My Steemit Guide Writer
အလုပ်တခုကိုမလုပ်ခင်သေချာစဉ်းစားပါ။အချိန်ယူသင့်ရင်ယူပါ။ကိုယ့်ရဲ့ဆုံးဖြတ်ချက်သည် ဘဝအစိတ်အပိုင်းတခုထိ အကျိုးသက်ရောက်မှုရှိနိုင်လို့ပဲ။လုပ်မယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီးရင် နောက်ပြန်လှည့်မကြည့်သင့်တော့ဘူး။
ဘယ်လိုပဲအခက်အခဲတွေကြုံလာပါစေ အကောင်းဆုံးရင်ဆိုင်ဖို့ ခွန်အားမွေးထားပါ။
စိတ်ဓာတ်မကျပါနဲ့။ရှေ့သို့ ဦးတည်ချက်အတိုင်း
ဆက်လျှောက်လှမ်းပါ။
စမ်းသပ်မှုကတော့အချိန်တိုင်းနေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ရှိနေမှာပဲ။
ကျွန်တော်တို့တတွေ အားလုံးဟာ အစမ်းသပ်ခံတွေပါ။တယောက်နဲ့တယောက် စမ်းသပ်ခံရပုံချင်းမတူကြတာပဲရှိတယ်။
ဥပမာအနေနဲ့ပဲကြည့်ပါ။
ကျွန်တော်တို့ Steemit Platform မှာ Post တင်ပြီး Money ရှာနေကြတယ်။ ကိုယ်တင်လိုက်တဲ့Post ကို လာပြီး Vote ပေးမှ Money ရကြတာပါ။Post တင်ရုံနဲ့ Money တန်းမရပါဘူး။ တခါတလေကိုယ်တင်လိုက်တဲ့ Post က Zero မကွဲတာကြုံကြရတယ်။တခါတလေ 0.01/0.02 လောက်ရတာမျိုးနဲ့ကြုံရတာလဲရှိတယ်။အခုမှ စသုံးပြုတဲ့ new user အတော်များများကြုံကြရတဲ့အခြေနေပါ။
ပါဝါကြီးသောဆရာများကိုမရည်ရွယ်ပါ
အဲ့လိုအခြေနေမျိုးမှာ စိတ်ပျက်ပြီးPost တင်ချင်စိတ်မရှိတော့ဘူး။နောက်တခုက Post ကvote ပေးကြလို့. 1$/0.7 လောက်ရနေပြန်တော့ Crypto ဆိုသည့်အတိုင်း ဈေးကျနေတာနဲ့ကြုံကြရပြန်ရော...ဒီလိုပဲ အခက်အခဲကတော့ပေါင်းစုံရှိနေမှာပဲ။တမျိုးမဟုတ်တမျိုးနဲ့ကြုံတွေ့နေကြမှာပါ။
အဲ့လိုကြုံတွေ့လာတဲ့အခါ စိတ်ပျက်မသွားဖို.
စိတ်ဓာတ်မကျဖို့ကအရေးကြီးပါတယ်။ကောင်းတဲ့အချက်တွေလဲရှိနေတာဖြစ်လို့ အကောင်ဘက်ကတွေးပြီး ရှေ့သို့သာဆက်တိုးကြပါ။
ဘယ်လောက်ပဲရရ ဘယ်ဈေးပဲဖြစ်နေပါစေ။
Sp Power ကတော့တိုးလာနေမှာပါပဲ။တနေ့တခါPostတင်ရင် တနေ့တခါ SBD and SP ကတော့အနဲ နဲ့အများ Wallet ထဲ ဝင်နေမှာအသေချာပဲ...Steemit သုံးစွဲ ကြသူအများစု ဟာ SBD ကိုသာ ထုတ်ရောင်းကြတာအများစုဖြစ်လို့ Sp ထုတ်ရောင်းတာမရှိသလောက်ပါ။
ဒါကြောင့် SP က တနေ့ထက်တနေ့ တိုးလို့လာမှာပါ။SP ကိုထုတ်ရောင်းဖို့ဆိုတာ 7 day waiting. ရတာဖြစ်လို့ ထုတ်မရောင်းကြဘူးလို့တော့ထင်ပါတယ်။
Sp များလာရင် ကိုယ့်Post ကိုသာ Voting ပေးပြီး ငြိမ့်နေလို့ရပြီ။
တခြားသူလဲလာvote ပေးဖို့ မျှော်နေစရာမလိုတောု့ဘူးလေ။
ကျွန်တော်နဲ့အတူ လျှောက်လှမ်းနေကြတဲ့သူတွေအားလုံး
ရှေ့သို့ သာအောင်မြင်စွာနဲ့ ချီတက်ကြပါစို့။
ကျေးဇူးတင်ပါတယ်။
Thank you very much.
Credit, Steemit Photo
