတဲ့အလုပ်ကို လုပ်ချင်ကြတာပါပဲ။ သို့သော်လည်း ၀ါသနာပါတဲ့အလုပ်က ကိုယ့်ဘ၀အတွက် အဆင်ပြေမယ့်အလုပ်မဟုတ်ရင်တော့ ကိုယ်နဲ့သင့်တော်မယ့်အလုပ်ကို ရွေးချယ်ပြီးလုပ်ရမှာပဲ။ ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လက်ရှိလုပ်နေတဲ့အလုပ်မှာ ပျော်ဖို့၊ လက်ရှိလုပ်နေတဲ့အလုပ်ကို ကိုယ့်ဝါသနာအဖြစ် ပြောင်းလဲနိုင်ဖို့ အဓိကကျပါတယ်။
Steem Platform ပေါ်မှာလျှောက်လှမ်းနေကြတဲ့ member များအနေဖြင့် steem media သည် စာရေးပြီးတင်ရတဲ့အလုပ်ဆိုတာကို သိပြီးဖြစ်ပါလိမ့်မယ်။ စာရေးတဲ့အလုပ်ကို ၀ါသနာမပါသော်လည်း sbd ရရေးတခုကိုသာ ဦးတည်မထားပဲ မိမိရေးတင်လိုက်တဲ့ Post တခုကြောင့် စာဖတ်သူ အကျိုးတခုခုရသွားမယ်ဆိုရင် ကောင်းတာပေါ့။
13072016-Steemit-Featured.png
ဒီထက်ပိုပြီးတော့ sbd ရဖို့စာရေး၊ စာရေးရင်း sbd တွေရကာ တဖြည်းဖြည်း steem ပေါ်စာရေးရတဲ့အလုပ်ကို ကိုယ့်ဝါသနာအဖြစ် ပြောင်းလဲနိုင်ကြမယ်ဆိုရင်တော့ Myanmar Steemit Community သည် တနေ့ထက်တနေ့ ကြီးထွားလာပြီး အောင်မြင်မှုရလာမှာအမှန်ပင်ဖြစ်ပါကြောင်းးးး

@kyawhlaing
MSC = 015
Photo = google images

Sort:  

မှန်​တာ​ပေါ့ အဲ့လိုသာဆို မြန်​မာsteemit ​တွေတိုးတက်​လာကျမှာ

မြန်မာတွေအချင်းချင်းလက်တွဲပြီး အောင်မြင်အောင်လုပ်ကြတာပေါ့ဗျာ

ရေးရင်း ရေးရင်း စာရေးဆရာ အမည်နာမတပ်ခံရတော့မယ်ဗျို့

စာရေးတာတော့steemit ကြောင့်ဝါသနာပါလာပါပြီ။

ဝမ်းသာပါတယ်လိုစ့်

စာရေးဆရာတွေဖြစ်

နိက အာလူးစာရေးဆရာ ဟီးး

I got an information that writing passage,eassy,story can make $ on steemit last week ,i wonder at this time and now I'm fit with steemit. Thank you all admin

bro ပိုစ့်တွေအရမ်းကောင်းပါတယ်

စာ​တွေ​ရေးရင်း ​ရေးရင်းနဲ့ စာ​ရေးတာဝါသနာပါလာတယ်​ 😄

ဟီးးစာရေးဆရာတွေဖြစ်လာကြပီ

ဟုတ် ဝါသနာထက် ဆရာတင်တို့ လို စာရေးဆရာတွေဆီမှာ ပညာယူခွင့်ရတော့ ပိုလို့ တောင် ဝမ်းသာမိတယ်

ဟုတ် ၀မ်းသာပါတယ်ဗျာ

ဝါသနာနဲ့အလုပ် ထပ်တူကျရင်တော့ အကောင်းဆုံးပါ...bro..
Love what you do or Do what you love.ပေါ့
ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ခွင့်မရသေးရင် ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်မြတ်နိုးစွာလုပ်သင့်ပါတယ်...

မှန်တာပေါ့ဗျာ

ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ရတာ အကောင်းဆုံးပါဘဲ

တကယ်လက်တွေ့ဘ၀မှာ တထပ်တည်းကျဖို့ကမလွယ်ပါဘူး

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 57941.45
ETH 2579.63
USDT 1.00
SBD 2.39