မာကျောမှု

in #myanmar8 years ago

IMG_20180315_173932.jpg

သူမရှိရင် ဖြစ်တယ်ဆိုတာသိတယ်

ဒါပေမယ့် ကိုယ်က သူ့ကိုအလိုအပ်ဆုံးပါပဲ ။

သူကျောခိုင်းသွားမှန်းလည်းသိတယ်

အမှတ်မရှိတဲ့ ကိုယ်က

သူ့နောက်က အမြဲတမ်းလိုက်နေမိခဲ့ ။

ဘဝ ကိုက အဲ့ဒီလို

မညီညာတဲ့အပိုင်းအစတွေနဲ့ ရှင်သန်နေရတုန်း ။

အမောပြေ ရေတစ်ခွက်တိုက်မယ့်လူတောင်

မရှိတဲ့ အခြေအနေ ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ …

ဒီဝဲဂယက်ကြီးထဲမှာ

ဘယ်လောက်ပဲကြာကြာ အံတုရမှာပဲ ။

(ကိုယ်မှ မရုန်းထွက်နိုင်တာ) ။

ဖြစ်စေအုံးတော့ အကြောင်းတရားတွေ ။

ရှိစေအုံးတော့ ဘဝတွေ ။

လွယ်လွယ်နဲ့တော့

ကိုယ်က အရှုံးမပေးတတ်ဘူးနော် ။

တစ်နေ့ တစ်နေ့ အဲ့ဒီတစ်နေ့မှာ

ဘဝက ညီညာသောလမ်းတွေမှာလျှောက်

တတ်နေရမယ် ရှင်သန်နေရမယ် ။

ခွန်အားဆိုတာ ကိုယ်လျှော့လိုက်မှဖြစ်တာပါ

အခုချိန်ထိတော့ အားတင်းထားတုန်းပဲ ။

အိပ်မက်ဆိုတာ အိပ်ပျော်နေတဲ့

လူတစ်ယောက်အတွက်ပဲ အဆင်ပြေပါတယ်

ဒီလိုပါပဲ အဆင်မပြေတဲ့ ဘဝ တွေဟာလည်း

အသုံးမကျတဲ့ ကိုယ်လိုလူအတွက်ပဲ ကောင်းပါတယ် ။

ရွေးချယ်စရာ လမ်းမများချင်တော့ဘူး ။

အသုံးမကျတဲ့ အာရုံတွေကို

မခံစားချင်တော့ဘူး ။

ကိုယ်သာလျှင် ကိုယ့်ရဲ့ဘဝ ။

ကိုယ်သာလျှင် ကိုယ့်ရဲ့ သခင်ပါပဲ။

အဆင်မပြေဘူးလား ? အဆင်ပြေ

အောင်ကြိုးစားပါရစေ ။

ယုံကြည်ချက်တွေ အပြည့်အဝရှိတယ် ။

ခိုင်မာအောင် တည်ဆောက်ဖို့

လှပတဲ့မနက်ခင်းတွေ

ကျွန်တော် စောင့်မျှော်နေပါတယ်…

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်

written by @ konyinyitun

MSC no - လျှောက်ထားဆဲ

Sort:  

အ​ရေးအသား​တွေ​ကောင်းလာပါပြီရှင်​။

ကျေးဇူးပါ မမအိရေ အားပေးနေပါအုံးခင်ဗျ

အရန်းကောင်းပါတယ်

ကျေးဇူးပါဗျ

လှပတဲ့ မနက်ခင်းလေးတွေ အမြန်ရောက်လာပါစေဗျာ

မျှော်နေရပါတယ် ကိုကိုမိုးဟိန်းရေ

Good တယ်​ဗျာ အ​ရေးသား​တွေ

ကြိုးစားနေဆဲပါ ကိုအောင်ကြီးရေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60785.45
ETH 1557.47
USDT 1.00
SBD 0.47