ဟိုတယ်မန်နေဂျာက
စာရေးသူကတော့ ဒီနှစ် သင်္ကြန်မှာ ခရီးထွက်ဖို့ စီစဉ်ထားတယ်။အသက်အရွယ်လေး ရလာလို့လားမသိဘူး။ ရေမကစားဖြစ်တော့ဘူး။ သူများတွေ ရေကစားတာပဲ ထိုင်ကြည့်ဖြစ်တယ်။နောက်ပြီး သုံးနှစ်လောက် တရားစခန်း ဝင်လိုက်တော့ မဝင်ချင်တော့သလို ဖြစ်သွားတယ်။

တစ်နှစ်လုံး အလုပ်တွေနဲ့ လုံးပမ်းနေရတော့ စိတ်လက်အပမ်းပြေအောင်ဆိုပြီး မနှစ်က သင်္ကြန်ပိတ်ရက်တုန်းက ခရီးထွက်လိုက်တယ်။ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို သွားတာ။ ၁၀ ရက်လောက် နေပစ်လိုက်တယ်။ တောင်တက်တယ်၊ တောင်ခြေက စမ်းချောင်းကို camping ထွက်။ ချင်းခေါင်ရည်တွေ သောက်၊ ဒေသအစားအသောက်တွေစားနဲ့ လုံးဝကို စိတ်အပမ်းပြေသွားတာ။ စိတ်ထဲမှာလည်း လုံးဝကို ကျေနပ်သွားတယ်။ ဒီနှစ်က ငါးရက်လောက်ပဲပိတ်ရက်ရှိတာဆိုတော့ ခရီးအတွက် သေချာလေး စဉ်းစားဖြစ်တယ်။ဘယ်သွားရမလဲတော့ မသိသေးဘူး။ ဒီတစ်ခေါက်တော့ ကရင်ပြည်နယ်ဘက်ဖြစ်မလား၊ ပုဂံဘက် ဖြစ်မလား မသိသေးဘူး။ ပုဂံမှာတော့ မင်းသားဟိုတယ်ဆိုတာရှိတယ်။ တည်းခိုခန်းနဲ့ တွဲထားတာ။ တော်တော်သက်သာတယ်။ ဘယ်ရာသီဖြစ်ဖြစ် ဈေးမတက်ဘူးလို့လည်း ဟိုတယ်မန်နေဂျာက ပြောတယ်။ အဲဒီမှာ လေးငါးရက်လောက်သွားနေမလားလို့ စိတ်ကူးတယ်။ မနက်စာလည်း အဝကျွေးတာကိုး။ အခန်းက သန့်ရှင်းတဲ့အပြင် ရေချိုးခန်း၊ အိမ်သာလည်း တွဲရက်ဆိုတော့ တော်တော်လေး အဆင်ပြေတယ်။